အိမ်နှင့်ကျောင်းဥယျာဉ်ခြံတည်ထောင်နည်း အပိုင်း(၅)

06/11/2020 20:45 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အိမ်နှင့်ကျောင်းဥယျာဉ်ခြံတည်ထောင်ခြင်းနည်းပညာများအရ ဥယျာဉ်ခြံသီးနှံပင်များကိုစိုက်ပျိုးသူများအနေဖြင့် နည်းစနစ်ကျတဲ့စိုက်နည်းစနစ်များကိုအသုံးချနိုင်ပြီး စိုက်ပျိုးမြေကောင်းကောင်းမှာ ပိုးမွှားရောဂါကင်းတဲ့ သီးနှံပင်များကိုစိုက်ပျိုးရောင်းချနိုင်ပြီး စားသုံးသူများအနေဖြင့်လည်း ပိုးသတ်ဆေးအန္တရာယ်ကင်းပြီး ဘေးကင်းစိတ်ချရတဲ့သီးနှံများကိုရရှိပြီး အချိန်တိုအတွင်းထိရောက်တဲ့အကျိုးကျေးဇူးများကိုရရှိနိုင်မှာပဲဖြစ်ပါတယ်။

ရှေ့အပတ်များတွင် "အိမ်နှင့်ကျောင်းဥယျာဉ်ခြံတည်ထောင်နည်း" များကိုအပိုင်း (၄)အထိခွဲ၍ စိုက်ပျိုးဗဟုသုတ ကဏ္ဍ တွင်လေ့လာနိုင်ပါသည်။

ဒီတစ်ပတ်တွင် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းများအကြောင်းကို ပြောပြသွားချင်ပါတယ်ရှင်။

သီးနှံသစ်တောရောနှော ကျောင်းဥယျာဉ်ခြံပုံစံစိုက်ပျိုးခြင်းနှင့် မြေဆီထိန်းနည်းများ

သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်း

သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းဆိုသည်မှာ မိမိတို့လယ်ယာ(သို့)ဥယျာဉ်ခြံမြေတွင် သစ်တော သစ်ပင်များကို စားသုံးသီးနှံများနှင့်ဖြစ်စေ အိမ်မွေးတိရစ္ဆာန်များနှင့်ဖြစ်စေ မွေးမြူရောနှောစိုက်ပျိုးခြင်းကို ခေါ်ဆိုသည်။

ဤစနစ်ကို ဒေသခံပြည့်သူအစုအဖွဲ့ပိုင် သစ်တောများတွင်ကျင့်သုံးခြင်းဖြင့် စားသုံးသီးနှံနှင့် တိရစ္ဆာန်များမှ နှစ်ချင်းဝင်ငွေကို ရရှိစေပြီး သစ်တောသစ်ပင်များမှ နှစ်ရှည်ဝင်ငွေကို စုဆောင်းရရှိစေမည်ဖြစ်ပါသည်။

သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းကြောင့် တောင်သူလယ်သမားများ၏-

(၁) စုစုပေါင်း ဝင်ငွေတိုးတက်စေပါသည်။

(၂) ရေရှည်အထွက်နှုန်းကောင်းမွန်စေပါသည်။

(၃) အလွယ်တကူ လက်ခံကျင့်သုံးနိုင်ပါသည်။

သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းကြောင့်

(၁) သစ်ပင်၏အမြစ်များက လေထဲမှ နိုက်ထရိုဂျင်ဓာတ်ကိုစုပ်ယူ၍ မြေကြီးအတွင်းသို့ သီးနှံများစားသုံးနိုင်သော အာဟာရများအဖြစ် ပြောင်းလဲပို့ပေးပါသည်။

(၂) သစ်ပင်၏အမြစ်များသည် သီးနှံပင်၏ အမြစ်များထက် ပိုမိုရှည်လျားသောကြောင့် သီးနှံပင်များမစုပ်ယူနိုင်သောအစားအစာများကို သစ်ပင်များ၏အမြစ်များက စုပ်ယူ၍ အရွက်၊ အပွင့်၊ အကိုင်း၊ အခေါက်၊ ကိုင်းများခြောက်သွေ့ကြွေကျသောအခါ သဘာဝမြေဆွေးအဖြစ် စားသုံးနိုင်သည်။

(၃) သစ်ပင်များကို ကိုင်းချိုင်ရာမှ ထင်း၊ တိုင်၊ မျောများရရှိနိုင်ပါသည်။

(၄) သစ်ရွက်များကို တိရစ္ဆာန်များက စားသုံးနိုင်ပါသည်။

(၅) မြေတိုက်စားမှုကို ကာကွယ်ပေးပါသည်။

(၆) မြေအစိုဓာတ်ကို ထိန်းထားပေးပါသည်။

(၇) ရာသီဥတုကို မျှတစေပါသည်။

(၈) သစ်ပျော့နွယ်ဝင်သီးနှံပင်များအတွက် အထောက်အကူပြုပါသည်။

(၉) ပူပြင်းခြောက်သွေ့သောရာသီတွင် လူနှင့်တိရစ္ဆာန်များအတွက် အေးမြသောအရိပ်ကိုရရှိစေပါသည်။

(၁၀) သဘာဝဘေးဒဏ်ကြောင့် သီးနှံများပျက်စီးခဲ့ပါက သစ်ပင်များမှ အစားထိုးဝင်ငွေကို ရရှိစေပါသည်။

သစ်တောစိုက်ပျိုးနည်းများမှာ

(၁) ယာစည်းရိုး၊ ခြံစည်းရိုးများတွင် စိုက်ပျိုးခြင်း

(၂) သီးနှံတစ်တန်း၊ သစ်ပင်တစ်တန်း (တန်းကျော်) စိုက်ပျိုးခြင်း

(၃) တန်းစုကျော်စိုက်ပျိုးခြင်း

(၄) ကျပန်းဧရာစိုက်ပျိုးခြင်း

နည်းပညာများကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခ (ငြိမ်း) ဒေါ်မြမြ၏ အိမ်နှင့်ကျောင်းဥယျာဉ်ခြံတည်ထောင်ခြင်း နည်းပညာလက်စွဲ စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်