အော်ဂဲနစ်စိုက်ပျိုးရေးဆိုသည်မှာ

30/12/2019 12:00 PM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အော်ဂဲနစ်စိုက်ပျိုးရေးဆိုတာ အော်ဂဲနစ်စွန့်ပစ်ပစ္စည်းတွေဖြစ်ကြတဲ့ သီးနှံ၊ တိရစ္ဆာန်နဲ့ လယ်ယာထွက်ကုန် အကြွင်းအကျန်တွေ၊ ရေနေသတ္တဝါတွေရဲ့ အကြွင်းအကျန်တွေနဲ့ ဂေဟစနစ်တို့ကို အကျိုးပြုပြီး ညစ်ညမ်းမှုကင်းလွတ်တဲ့ ပတ်ဝန်းကျင်တစ်ခုကနေ ရေရှည်တည်မြဲတဲ့ ထုတ်လုပ်ရေးကို မြှင့်တင်ဖို့အတွက် သီးနှံတွေဆီကို အစာအာဟာရဓါတ်တွေထုတ်လွှတ်ဖို့ အကျိုးပြုအဏုဇီဝသက်ရှိတွေ (ဇီဝမြေသြဇာ) ကို အသုံးပြုပြီး မြေယာကို ပြုပြင်စိုက်ပျိုးတာနဲ့ သီးနှံကို မြေတောင်မြှောက်ပြုစုတာကို အဓိကရည်ရွယ်တဲ့ စိုက်ပျိုးနည်းစနစ်တစ်ခုဖြစ်ပါတယ်။ 

အမေရိကန်နိုင်ငံ၊ စိုက်ပျိုးရေးဦးစီးဌာန၊ အောဂဲနစ်စိုက်ပျိုးရေး လေ့လာရေးအဖွဲ့က “အော်ဂဲနစ်စိုက်ပျိုးရေးဆိုတာ ဓါတ်မြေသြဇာတွေ၊ ဓါတုပိုးသတ်ဆေးတွေ၊ အပင်ကြီးထွားဆေးတွေ၊ ဆိုးဆေးတွေလို ဓါတုသွင်းအားစုတွေ အသုံးပြုတာကို ရှောင်ရှားပြီး သီးလှည့်စိုက်ပျိုးတာ၊ သီးနှံအကြွင်းအကျန်တွေ၊ တိရစ္ဆာန်အကြွင်းအကျန်တွေ၊ လယ်ယာထွက်ကုန် အော်ဂဲနစ်စွန့်ပစ်ပစ္စည်းတွေနဲ့ အာဟာရလှုပ်ရှားစေတာ၊ ဇီဝစနစ်နဲ့ သီးနှံကာကွယ်ရေးတို့အပေါ် အမြင့်ဆုံး အမှီသဟဲပြုတဲ့ စနစ်တစ်ခုဖြစ်ပါတယ်” လို့ သတ်မှတ်ထားပါတယ်။ 

ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့အစည်းကတော့ “ဇီဝမျိုးကွဲစနစ်၊ ဇီ၀စက်ဝန်းတွေနဲ့ မြေကြီး ဇီဝဆိုင်ရာလှုပ်ရှားမှုတွေအပါအဝင် စိုက်ပျိုးရေးဂေဟစနစ်ရဲ့ ကျန်းမာရေးကို တိုးမြှင့်စေတဲ့ တစ်မူထူးခြားတဲ့ ထုတ်လုပ်ရေး စီမံခန့်ခွဲမှုစနစ်တစ်ခုဖြစ်ပြီး အဲဒါကို စိုက်ခင်းထွက် လယ်ယာသီးနှံဆိုင်ရာ၊ ဇီဝဆိုင်ရာနဲ့ သဘာဝနည်းလမ်းတွေကို အသုံးပြုပြီး စိုက်ခင်းပြင်ပ သွင်းအားစုတွေအားလုံးကို အသုံးမပြုခြင်းဖြင့် ပြီးပြည့်စုံတယ်” လို့ သတ်မှတ်ထားပါတယ်။ 

ကမ္ဘာ့လူဦးရေတိုးပွားလာတာနဲ့အတူ မိမိတို့ မဖြစ်မနေလုပ်ရမှာကတော့ စိုက်ပျိုးထုတ်လုပ်ရေးကို ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေဟာ မြင့်မားတဲ့ သွင်းအားစုတွေကို အသုံးပြုတာနဲ့ အတူ “မြစိမ်းရောင်တော်လှန်ရေး” ရဲ့ တိုးတက်မှု ရပ်တန့်သွားတာကို နားလည်သဘောပေါက်လာကြပြီး အခုအခါ အကျိုးအမြတ်ကျဆင်းလာတာကို ကြုံတွေ့လာရပါတယ်။ ဒါ့ကြောင့်မို့ သက်ရှိတွေနဲ့ မြေကြီးတွေ အသက်ရှင်ရပ်တည်ဖို့ ဖြစ်တဲ့နည်းနဲ့ သဘာ၀ဟန်ချက်ညီမှုကို ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လောင်စာဆီကထုတ်လုပ်တဲ့ လယ်ယာသုံးပိုးသတ်ဆေးတွေကို နောက်ထပ် အသစ်မထုတ်နိုင်တဲ့အခါနဲ့ လျော့နည်းလာတဲ့အခါ သိသာထင်ရှားတဲ့ ရွေးချယ်မှုဖြစ်တဲ့ အော်ဂဲနစ်စိုက်ပျိုးရေးဟာ လက်ရှိခေတ်မှာ ပိုပြီး ယုံကြည်စိတ်ချရပါတယ်။ ဓါတုပိုးသတ်ဆေးတွေဟာ အနာဂတ်မှာ နိုင်ငံခြားငွေ အလွန်အကျွံသုံးစွဲရတာကိုလည်း ဖြစ်စေနိုင်ပါတယ်။ 

 အော်ဂဲနစ်စိုက်ပျိုးရေးရဲ့ အဓိကဝိသေသလက္ခဏာတွေမှာ  

၁။ အော်ဂဲနစ် ပစ္စည်းအဆင့်အတန်းတွေကို ထိန်းသိမ်းတာ၊ မြေကြီးရဲ့ ဇီဝဆိုင်ရာလှုပ်ရှားမှုကို အားပေးတာနဲ့ သဘာဝကို အနှောင့်အယှက်မဖြစ်စေဖို့ဂရုစိုက်ကာ မြေကြီးရဲ့ မြေဆီသြဇာကို ရေရှည်ကာကွယ်ထိန်းသိမ်းခြင်း

၂။ အပင်တွေဆီကို အတော်အတန် မပျော်ဝင်နိုင်တဲ့ အာဟာရအရင်းမြစ်တွေအတွက် မြေကြီးအဏုဇီဝသက်ရှိတွေရဲ့ လှုပ်ရှားမှုကို အသုံးပြုပြီး သီးနှံအတွက် အာဟာရတွေကို ထောက်ပံ့စီမံပေးခြင်း

၃။ သီးနှံအကြွင်းအကျန်တွေနဲ့ ကျွဲနွားတိရစ္ဆာန်တွေရဲ့ အညစ်အကြေားတွေအပါအဝင် အော်ဂဲနစ်ပစ္စည်းတွေကို အသုံးပြုပြီး ထိရောက်စွာ ထပ်တလဲလဲသုံးစွဲခြင်းနဲ့ ပဲမျိုးစုံနဲ့ ဇီဝဆိုင်ရာ နိုက်ထရိုဂျင်ထိန်းညှိခြင်းတွေကို အသုံးပြုပြီး နိုက်ထရိုဂျင်ဓါတ်ကို ကိုယ်ပိုင်လုံလောက်စေခြင်း

၄။ ပေါင်း၊ ရောဂါနဲ့ အင်းဆက်ဖျက်ပိုး ကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေအတွက် အပူ၊ ဇီဝနဲ့ ဓါတုဆိုင်ရာအနှောင့်အယှက်တို့ကို အကန့်အသတ် (အနည်းဆုံးဆိုရင် ပိုကောင်းပါတယ်) ရှိစေပြီး သီးလှည့်စိုက်ပျိုးခြင်း၊ သဘာဝသားရဲကောင်တွေကို ထိန်းသိမ်းခြင်း၊ သီးနှံမျိုးစုံစိုက်ပျိုးခြင်း၊ အော်ဂဲနစ်မြေသြဇာပြုလုပ်ခြင်း၊ ခံနိုင်ရည်ရှိမျိုးတွေကို အဓိကအမှီသဟဲပြုခြင်း

၅။ အာဟာရပြုတာ၊ အဆောက်အဦးဆောက်လုပ်တာ၊ ကျန်းမာရေး၊ မျိုးစပ်တာ၊ မျိုးပွားတာနဲ့ စပ်လျဉ်းလို့ ခြံမွေးတိရစ္ဆာန်တွေကို ၄င်းတို့ရဲ့ တစ်စတစ်စ လိုက်လျောညီထွေပြောင်းလဲလာတာတွေ၊ အပြုအမူဆိုင်ရာ လိုအပ်ချက်တွေနဲ့ တိရစ္ဆာန်ရေးရာကိစ္စတွေကို အပြည့်အဝဂရုပြုကာ ၄င်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် စီမံခန့်ခွဲခြင်း

၆။ ပိုမိုကျယ်ပြန့်တဲ့ ပတ်ဝန်းကျင်၊ သဘာဝသားရဲတိရစ္ဆာန်နဲ့ သဘာဝအတိုင်းတည်ရှိနေကြတဲ့ သက်ရှိအရာတွေအပေါ်  စိုက်ပျိုးစနစ်ရဲ့ ထိခိုက်စေနိုင်မှုကို အလေးဂရုပြုခြင်းတို့ပါဝင်ကြပါတယ်။ 

ဒေါက်တာကိုကို (စိုက်ပျိုးရေး)


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်