ဒေသအလိုက်စိုက်ပျိုးကြသော မိုးစပါးမျိုးများ၏ လက္ခဏာများ

25/05/2026 13:26 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

ဆန်စပါးသည် ပြည်တွင်းစားသုံးမှုအတွက် အရေးပါသည့်သီးနှံတစ်မျိုးဖြစ်သကဲ့သို့ ပိုလျှံထွက်ရှိသောဆန်ကို ပြည်ပသို့ တင်ပို့ကာ နိုင်ငံခြားဝင်ငွေ ရရှိစေသော အဓိက စိုက်ပျိုးရေး သီးနှံလည်း ဖြစ်ပါသည်။ နိုင်ငံအတွင်း၌ မိုးရာသီတွင် အနည်းဆုံး စပါးမျိုးပေါင်း ၆၀ ကျော်ကို စိုက်ပျိုးလျက်ရှိသည်။ အချို့သော စပါးမျိုးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအနှံ့ စိုက်ပျိုး ကြသော်လည်း အချို့မျိုးများမှာ သင့်လျော်သော မြေဆီလွှာ၊ ရာသီဥတုနှင့် ဒေသခံတောင်သူများ ၏ နှစ်သက်မှုအရ သီးသန့်ဒေသများတွင်သာ စိုက်ပျိုးကြပါသည်။

စပါးမျိုးအုပ်စုများ

မြန်မာနိုင်ငံအတွင်း စိုက်ပျိုးသည့် စပါးမျိုးအုပ်စု သုံးခုရှိသည်။ ၎င်းတို့မှာ အထွက်ကောင်းမျိုး (High Yielding Variety - HYV)၊ အရည်အသွေးကောင်းမျိုး (High Quality Variety - HQV) နှင့် ဒေသမျိုး (Local Variety - LV) တို့ ဖြစ်ကြပါသည်။ ဤဆောင်းပါးတွင် အထွက်ကောင်းစပါးမျိုး အုပ်စုနှင့် အရည်အသွေးကောင်းမျိုးအုပ်စုတို့၏ စိုက်ပျိုးမှုအခြေအနေများကို ဖော်ပြအပ်ပါသည်။

ပြည်ထောင်စုတစ်ဝှမ်း အဓိက စိုက်ပျိုးသည့် စပါးမျိုးများ

ပြည်ထောင်စုချုပ်ကိန်းဂဏန်းများအရ ၂၀၂၅ ခုနှစ် မိုးရာသီတွင် ဧရိယာဧကသန်းနှင့်ချီ၍ စိုက်ပျိုးသည့် စပါးမျိုး (၄) မျိုးရှိသည်။ ၎င်းတို့မှာ - ၁။ ဆင်းသုခ ၂။ ပေါ်ဆန်း ၃။ မနောသုခ ၄။ ဧရာမင်း တို့ ဖြစ်ကြပါသည်။

(၁) ဆင်းသုခ

ဆင်းသုခစပါးမျိုးသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် နေပြည်တော်တို့၌ သက်ဆိုင်ရာ တိုင်းဒေသကြီးရှိ အထွက်ကောင်းစပါးမျိုးစုစုပေါင်းစိုက်ဧကတွင် အဓိက စိုက်ပျိုးလျက်ရှိသည့် စပါးမျိုး ဖြစ်ပါသည်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင်လည်း စိုက်ပျိုးပါသည်။

ဆင်းသုခစပါးမျိုးသည် လက်ရွေးစင်စပါးမျိုးအုပ်စုဝင်ဖြစ်ပြီး အသက်ရက် ၁၄၀ တွင် ရိတ်သိမ်းနိုင်ပါသည်။ ဆန်ရည်၊ ဆန်သား ကြည်လင်ကာ အရသာ á€žá€„အ်တငအ်ပဍသည်။

(၂) မနောသုခ

မနောသုခစပါးမျိုးသည် မန္တလေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့၌ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ရှိ အထွက်ကောင်းစပါးမျိုးစုစုပေါင်းစိုက်ဧကတွင် အဓိက စိုက်ပျိုးလျက်ရှိသည့် စပါးမျိုး ဖြစ်ပါသည်။ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင်လည်း စိုက်ပျိုးပါသည်။

မနောသုခစပါးမျိုးသည် လက်ရွေးစင်မျိုးအုပ်စုဝင်ဖြစ်ပြီး အသက် ၁၃၅ ရက်တွင် ရိတ်သိမ်းနိုင်ပါသည်။ ဆန်ရည်၊ ဆန်သားမှာ ကြည်လင်ကာ အရသာသင့်တင့်ပြီး အနည်းငယ်မာပါသည်။

(၃) ပေါ်ဆန်း

ပေါ်ဆန်းသည် အရည်အသွေးကောင်းစပါးမျိုးအုပ်စုတွင် ဧရိယာဧကအများဆုံး စိုက်ပျိုးသည့်မျိုး ဖြစ်ပါသည်။ ပေါ်ဆန်းဆိုရာတွင် ပေါ်ဆန်းရင်၊ ပေါ်ဆန်းဘေးကြားနှင့် ပေါ်ဆန်းမွှေးမျိုး အားလုံး ပါဝင်သည်။ “ပေါ်ဆန်း”ဟူသော နာမည်အပါအဝင် ဒေသအခေါ် အဝေါ် အမျိုးမျိုးဖြင့် စိုက်ပျိုးလျက်ရှိသဖြင့် ခြုံငုံ၍ “ပေါ်ဆန်း”ဟု ခေါ်ဝေါ်ခြင်း ဖြစ်ပါသည်။

ပေါ်ဆန်းစပါးမျိုးသည် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့၌ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ရှိ အရည်အသွေးကောင်းစပါးမျိုး စုစုပေါင်းစိုက်ဧကတွင် အဓိက စိုက်ပျိုးလျက်ရှိသည့် စပါးမျိုး ဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသ ကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် နေပြည်တော်တို့တွင်လည်း စိုက်ပျိုးပါသည်။

ပေါ်ဆန်းစပါးမျိုးများသည် မီးတုံးမျိုးအုပ်စုဝင်ဖြစ်ပြီး ရာသီစပါးမျိုး (Date-fixed Variety) ဖြစ်ပါသည်။ ပေါ်ဆန်းမျိုးကိုလိုက်၍ အောက်တိုဘာလ တတိယပတ်မှ နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ပန်းပွင့်ကြသည်။ ဒေသအလိုက် အရည်အသွေး ကွဲပြားကြသော်လည်း အရသာကောင်းမွန်သည့်မျိုးများ ဖြစ်ကြပါသည်။

(၄) ဧရာမင်း

ဧရာမင်းစပါးမျိုးသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ နေပြည်တော်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့၌ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ရှိ အရည်အသွေးကောင်းစပါးမျိုးစုစုပေါင်းစိုက်ဧကတွင် အဓိက စိုက်ပျိုးလျက်ရှိသည့် စပါးမျိုး ဖြစ်ပါသည်။ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင်လည်း စိုက်ပျိုးပါသည်။

ဧရာမင်းစပါးမျိုးသည် ဧည့်မထမျိုးအုပ်စုဝင် စပါးမျိုးဖြစ်ပြီး အသက်ရက် ၁၄၀ တွင် ရိတ်သိမ်းနိုင်ပါသည်။ ဆန်ရည်၊ ဆန်သားမှာ ကြည်လင်ကာ အရသာကောင်းပါသည်။

ဒေသအလိုက် အဓိက စိုက်ပျိုးသည့် စပါးမျိုးများ

ပြည်ထောင်စုတစ်ဝှမ်း အဓိက စိုက်ပျိုးသည့် စပါးမျိုးများမှအပ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အဓိက စိုက်ပျိုးသည့် စပါးမျိုးများမှာ - ၁။ ရွှေဝါထွန်း ၂။ ဆင်းဧကရီ-၃ ၃။ ဆင်းသွယ်လတ် ၄။ မှော်ဘီ-၂  ၅။ မှော်ဘီ-၃ ၆။ လုံးသွယ်မွှေး တို့ ဖြစ်ကြပါသည်။

(၁) ရွှေဝါထွန်း

ရွှေဝါထွန်းစပါးမျိုးသည် မွန်ပြည်နယ်၌ အထွက်ကောင်းစပါးမျိုးစုစုပေါင်းစိုက်ဧကတွင် အဓိက စိုက်ပျိုးလျက်ရှိသည့် စပါးမျိုး ဖြစ်ပါသည်။ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင်လည်း စိုက်ပျိုးပါသည်။

ရွှေဝါထွန်းစပါးမျိုးသည် ဧည့်မထအုပ်စုဝင် စပါးမျိုးဖြစ်ပြီး အသက်ရက် ၁၄၅ မှ ၁၅၀ အထိ ဖြစ်ပါသည်။ ဆန်ရည်၊ ဆန်သားမှာ ကြည်လင်ကာ á€Ąá€›á€žá€Źá€žá€„အ်တငအ်ပဟဎး အနည်းငယ် မာပါသည်။

(၂) ဆင်းဧကရီ-၃

ဆင်းဧကရီ-၃ စပါးမျိုးသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့၌ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ရှိ အရည်အသွေး ကောင်းစပါးစုစုပေါင်းစိုက်ဧကတွင် အဓိက စိုက်ပျိုးလျက်ရှိသည့် စပါးမျိုး ဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင်လည်း စိုက်ပျိုးပါသည်။

ဆင်းဧကရီ-၃ စပါးမျိုးသည် ဧည့်မထအုပ်စုဝင် စပါးမျိုးဖြစ်ပြီး အသက်ရက် ၁၃၅ တွင် ရိတ်သိမ်းနိုင်ပါသည်။ ဆန်ရည်၊ ဆန်သား ကြည်လင်ကာ အရသာကောင်းမွန်ပြီး နူးညံ့ပါသည်။

(၃) ဆင်းသွယ်လတ်

ဆင်းသွယ်လတ်စပါးမျိုးသည် ရခိုင်ပြည်နယ်၌ အထွက်ကောင်းစပါးမျိုး စုစုပေါင်း စိုက်ဧကတွင် အဓိက စိုက်ပျိုးလျက်ရှိသည့် စပါးမျိုး ဖြစ်ပါသည်။

ဆင်းသွယ်လတ်သည် ဧည့်မထမျိုးအုပ်စုဝင်ဖြစ်ပြီး အသက်ရက် ၁၃၅ တွင် ရိတ်သိမ်းနိုင် ပါသည်။ ဆန်ရည်၊ ဆန်သား ကြည်လင်ကာ စားသုံးမှု á€Ąá€›á€žá€Źá€€á€ąá€Źá€„်းမွန်ပဟဎး နူးညံ့ပါ သည်။

(၄) မှော်ဘီ-၂

မှော်ဘီ-၂ စပါးမျိုးသည် ပဲခူးတိုင်းဒေသကြီး၌ အရည်အသွေးကောင်းစပါးစုစုပေါင်း စိုက်ဧကတွင် အဓိက စိုက်ပျိုးလျက်ရှိသည့် စပါးမျိုး ဖြစ်ပါသည်။ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင်လည်း စိုက်ပျိုးပါသည်။

မှော်ဘီ-၂ စပါးမျိုးသည် ဧည့်မထအုပ်စုဝင် စပါးမျိုးဖြစ်ပြီး အသက်ရက် ၁၄၀ တွင် ရိတ်သိမ်းနိုင်ပါသည်။ ဆန်ရည်၊ ဆန်သားမှာ ကြည်လင်ကာ အရသာကောင်းမွန်ပြီး နူးညံ့ပါသည်။

(၅) မှော်ဘီ-၃

မှော်ဘီ-၃ စပါးမျိုးသည် ရန်ကုန်တိုင်းဒေသကြီး၌ အထွက်ကောင်းစပါးမျိုးစုစုပေါင်း စိုက်ဧကတွင် အဓိက စိုက်ပျိုးလျက်ရှိသည့် စပါးမျိုး ဖြစ်ပါသည်။ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင်လည်း စိုက်ပျိုးပါသည်။

မှော်ဘီ-၃ စပါးမျိုးသည် ဧည့်မထအုပ်စုဝင် စပါးမျိုးဖြစ်ပြီး အသက်ရက် ၁၃၀ မှ ၁၃၅ ရက်အတွင်း ရိတ်သိမ်းနိုင်ပါသည်။ ဆန်ရည်၊ ဆန်သားမှာ ကြည်လင်ကာ အရသာကောင်းပါသည်။

(၆) လုံးသွယ်မွှေး

လုံးသွယ်မွှေးစပါးမျိုးသည် ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့၌ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ရှိ အရည်အသွေးကောင်းစပါးမျိုးစုစုပေါင်းစိုက်ဧကတွင် အဓိက စိုက်ပျိုးလျက်ရှိသည့် စပါးမျိုး ဖြစ်ပါသည်။

ဤစပါးမျိုးသည် ဧည့်မထအုပ်စုဝင် စပါးမျိုးဖြစ်ပြီး အောက်တိုဘာလလယ်တွင် ပန်းပွင့်ပါသည်။ ဆန်ရည်၊ ဆန်သားမှာ ကြည်လင်ကာ စားသုံးမှု အရသာကောင်းမွန်ပြီး နူးညံ့၍ ပျော့ပျောင်းပါသည်။

မိုးရာသီတွင် ကျယ်ပြန့်စွာ စိုက်ပျိုးလျက်ရှိသည့်စပါးမျိုးများအပြင် ဒေသရေမြေအရ အဓိကမဟုတ်သော်လည်း စိုက်ပျိုးလျက်ရှိသည့် အခြားစပါးမျိုးများလည်း ရှိပါသေးသည်။ စိုက်ပျိုးလျက်ရှိသည့် ဒေသစပါးမျိုး(Local Variety)အပါအဝင် အထွက်ကောင်းစပါးမျိုး (HYV) နှင့် အရည်အသွေးကောင်းစပါးမျိုး (HQV) ဟူသော မျိုးအုပ်စုသုံးခုစလုံးသည် နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေးအတွက်သာမက ပိုလျှံထွက်ရှိသော ဆန်ကို ပြည်ပသို့ တင်ပို့နိုင်ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိစေရန်အတွက်ပါ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။

 á€‘ိုအကဟ္ဏငအ် ဒေသနှင့် ကိုက်ညီသင့်လျော်သော စပါးမျိုးများကို ရွေးချယ်စိုက်ပျိုးခြင်းဖြင့် စပါးအထွက်နှုန်းနှင့် အရည်အသွေး တိုးတက် ကောင်းမွန်လာစေခြင်းဖြင့် အကျိုးအမြတ်ဝင်ငွေ ကောင်းကြစေလိုပါသည်။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်