အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အပင်၏ အမြစ်နဲ့ အရွက်တို့ရဲ့ လုပ်ငန်းဆောင်တာများ

အပင်၏ အမြစ်နဲ့ အရွက်တို့ရဲ့ လုပ်ငန်းဆောင်တာများ

Green Way
Green Way 08/05/2023

အပင်ရဲ့ အင်္ဂါအစိတ်အပိုင်းများကို အရွက်၊ အမြစ်၊ ပင်စည်ဟု ၃ မျိုးခွဲခြားထားပါတယ်။ ထိုအစိတ်အပိုင်းများသည် မည်ကဲ့သို့ လုပ်ငန်းဆောင်တာများ လုပ်ဆောင်သည်ကို ဖော်ပြပေးပါမည်။

အမြစ်

အစေ့အညှောင့်ပေါက်ရာတွင် အ မြစ်လောင်းသည် ပထမဦးစွာ ထွက်ပေါ်လာပြီး မြေထဲသို့ ဝင်သွားကြောင်းတွေ့ရသည်။ အမြစ်လောင်းသည် နောက်ဆုံး၌ ရေသောက်မြစ် ဖြစ်လာသည်။ ထို့ကြောင့်  ရေသောက်မြစ်ကို မူလမြစ်ဟူလည်းကောင်း  ဘေးမြစ်နှင့် မြစ်တက်များကို ထပ်ပွားမြစ်ဟူလည်းကောင်း ခေါ်ဆိုနိုင်သည်။

အမြစ်၏လုပ်ငန်းများမှာ အကျဥ်းချုပ်အားဖြင့် အောက်ပါအတိုင်း ဖြစ်သည်။

  • (၁) ရေစုပ်ယူခြ င်း
  • (၂) ဓာတ်ဆားစုပ်ယူခြင်း
  • (၃) ရိက္ခာပို့ခြင်း
  • (၄) တည်မြဲစေခြင်း
  • (၅) သိုလှောင်ခြ င်း

 

အရွက်

အရွက်သည် ယေဘုယျအားဖြင့် အစိမ်းရောင်ရှိပြီး ပါးလွှာပြားချပ်နေသည်။ အစိမ်းရောင်သည် ကလိုရိုဖီးရောင်ခြယ်ပစ္စည်းများဖြစ်၍ အလင်းဖြ င့် အစာချက်လုပ်နိုင်သည်။ အရွက်တစ်ရွက်တွင် အဓိက အစိတ်အပိုင်း(၃)ပိုင်းပါသည်။ ၎င်းတို့မှာ ရွက်ချပ် သို့မဟုတ် ရွက်ပြား ရွက်ညှာနှင့် ရွက်စွယ်တို့ ဖြစ်သည်။ ရွက်ချပ်သည် အရွက်၏ ပြန့်ကားနေသော အပိုင်းဖြစ်သည်။ အသားပါးပြီး အရောင်စိမ်းသည်။ အစာချက်လုပ်ရာအပိုင်းဖြစ်သည်။ ရွက်ကြောများပါသည်။ ရွက်ညှာသည် ပင်စည်နှင့် ရွက်ပြားအကြားရှိ ရိုးတံကို ရွက်ညှာဟုခေါ်သည်။ ရွက်စွယ်သည် ရွက်ညှာအရင်းပိုင်း၏ တစ်ဘက်တစ်ချက်၌ တွေ့ရသည်။

ပင်စည်ရဲ့ လုပ်ငန်းဆောင်တာများကို နောက်ရက်တွေမှာ ဖော်ပြပေးပါဦးမည်။

Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

You

ဆက်စပ်မေးခွန်းများ

စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ

Kyaw Gyi • ဖြေကြားချက် 1 ခု

စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ

ဝင်းဇော် • ဖြေကြားချက် 6 ခု

ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ

U Myint Naing • ဖြေကြားချက် 1 ခု

ဘာဆေးသုံးရင်ကောင်းမလည်း

အောင်သန်းဦး • ဖြေကြားချက် 1 ခု

အမေးကဏ္ဌတော့မဟုတ်ပါဘူးကျေးဇူးတင်ကြောင်းလေးပြောခြင်လို့ပါ..သိခြင်တာလေးတွေမေးပြီးပတ်တာအထွက်နုန်းသိသိသာသာတိုးလို့ပါ...မေးသမျှဖြေကြားပေးတဲ့စိုက်ပျိုးရေးအသိပညာရှင်များကိုကျေးဇူးအထူးတင်ပါတယ်ဗျာ....

သန်းထိုက်အောင် • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။