ကောင်းကျိုးထက် ဆိုးကျိုးပိုစေနိုင်တဲ့ ရောစပ်ဖျန်းပက်ခြင်း

08/09/2021 18:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

    ပိုးသတ်ဆေးများအား ရောစပ်ပက်ဖျန်းခြင်းနှင့်ပတ်သက်၍ ပထမဦးစွာ ‘ပိုးသတ်ဆေး’ ကို တောင်သူများနားလည်ဖို့ ရှင်းပြရန်လိုအပ်မည်ဟု ယူဆပါသည်။ အင်းဆက်သတ်ဆေး၊ ရောဂါ သတ်ဆေး (မှိုသတ်ဆေး၊ ဘက်တီးရီးယားဆေး၊ နီမတုတ်သတ်ဆေး)၊ ပေါင်းသတ်ဆေး စသည် တို့ကို “ပိုးသတ်ဆေး” ဟု ခေါ်ပါသည်။

    တောင်သူများ၊ သီးနှံစိုက်ပျိုးသူများအနေဖြင့် သီးနှံများအား ဖျက်ပိုးအန္တရာယ်မှ ကာကွယ်ရန်၊ နှိမ်နင်းရန်အတွက် ပိုးသတ်ဆေးများ (အင်းဆက်သတ်ဆေးများ၊ မှို/ဘက်တီးရီးယား ရောဂါသတ်ဆေး၊ ပေါင်းသတ်ဆေးများ) များအား အသုံးပြု ပက်ဖျန်းရာတွင် လုပ်သားရှားပါးခြင်းကိုဖြေရှင်းရန်၊ အချိန်ကုန်သက်သာစေရန်၊ လုပ်သားကုန်ကျစရိတ် သက်သာစေရန်၊ တစ်မျိုးထက်ပိုသော ပိုးမွှားရောဂါနှင့် ပေါင်းပင်များကိုနှိမ်နင်းရန်၊ အချိန်နှင့်တစ်ပြေးညီ ကာကွယ်နှိမ်နင်းရန်၊ တစ်ချိန်ထဲတွင် ဖျက်ပိုးတစ်မျိုးထက်ပို၍ ကာကွယ်နှိမ်နင်းရန် စသောအကြောင်းအမျိုးမျိုး၊ ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ပိုးသတ်ဆေးများအား နှစ်မျိုးသို့မဟုတ် နှစ်မျိုးထက်ပို၍ ရောစပ်ပက်ဖျန်းခြင်း သို့မဟုတ် ပိုးသတ်ဆေးများအား ရွက်ဖျန်းမြေဩဇာများနှင့် ရောစပ်ပက်ဖျန်းခြင်းတို့အား မိမိတို့စိတ်ကြိုက်၊ မိမိတို့သဘောဆန္ဒအလျောက်လည်းကောင်း သို့မဟုတ် တစ်စုံတစ်ဦး၏ အကြံပေးချက်အရလည်းကောင်း ပြုလုပ် ဆောင်ရွက်လျှက်ရှိပါသည်။ ဖြစ်နိုင်ပါကမိမိ အသုံးပြုလိုသော ပိုးသတ်ဆေးများ၊ ရွက်ဖျန်းမြေဩဇာများအား သပ်သပ်စီ၊ တစ်ရက်စီ သီးခြားဖျန်းသင့်ပါသည်။

    သို့သော် တောင်သူများ၏ လက်တွေ့ ကြုံတွေ့နေရသော လယ်ယာလုပ်သားရှားပါးမှု၊ လုပ်သား ကုန်ကျစရိတ်များပြားမှု စသည့်အချက်များကြောင့် ပိုးသတ်ဆေးရောစပ်သုံးစွဲခြင်းများအား  မည်သို့သောစမ်းသပ်မှုများ ပြုလုပ်မှုမရှိဘဲ စိတ်ကြိုက်ရောစပ်သုံးစွဲနေပါက ကောင်းကျိုးထက် ဆိုးကျိုးကိုသာပို၍ ဖြစ်စေနိုင်သဖြင့် တောင်သူများအား နိုင်ငံတကာတွင် အသုံးပြုနေသည့် ပိုးသတ်ဆေးများ ရောစပ်သုံးစွဲခြင်းမပြုမီ  ကြိုတင်စမ်းသပ်သော၊ ( Jar Test/ Compatibility Test ) ကို သိရှိစေရန်နှင့် စမ်းသပ်ပြီးမှသာ ရောစပ်သုံးစွဲသင့်ပါသည်။

ဒေါက်တာဝင်းသန်း (DOA, PPD)

 ရောစပ်သုံးစွဲခြင်းမပြုမီ  ကြိုတင်စမ်းသပ်တဲ့နည်းကို နောက်ဆောင်းပါးမှာ ဆက်လက်ဖော်ပြသွားပါ့မယ်ရှင်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်