စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာစီမံခန့်ခွဲခြင်း

16/09/2020 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး PC Myanmar PC Myanmar မှ ပေးပို့ထားပါသည်။

"စိုက်ပျိုးပညာမျှဝေရာ" အစီအစဉ်မှ ကြိုဆိုပါတယ်ရှင်။

မကွေး၊ မင်းလှ နှင့် မြို့သစ်ဒေသများတွင် စိုက်ပျိုးရေးနှင့် ကျန်းမာရေးကဏ္ဍမြှင့်တင်ဖို့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စီမံကိန်းအတွက် ENI ဖောင်ဒေးရှင်း၏ကူညီထောက်ပံ့ပေးမှုဖြင့် PC Myanmar မှ ထုတ်လွှင့်ပေးတာဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ "စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာစီမံခန့်ခွဲခြင်း" ခေါင်းစဉ်ဖြင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနအရာရှိ ဒေါက်တာပေါင်ရှင်းခမ်း မှ ဆွေးနွေးပေးသွားပါတယ်။

သီးနှံများစိုက်ပျိုးထုတ်လုပ်ရာမှာ စိုက်ပျိုးထုတ်လုပ်တဲ့ရည်ရွယ်ချက်ပေါ်မူတည်ပြီး ဘယ်လိုစီမံခန့်ခွဲသင့်ကြောင်း စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်ရာတွင် ငွေကြေးစီမံခန့်ခွဲမှုပေါ် ဘယ်လိုတွေမှတ်ယူတွက်ချက် သင့်ကြောင်းများ အစရှိသည်တို့ကို ဆရာကြီးမှ ဆွေးနွေးချက်ကောင်းများဖြင့် ဆွေးနွေးပေးသွားသည့်အတွက် တောင်သူဦးကြီးတို့ လေ့လာနိုင်စေရန် မျှဝေပေးလိုက်ရပါတယ်။

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်