စက်သုံးဆီဈေးနှုန်း မြင့်တက်မှုနဲ့အတူ သားငါးဈေးနှုန်းများလည်း မြင့်တက်နေ

24/03/2026 12:50 PM တွင် AMIA AMIA မှ ရေးသား

ပြည်တွင်း အသားငါးဈေးကွက်တွင် ငါးကြင်းနှင့် ဆိတ်သားဈေးနှုန်းများ ထပ်မံမြင့်တက်လာသကဲ့သို့ ကြက်ဥ၊ ဘဲဥဈေးနှုန်းများလည်း ပြန်လည်မြင့်တက်လာကြောင်း ဈေးကွက်စာရင်းများအရ သိရသည်။

လက်ရှိ အသားငါးဈေးကွက်တွင် ဆိတ်သားတစ်ပိဿာလျှင် ၁၁၀,၀၀၀ ကျပ်အထိ မြင့်တက်လာပြီး ငါးကြင်းမှာ တစ်ပိဿာလျှင် ၂၈,၀၀၀ ကျပ် ရှိလာခြင်းဖြစ်သည်ဟု ဆိုသည်။

အရင်ရက်ပိုင်းက ငါးကြင်းတစ်ပိဿာလျှင် ၂၆,၀၀၀ ကျပ်ဝန်းကျင်သာရှိပြီး ဆိတ်သားမှာလည်း တစ်ပိဿာလျှင် ၉၀,၀၀၀ ကျော်သာ ရှိခဲ့ကြောင်း သိရသည်။

"ဆိတ်သားကလည်း ဈေးတော်တော်လေး တက်နေတယ်။ ဆိတ်သား တစ်ပိဿာ ၁၁၀,၀၀၀ ဆိုတာတော့ အရမ်းများသွားပြီလို့ ဆိုရမှာပေါ့။ ဈေးတွေတက်တော့ စားသုံးမှုနည်းသွားတယ်" ဟု အသားငါး ရောင်းချသူတစ်ဦးက ပြောသည်။

အလားတူ လက်ရှိတွင် ကြက်ဥတစ်လုံးလျှင် ၆၀၀ ကျပ်အထိ မြင့်တက်လာသလို ဘဲဥမှာလည်း တစ်လုံးလျှင် ၆၀၀ ကျပ်မှ ၇၀၀ ကျပ်နှုန်းအထိ ဈေးပေါက်နေကြောင်း သိရသည်။

လွန်ခဲ့သည့် ရက်သတ္တပတ်ခန့်က ကြက်ဥတစ်လုံးလျှင် ၄၀၀ ကျပ်မှ ၅၀၀ ကျပ်အတွင်းသာ ရှိခဲ့သလို ဘဲဥဈေးနှုန်းမှာလည်း တစ်လုံးလျှင် ၅၀၀ ကျပ်မှ ၅၅၀ ကျပ်အတွင်းသာ ရှိခဲ့ခြင်းဖြစ်သည်။

"ကြက်ဥ၊ ဘဲဥတွေ ဈေးပြန်တက်လာတယ်။ အကြီးအသေးအပေါ် မူတည်ပြီး ဈေးနှုန်းအမျိုးမျိုးရှိတယ်။ ကြက်ဥကတော့ ရောင်းအားရှိပေမဲ့ ဘဲဥကတော့ နဂိုကတည်းက အဝင်နည်းတယ်" ဟု ကြက်ဥ၊ ဘဲဥ ရောင်းချသူတစ်ဦးက ဆိုသည်။

ကြက်ဥနှင့် ငါးသည် ပြည်တွင်းစားသုံးမှုဈေးကွက်တွင် စားသုံးမှုနှုန်းများပြီး ဆိတ်သားနှင့် ဘဲဥမှာမူ စားသုံးမှုနှုန်း နည်းပါးကြောင်း သိရသည်။

လက်ရှိဖြစ်ပေါ်နေသည့် စက်သုံးဆီဈေးနှုန်း မြင့်တက်မှုကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်မားလာသကဲ့သို့ သယ်ယူပို့ဆောင်စရိတ်များပါ မြင့်တက်လာသည့်အတွက် အသားငါး၊ ကြက်ဥ၊ ဘဲဥဈေးနှုန်းများလည်း မြင့်တက်လာရခြင်း ဖြစ်သည်ဟု သိရသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်