ရိတ်သိမ်းချိန်တွင်အသုံးပြုသော စက်ကိရိယာများ

29/09/2023 13:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ရိတ်သိမ်းချိန်တွင်အသုံးပြုသော စက်ကိရိယာများမှာ

(က) လက်တွန်းထွန်စက်ရှေ့တွင် ဓားသွားတပ်ဆင်အသုံးပြုသောစက်

(ခ) အင်ဂျင်ဖြင့် မောင်းနှင်သောခြွေလှေ့စက်

(ဂ) ရိတ်သိမ်း-ခြွေလှေ့စက် စသည်တို့ဖြစ်ပါသည်။

(က) လက်တွန်းထွန်စက်ရှေ့တွင် ဓားသွားတပ်ဆင်အသုံးပြုသောစက် (Reaper)

ရှေ့တွင် ဓားသွား တပ်ဆင်ထားသော လက်တွန်းထွန်စက် အမျိုးအစားမှာ လက်တွန်းထွန်စက်ရှေ့တွင် ကတ်ကြေးဓားသွားကို တပ်ဆင်ထားပြီး အင်ဂျင်မှ လည်ပတ်နှုန်းကို ပတ္တားကြိုးဖြင့် ဆက်သွယ်၍ ကတ်ကြေးသွားကို လှုပ်ရှားစေသည်။ ဤစက်ဖြင့် ရိတ်သိမ်းပါကရိတ်သိမ်းပြီးသီးနှံများကို ဘေးတွင်စုပုံထားခဲ့သောကြောင့် ပြန်လည်၍ သိမ်းယူရခြင်းသည် အားနည်းချက်ဖြစ်သည်။

လက်တွန်းထွန်စက်တွင် ဓားသွားတပ်ဆင်အသုံးပြုသောစက်

(ခ) အင်ဂျင်ဖြင့်မောင်းနှင်သော ခြွေလှေ့စက်( Thresher )

အင်ဂျင်ဖြင့် မောင်းနှင်သော ခြွေလှေ့စက်ကို ရိတ်သိမ်းပြီး သီးနှံများကို ခြွေလှေ့ရာ၌အသုံးပြုသည်။ သီးနှံအမျိုးအစားပေါ်မူတည်၍ ခြွေစင်ကို ပြောင်းလဲအသုံးပြုနိုင်သည်။

ခြွေလှ့စက်၏ ကောက်ပန်းပေါ်တွင် တင်ထားသော ကောက်ပင်များကို လည်ပတ်နေသော စက်၏ဒရမ် (စပါးခြွေ ဆူးလုံး) ထဲသို့ ထည့်ပေးရသည်။ ဒရမ်သည် ကောက်ပင်များကိုဆွဲယူသွားပြီးနောက် ခြွေခြင်း ၊ စကာဖြင့်ချခြင်း၊ လေဖြင့်မှုတ်၍ သန့်စင်ခြင်းကို လုပ်ပေးသည်။ ကောက်ပင်ကို စက်ထဲသို့ထည့်ရန် လုပ်သားတစ်ဦးနှင့် ကောက်ပင်သယ်ရန်လုပ်သားတစ်ဦး လိုအပ်သည်။ စက်ဖြင့်ခြွေလှေသည့်အခါ ကောက်ပင်တိုပါက ပိုမိုသင့်တော်ပါသည်။ ခြွေလှေ့စက်များကို လက်တွန်းထွန်စက်၏ အင်ဂျင်နှင့်သော်လည်းကောင်း၊ ထွန်စက်မှလည်အားကို အသုံးပြု၍ သော်လည်းကောင်း၊ သီးခြားအင်ဂျင်နှင့်သော်လည်းကောင်း အသုံးပြုကြသည်။

သီးခြားအင်ဂျင်တပ်ဆင်အသုံးပြုပုံ ထွန်စက်နှင့် တွဲဖက်အသုံးပြုပုံ

(ဂ) ရိတ်သိမ်း-ခြွေလှေ့စက်( Combine harvester)

စပါးရိတ်သိမ်းခြွေလှေ့စက်သည် လယ်ကွက်ထဲမှစပါးကို ရိတ်ခြင်း၊ ခြွေခြင်းနှင့် သန့်စင်ခြင်း လုပ်ငန်း(၃)မျိုးကို တစ်ကြိမ်တည်း ဆောင်ရွက်နိုင်ပါသည်။ ထို့အပြင် ကောက်ရိုးများကို လယ်ကွင်းအတွင်းသို့ တိုက်ရိုက်ဖြန့်ချပေးသဖြင့် ကောက်ရိုးအား သဘာ၀မြေဩဇာအဖြစ် သုံးစွဲနိုင်ပါသည်။ ထို့ကြောင့်စက်ကိုအသုံးပြုသော စွမ်းအားမှာ ပိုမိုများပြားသည်။ ရိတ်သိမ်းခြွေလှေ့စက်ကို အသုံးပြုခြင်းအားဖြင့် အချိန်ကုန်သက်သာခြင်း၊ အလေအလွင့်နည်းပါးခြင်း၊ လုပ်ငန်းပြီးစီးမှု မြန်ဆန်ခြင်းစသော အကျိုးကျေးဇူးများ ရရှိပါသည်။

Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်