မွေးမြူရေးတိရစ္ဆာန်များ သဘာဝဘေးန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်

26/07/2019 17:00 PM တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မိုးရာသီသို့ ရောက်လာပြီဖြစ်ရာ မိုးဦးကာလတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မိုးကြုိးပစ်ခြင်းနှင့် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် မွေးမြူထားသော တိရစ္ဆာန်များအေပါ် ကျရောက်နိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာ ဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်ပါသည်။

() ရေဒီယို၊ ရုပ်မြင်သံကြားများနှင့် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြသည့် မိုးလေဝသသတိပေးချက်များကို ဂရုပြုနားထောင်ဖတ်ရှု့စောင့်ကြည့်ရန်။

() တိရစ္ဆာန်များအတွက် ဒေသတွင်းရရှိနိုင်သည့် ကောက်ရိုး၊ ပြောင်းရိုး၊ ပဲရိုးနှင့် ပဲမှော်အစရှိသည့် တိရစ္ဆာန်အစာနှင့် သောက်သုံးရေးများ လုံလောက်စွာ ကြိုတင်စုဆောင်းထားရန်။

() ရေကြီးရေလျှံ ဖြစ်ပေါ်လေ့ရှိသောဒေသများ၌ တိရစ္ဆာန်များကို ရေဘေးအန္တရာယ်မျ ကင်းလွတ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်။

() ရေဘေးအန္တရာယ် ကျရောက်သည်မှလွဲ၍ အခြားသဘာဝဘေးအန္တရာယ်များမှ ကာကွယ်ရန်တိရစ္ဆာန်များကို အကာကွယ်ရှိသော ခြံများအတွင်း စနစ်တကျ မွေးမြူထားရှိရန်။

() ရေဘေးအန္တရာယ် ကျရောက်လာပါက တိရစ္ဆာန်များကို ရေလွတ်သောနေရာများသို့ အလျင်အမြန် ပြောင်းရွှေ့နေရာချထားရန်အတွက် ကြိုတင်စီမံထားရန်။

() သိုလှောင်ထားသော တိရစ္တာန်အစာများကို ရေဘေးကင်းလွတ်ရာသို့ အချိန်မီပြောင်းရွေ့နိုင်ရေးကြိုတင်စီမံထားရန်။

() ရေဘေးအန္တရာယ်ကျရောက်ချိန်၌ ရေပြန်ကျချိန်တွင် ကူးစက်ရောဂါများဖြစ်ပွားတတ်သဖြင့် တိရစ္ဆာန်များကို ဦးစီးဌာနက သတ်မှတ်ထားသည့်အတိုင်း တိရစ္ဆာန်ရောဂါကာကွယ်ဆေးများ ကြိုတင်ထိုးနှံထားရန်။

() တိရစ္ဆာန်များ ကူးစက်ရောဂါ၊ သာမန်ရောဂါနှင့် ထိခိုက်ဒဏ်ရာများရရှိပါက ဆေးကုသမှုအမြန်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ ဆက်သွယ်ရန်။

() တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ထူးခြားဖြစ်စဉ်များရှိပါက သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ထံသို့ ဆက်သွယ်အကြောင်းကြားပူးပေါင်းဆောင်ရွက်ရန်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

စိုက်ပျိုးရေး၊ မွေးမြူရေး၊ နှင့် ဆည်မြောင်းဝန်ကြီးဌာန 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်