ငါး၊ ကြက်၊ ဘဲ၊ ဝက် တို့အတွက် မွေးမြူရေးဇုန်များ အကောင်အထည်ဖော်ပေးသင့်ဟုဆို

30/12/2019 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

နိုင်ငံ‌တော်အနေဖြင့် ငါးနှင့် ကြက်၊ ဘဲ၊ ဝက် တွဲဖက်‌‌မွေးမြူခြင်းကိစ္စရပ်ကို ဖြေရှင်းနိုင်ရန်အတွက် မွေးမြူရေးနှင့် ရေလုပ်ငန်းတို့အတွက် သီးသန့်ဇုန်များ အကောင်အထည်ဖော်ပေးသင့်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။ 

နိုင်ငံတော်အစိုးရအနေဖြင့် ငါးနှင့် ကြက်၊ ဘဲ၊ ဝက် တွဲဖက်မွေးမြူခြင်းကြောင့် ရရှိလာသောငါးများတွင် ဆေးယဉ်ပါးရောဂါရှိမရှိ စစ်ဆေးမည့် အဖွဲ့စည်းတစ်ခု ဖွဲ့စည်းရမည်ဖြစ်ပြီး ယင်းမွေးမြူရေးစနစ်နှင့် ပတ်သက်၍လည်း သုတေသနပြုလုပ်ပေးရမည်ဖြစ်ကြောင်း သိရသည်။ 

"ဒါကို နိုင်ငံတော် အစိုးရအနေနဲ့ စဉ်းစားပေးရမယ်။ သူများနိုင်ငံမှာ မကျင့်သုံးတဲ့စနစ်ကို မြန်မာနိုင်ငံမှာ ဘာလို့ကျင့်သုံးခွင့်ပြုတာလဲ။ ကျင့်သုံးခွင့်ပေးတဲ့သူမှာရော တာဝန်မရှိဘူးလား။ ဘာကြောင့် ခွင့်ပြုသလဲ။ သူတို့ကတော့ ကြက်မွေးမြူမဲ့ မြေနေရာမရလို့ပြော တယ်။ အဲ့ဒါဆိုရင် ဇုန်တွေပေးပါ။ ကြက်ဆို ကြက်မွေးတဲ့ဇုန်တစ်ခု ထောင်ပေးလိုက်ပါ။ ဒါဆိုရင် ကြက်ကို သီးသန့်မွေးမယ်။ ငါးကိုလည်း သီးသန့်မွေးမြူတဲ့စနစ်ကို အစိုးရကနေ ဖော်ဆောင်ပေးလိုက်ရင် ဒီပြဿနာကို အကုန်လုံးဖြေရှင်းပြီးသား ဖြစ်သွားမယ်လို့ မျှော်လင့်ပါတယ်။ " ဟု ‌မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အကြီးတန်းဒုဥက္ကဌ ဒေါက်တာတိုးနန္ဒာတင်ကပြောသည်။ 

ငါးကန်တွင် ကြက်၊ ဘဲ၊ ဝက် အစည်ရှိသည့် တိရစ္ဆာန်များ တွဲဖက်မွေးမြူခြင်းသည် နိုင်ငံတကာကျင့်စဉ်နှင့် ညီညွတ်ခြင်းမရှိသဖြင့် ကမ္ဘာ့တိရစ္ဆာကျန်းမာရေး အဖွဲ့ (OIE)၊ International Atomic Energy Agency (IAEA) တို့မှလည်း ယင်းစနစ်အပေါ် ကန့်ကွက်မှုများရှိကြောင်း သိရသည်။

၂၀၁၀ ခုနှစ်မှ စတင်၍ တရုတ်နိုင်ငံတွင် ငါးနှင့် ကြက်၊ ဘဲ၊ ဝက် စသည်တို့ တွဲဖက်မွေးမြူခြင်းမပြုရန်အတွက် အမိန့်စာထုတ်ပြန်၍ တားမြစ်ခဲ့ခြင်းဖြစ်သည်။ 

အေးအေးမြင့်(ABM)

 


Farm Link Co.,Ltd ကြော်ငြာ
County 24 SC ( ကောင်တီ ၂၄ အက်စ်စီ) Active Ingredient : Chlofenapyr 24% သီးနှံခင်းများရှိ လှေး ၊ ငမြောင်တောင်၊ သီးလုံးဖောက် ၊ စိန်ကွက်ဖလံ ၊ ရွက်ထွင်း ၊ မွှားပင့်ကူကဲ့သို့ ပိုးများစွာကို နှိမ်နင်းနိုင်သည်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်