ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ

07/09/2018 15:19 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(၃.၉.၂၀၁၈ မှ ၇.၉.၂၀၁၈)ထိ

ဆန်၊ စပါး

 ဆန်စပါးကုန်စည်ဒိုင်အသင်းကနေ ဆန်ဈေးတက်နေရခြင်းမှာ ကုန်သည်များရဲ့ ဈေးကစားခြင်းကြောင့်ဖြစ်ပြီး ဆန်ကို ပြောင်းလဲ စားသုံးခိုင်းတဲ့ အပတ်ကနေစပြီး ဈေးကအတက်ဈေးနဲ့ပဲ ပြန်ငြိမ်သွားပါတယ်။ အချို့ နယ်ကုန်စည်ဒိုင်တွေမှာလည်း မိုးစပါးအသစ်တွေ ဝင်ရောက်လာတဲ့အတွက်ကြောင့် ပုသိမ်ကုန်စည်ဒိုင်မှာတော့ စပါးဈေးငြိမ်နေပေမယ့် ဆန်ဈေးအနည်းငယ်ကျဆင်းသွားပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ တစ်ပတ်လုံး ဆန်အဝင်ပုံမှန်ရှိပြီးအရောင်းအဝယ်ကလည်းကောင်းနေပါတယ်။

ရန်ကုန်ဈေးကွက်မှာ ဆက်တိုက်ကိုတက်သွားတဲ့ ဆန်ချောဈေးက ငြိမ်နေပေမယ့် ဆန်ကြမ်းဖြစ်တဲ့ မြီးဒုံးဆန်နဲ့ ဧည့်မထဆန်ကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ်တက်လာခဲ့ပါတယ်။ မြီးဒုံးဆန်က ဒီတစ်ပတ်မှာ တစ်အိတ်ကို ၅၀၀ ကျပ်ဈေးတက်လာပြီး ဒီတစ်ပတ်ပေါက်ဈေးက ၄၀၅၀၀ ကနေ ၄၂၅၀၀ ရှိပါတယ်။ ဆန်ကြမ်းပေမယ့် ဆန်ချောဈေးနဲ့သိပ်မကွာတော့တာကိုလည်း တွေ့ရပါတယ်။ ဧည့်မထ ၂၅ မှတ်တန် ဆန်ကတော့ တစ်အိတ်ကို ၂၁၈၀၀ ကနေ ၂၂၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ လောက်ဈေးတက်လာခဲ့ပါတယ်။

ပုသိမ်ဈေးကွက်မှာတော့ ပြီးခဲ့တဲ့အပတ်က ဈေးအတိုင်း ဧရာဝတီပေါ်ဆန် စပါးကတော့ တင်း ၁၀၀ ကို ၁၂၄၅၀၀၀ ၊ပေါ်ဆန်းရင်စပါးက တင်း ၁၀၀ ကို ၁၁၄၀၀၀၀ ၊ ဖျာပုံပေါ်ဆန်းက တင်း ၁၀၀ ကို ၁၁၅၀၀၀၀  နဲ့ဈေးငြိမ်နေပါတယ်။စပါးဈေးငြိမ်ပေမယ့် ဧရာဝတီပေါ်ဆန်း ဆန်ကတော့ တစ်တင်းခွဲ တစ်အိတ်ကို ၄၉၀၀၀ နဲ့ ၁၀၀၀ ကျပ်၊ပေါ်ဆန်းရင် ဆန်ကတော့ တစ်တင်းခွဲ တစ်အိတ်ကို ၄၇၀၀၀ နဲ့ ၂၀၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားခဲ့ပါတယ်။

မတ်ပဲ (FAQ/RC)

နိုင်ငံခြားငွေလဲလှယ်နှုန်းမြင့်တက်လာတဲ့အတွက် ဈေးပြန်တက်လာခဲ့တဲ့ မတ်ပဲက ဒီတစ်ပတ်မှာတော့ အတက်အကျအနည်းငယ်နဲ့ ဈေးငြိမ်နေခဲ့ပါတယ်။ ငွေဈေးနှုန်းက ဆက်တက်နေပေမယ့် အနိမ့်ဈေးနဲ့ဝယ်တဲ့အတွက်ကြောင့် ထင်သလောက် မတက်ပေမယ့် အများကြီးတော့ ဈေးကျဆင်းမသွားခဲ့ပါဘူး။ ပြည်တွင်းမှာတော့ ပုံမှန်အရောင်းအဝယ် ရှိနေပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ဒီတစ်ပတ်မှာလည်း ပြီးခဲ့တဲ့အပတ်က ဈေးအတိုင်း တစ်တန်ကို ၄၅၀၀၀၀ ပတ်လည် နဲ့ဈေးငြိမ်နေခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်နဲ့နေပြည်တော်ကုန်စည်ဒိုင်တို့မှာလည်း ဒီတစ်ပတ်တစ်တင်းကို ၁၃၃၀၀ ကနေ ၁၄၀၀၀ ကြား ရှိပြီး ဈေးငြိမ်နေခဲ့ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၄၅၀၀ ကျပ်နဲ့  နဲ့ ၅၀၀ ကျပ်လောက် ဈေးတက်လာခဲ့ပါတယ်။မန္တလေးကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၃၀၀၀ ကနေ ၁၅၀၀၀ ကြား အရောင်းအဝယ်ရှိပြီး ရာဂဏန်းလောက် သာအပြောင်းအလဲ ရှိပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကလည်း မတ်ပဲနည်းတူပါပဲ။ ငွေဈေးအပြောင်းအလဲကြောင့်သာ အတက်ဈေးရှိခဲ့ပေမယ့် ရန်ကုန်ဈေးကွက်မှာ ရက်ခြားသာ ဈေးဖွင့်တဲ့အခြေအနေလည်း ဖြစ်ပါတယ်။ နယ်ကုန်စည်ဒိုင်အချို့မှာတော့ ဈေးတက်နေပေမယ့် ရန်ကုန်ဈေးကွက်မှာတော့ နေ့စဉ်အရောင်းအဝယ်မရှိတဲ့အတွက်ကြောင့်ဈေးက ပြီးခဲ့တဲ့ အပတ်ကလို အတက်အကျတော့ သိပ်မရှိပါဘူး။ မုံရွာကုန်စည်ဒိုင်ဈေးကွက်မှာတော့ ပဲစင်းငုံနီတစ်တင်းကို ၁၃၁၀၀ ရှိပြီး ၅၀၀ ကျပ်၊ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁၃၆၀၀ နဲ့ ၄၀၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၂၅၀၀ နဲ့ ၅၀၀ ကျပ် အသီးသီးဈေးတက်လာခဲ့ ပါတယ်။ ပြီးခဲ့တဲ့ အပတ်က ဈေးမဖွင့်ခဲ့တဲ့ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၁၆၀၀ ပေါက်ဈေးရှိပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးတက်ခဲ့တာဖြစ်တဲ့အတွက်ကြောင့် ဈေးဆက်တက်နိုင်ခြေ ရှိတယ်လို့လည်း ကုန်သည်တွေက ခန့်မှန်းထားပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာ ဈေးပြန်တက်လာခဲ့ပါတယ်။ ပုံမှန်အခြေအနေမှာ အဝင်ရှိသလောက် အဝယ်ရှိနေပြီး အတက်ဈေးနဲ့ပဲ ဈေးငြိမ်နေခဲ့ပေမယ့် ငွေလဲနှုန်းပြောင်းလဲတာရဲ့ နောက်ဆက်တွဲကြောင့် ဈေးက ပိုတက်လာခဲ့တာလည်း ဖြစ်ပါတယ်။ တရုတ်က ၇၀ ရာခိုင်နှုန်းလောက် အဝယ်ရှိတဲ့အတွက် လက်ရှိအချိန်ထိ ပဲတီစိမ်းဈေးကွက်က စိုးရိမ်စရာ အနေအထား မရှိဘူးလို့လည်း ကုန်သည်တွေက ပြောဆိုထားပါတယ်။ မြန်မာပြည်ကထွက်သမျှပဲတွေကို တရုတ်က အစစ်အဆေးမရှိဝယ်ယူနေပေမယ့် နောက်ပိုင်းမှာ GAP စစ်ဆေးမှုတွေကို ပြုလုပ်တော့မှာ ဖြစ် တဲ့အတွက် GAP နည်းနဲ့ပဲ စိုက်ပျိုးဖို့ကိုလည်း ကုန်သည်တွေက တိုက်တွန်းနေပါတယ်။

မုံရွာကုန်စည်ဒိုင်မှာတော့ ပဲတီစိမ်းက တစ်တင်းကို ၂၈၀၀၀ ရှိပြီး ၁၂၅၀ ကျပ်ဈေးတက်လာပါတယ်။ နေပြည် တော်ကုန်စည်ဒိုင်မှာ တစ်တင်းကို ၂၆၃၀၀ ရှိပြီး ၃၀၀ ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၉၇၅၀ ကျပ်ရှိပြီး တစ်တင်းကို ၈၅၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာတာ့ တစ်တင်းကို ၂၇၅၀၀ ရှိပြီး တစ်တင်းကို ၃၀၀၀ ကျပ် အသီးသီးဈေးတက်လာခဲ့ပါတယ်။

 

နိုင်လင်းကို(AMIA)

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်