လယ်ယာမြေကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ခြင်း

24/07/2020 12:30 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    သီးနှံစိုက်ပျိုးရန် မြေနေရာရွေးချယ်သည်မှ စိုက်ပျိုး၊ ပြုစု၊ ရိတ်သိမ်း၊ ချွေလှေ့၊ ကုန်ချော ထုတ်လုပ်၊ ရောင်းချသည်အထိ လုပ်ငန်းအဆင့်ဆင့်တိုင်းတွင် GAP နည်းစနစ်ကိုကျင့်သုံးရန် လိုအပ်သည်ကို စိုက်ပျိုးသူတောင်သူလယ်သမားကြီးများ သိပြီးဖြစ်ပါမည်။

    လယ်ယာမြေများသည် သီးနှံစိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေးအတွက် အရေးပါသော အရင်းအမြစ်များဖြစ်သည်။ လယ်ယာမြေကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် GAP (စိုက်ပျိုးရေးအလေ့အကျင့်ကောင်း)များကို လိုက်နာကျင့်သုံးရာတွင် အရေးပါသောအချက်လို့ ပြောလိုပါသည်။

    မည်သည့်သီးနှံကို စိုက်ပျိုးသည်ဖြစ်စေ အရေးကြီးသောနည်းစနစ်ဖြစ်သဖြင့် စိုက်ပျိုးမည့်မြေယာနှင့် ပါတ်သက်သည့် ပြုပြင်ထိန်းသိမ်းဆောင်ရွက်သင့်သော နည်းစနစ်အချို့ကို ဖေါ်ပြလိုပါသည်။

• သီးနှံစိုက်ပျိုးရာတွင် မြေယာအနိမ့်အမြင့်အလိုက် မြေဆီလွှာတိုက်စားမှုကို ကာကွယ်သည့် ထွန်ယက်နည်းစနစ်များဖြင့် မြေယာကို ပြုပြင်စိုက်ပျိုးပါ။ တောင်ကုန်းတောင်စောင်းများတွင် ကွန်တိုစနစ်၊ ကုန်းစောင်း ပေါင်ရှည်စနစ်တို့ဖြင့် စိုက်ပျိုးရန်ဖြစ်ပါသည်။

• စီးပွားရေးအလို့ငှါ စိုက်ပျိုးခြင်းမပြုသည့် အချိန်များတွင် မြေဆီလွှာတိုက်စားခြင်း၊ မြေငွေ့ပြန်ခြင်းတို့လျော့နည်းစေရန် မြေဖုံးပင်တစ်မျိုးမျိုးကို စိုက်ပျိုးထားပါ။

• သီးနှံအလှည့်ကျစိုက်နည်းစနစ်ကို ကျင့်သုံးဆောင်ရွက်ပါ။ ပဲမျိုးစုံသီးနှံတစ်မျိုးမျိုးပါဝင်သော သီးနှံနှစ်မျိုး (သို့မဟုတ်) ထိုထက်ပိုသော သီးနှံအမျိုးအစားများကို လယ်မြေ ယာမြေတစ်ခုပေါ်တွင် အစီအစဉ်တကျ တစ်ခုပြီးတစ်ခု အလှည့်ကျ နှစ်နှစ်တစ်ကြိမ်၊ သုံးနှစ်တစ်ကြိမ်-စသည်ဖြင့် သတ်မှတ်နှစ်အလိုက် စိုက်သောစနစ်ကို ကျင့်သုံးဆောင်ရွက်ရန် ဖြစ်ပါသည်။ သီးနှံအလှည့်ကျစိုက်ခြင်း၊ သီးနှံတစ်မျိုးပြီးတစ်မျိုး သီးနှံပုံစံတကျ ဆက်တိုက်စိုက်ပေးခြင်းဖြင့် ပေါင်းပင်များ၊ ရောဂါပိုးမွှားများကို ကောင်းစွာကာကွယ်နိုင်ပြီး မြေဆီသြဇာကိုလည်း ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ပါသည်။

• စိုက်ခင်းအတွင်းနှင့် စိုက်ခင်းပတ်လည်တွင် ရေဝပ်ခြင်းကိုတားဆီးရန် ဆောင်ရွက်ထားပါ။

• စိုက်ခင်းမြေကို မစိုက်ပျိုးမီ (သို့မဟုတ်) မြေမပြုပြင်မီတွင် မြေနမူနာများရယူ၍ မြေဆီလွှာ ဓာတ်ခွဲစစ်ဆေးပါ။ သို့မှသာ မြေတွင် ဓာတုပစ္စည်းများပါဝင်မှု၊ မြေ၏ ရုပ်ဝတ္ထု တည်ဆောက်မှု၊ ဇီဝသက်ရှိများပါဝင်မှု၊ အော်ဂဲနစ်ပစ္စည်းပါဝင်မှုနှင့် မြေအချဉ်အငန်ဓာတ် တို့ကို သိရှိနိုင်မည်ဖြစ်ပါသည်။

• လယ်ယာမြေစိုက်ခင်းအတွင်း သဘာဝအော်ဂဲနစ်မြေသြဇာများနှင့် သီးနှံအလိုက်လိုအပ်သည့် ဓာတ်မြေသြဇာများကို စနစ်တကျ အမျိုးအစားအလိုက် အချိုးအစား၊ ထည့်သွင်းချိန်နှင့် ထည်းသွင်းနည်းစနစ် မှန်ကန်စွာထည့်သွင်းပေးပါ။

• သီးနှံစိုက်ပျိုးရာတွင် သီးနှံအလိုက်၊ ဒေသအလိုက် အတန်း၊ အပင်အကွာအဝေး၊ မျိုးစေ့နှုန်းထား မှန်ကန်စွာထားရှိစိုက်ပျိုးပါ။

အထက်ပါအချက်များသည် မည်သည့်သီးနှံကို စိုက်ပျိုးသည်ဖြစ်စေ လယ်ယာမြေတွင် လိုက်နာဆောင်ရွက်သင့်သော အချက်များဖြစ်ပါသည်။

ဆင်းသီဟ

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။)


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်