ပုစွန်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်‌ရေးဆိုင်ရာစီမံကိန်း ဆောင်ရွက်မည်

29/10/2019 15:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရန်ကုန်၊ အောက်တိုဘာ ၂၄

   ထိုင်းနိုင်ငံ၏ ‌ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာတစ်သန်းခန့်ဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရေချမ်းပြင် ပုစွန်သား ပေါက်စခန်းတွင် ပုစွန်မွေးမြူ ရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာစီမံကိန်းဆောင်ရွက်မည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ 

   အဆိုပါစီမံကိန်းကို ၂၀၂၀ မှ ၂၀၂၃ ခုနှစ်အထိ ဆောင်ရွက်မည်ဖြစ်ပြီး ရေချမ်းပြင် ပုစွန်သားပေါက်စခန်းတွင် ခေတ်မီသည့် အဆောက်အဦအသစ်များ ပြန်လည်တည်ဆောက်ခြင်း၊ ပုစွန်မွေးမြူ ရေးနှင့်ပတ်သက်သည့် အချက်အလက်များကို ထိုင်းနိုင်ငံမှပညာရှင်များဖြင့် နည်းပညာအထောက်အပံ့များ ပေးအပ်သွားမည်ဖြစ်‌ကြောင်း သိရသည်။

   “အမှန်တစ်ကယ်‌တော့ ဒီဘဏ္ဍာနှစ်ကတည်းကစရမှာ။ ထိုင်းထောက်ပံ့ငွေက နောက်ကျနေတဲ့အတွက် မစနိုင်တာဖြစ်တယ်။ ရေချမ်းပြင်စခန်းမှာ အဆောက်အဦတွေက ဆွေးမြည့်ပြီးပျက်စီးနေပြီ။ အဲဒါတွေကို အကုန်လုံး ပိုပြီးခေတ်မီတဲ့အဆောက်အဦတွေ ပြန်ဆောက်ပေးမယ်။ သင်တန်းတွေပေးမယ်။ ထိုင်းနည်းပညာနဲ့ ဒီကပညာရှင် တွေပူးပေါင်ပြီး နည်းပညာအထောက်အပံ့ပေးမယ်။ ဒေသကသူတွေကို ဘယ်လိုမွေးရတယ်ဆိုတာတွေကို သင်တန်းတွေပေးမယ်။ ရခိုင်ပြည်နယ်မှာ ပုစွန်ကန်တွေက များတယ်။” ဟု  ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ‌ပြောသည်။

   ရခိုင်ပြည်နယ်တွင် ပုစွန်သားဖောက်မွေးမြူသည့် ပုစွန်မွေးမြူ ရေးကန်များခြင်း‌ကြောင့် မျိုးကောင်းမျိုးသန့်  ပုစွန်သားပေါက်များ တိုးတက်ထုတ်လုပ်နိုင်ရန် ထိုင်းနိုင်ငံမှ ငါးလုပ်ငန်းဆိုင်ရာဌာနနှင့် မြန်မာနိုင်ငံမှ ငါးလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ ထိုင်းနိုင်ငံမှ Thailand International Corporation Agency ထောက်ပံ့ငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

   ထိုင်းနိုင်ငံ၏ ‌ထောက်ပံ့ငွေအပြင် မြန်မာနိုင်ငံဘက်မှလည်း ကျပ်သန်း ၁၆၀ ခန့်အသုံးပြု ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းဒေသရှိ ပုဂ္ဂလိကကဏ္ဍမှ ပုစွန်မွေးမြူ ရေးလုပ်ငန်းရှင်များကိုလည်း ထိုင်းနိုင်ငံ၏နည်းပညာဖြင့် သင်တန်းများ ပို့ချပေးသွားမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

   မြန်မာနိုင်ငံအတွင်းရှိ ပုစွန်သားပေါက် မွေးမြူထုတ်လုပ်သည့်လုပ်ငန်းများသည် အမည်မသိရောဂါကျရောက်ကာ ပုစွန်သားပေါက်ထုတ်လုပ်မှု မအောင်မြင်ခြင်း‌ကြောင့် အဆိုပါစီမံကိန်းသည် ပြည်တွင်းပုစွန်သားပေါက် မွေးမြူထုတ်လုပ်မှုကို အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။ 

အေးအေးမြင့်(ABM)

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်