သမိုင်းတစ်ခုရဲ့ လူသတ်ကောင် (၃)

16/01/2018 10:53 AM တွင် Khant Zaw Htet Khant Zaw Htet မှ ရေးသား

ပေါင်းသတ်ဆေးမြေသြဇာ အကြောင်းရေးလာတာ အခုဆိုရင် အပိုင်း(၃) ဖြစ်လာပါပြီ။ ေ

ပါင်းသတ်ဆေးမြေသြဇာ ပြုလုပ်တဲ့နေရာမှာ ပေါင်းသတ်ဆေး ၃မျိုး 2-4 D ကို အများဆုံး အသုံးပြုတာတွေ့ရပြီးတော့ 2-4 D နဲ့ Pyrazosulfuron ethyl ကို မြန်မာမှာ အများဆုံး အသုံးပြုတာတွေ့ရပါတယ်။ မြေသြဇာကတော့ Amonium Sulphateကို အသုံးများပါတယ်။ အမိုနီယမ်ကြောင့် ဖြစ်နိုင်တဲ့ ဆိုးကျိုးပေါင်းသတ်ဆေး ဆိုးကျိုး ဆိုတာ အများကြီးပါ။ ကောင်းကျိုး ဆိုတာက လုပ်သား ရှားပါးမှုကို ဖြေရှင်းတာကလွဲလို့ ကျန်းမာရေး လုံခြုံမှုကစလို့ စိုက်ခင်း လုံခြုံမှုအထိ အာမခံမှု မရှိပါဘူး။ ပေါင်းသတ်ဆေးကြောင့် မြေရွတယ် မြေဖွာတယ်ဆိုတဲ့ အသိနဲ့လူတောင် ရှိပါတယ်။ မြေဖွတာ ရွတာ မဟုတ်ပဲ မြေဆီလွှာ ပြုန်းင်္တီးမှု ထိန်းပေးတဲ့ အမြစ်တွေ အပင်တွေ ပျက်စီးပြီး ကန်သင်းကျွံတယ် မြေဖွဲ့စည်းပုံ ပျက်ကုန်တယ် စတာတွေ ဖြစ်ကုန်တာပါ။

စိန့်အော်ဂတ်စတင်းမှာ ဆိုရင်လည်း ပထမ ပေါင်းသတ်ဆေးမြေသြဇာအဖြစ် အာထရာဇင်းကို အမိုနီယမ် ဆာလဖိတ် နဲ့ရောစပ် အသုံးပြုခဲ့ပါတယ်။ စိန့်အော်ဂတ်စတင်းက ပေါင်းသတ်ဆေးမြေသြဇာ အဲဒီမှာပေါင်းသတ်ဆေးမြေသြဇာကို Atrazine ပေါင်းသတ်ဆေးကို အခြေခံပြီး ထုတ်တယ်။ ပေါင်းမြက်တွေကို မြေသြဇာကျွေးရင်း သတ်တဲ့မြေသြဇာကို ထုတ်လုပ်ဘူး ပါတယ်။ ပေါင်းမြက် ထူထပ်ပြီး မနိုင်တဲ့ မြက်ခင်းတွေမှာ အသုံးပြုဖို့ပေါ့ဗျာ။ ပေါင်းသတ်ဆေး အုပ်စုမှာ ရွေးချယ်/ရွေးချယ်မဲ့၊ မစိုက်ခင်သုံး/စိုက်ခင်းသုံး၊ ပင်လုံးပြန့် /ထိသေ ဆိုပြီး အမျိုးမျိုး ရှိတာပေါ့။ ရွေးချယ်မဲ့ ဆိုတာက အပင်အားလုံးကို လောင်ကျွမ်း ပျက်စီးစေတယ်။ ရွေးချယ် ကတော့ အရွက်ချွန် အရွက်ဝိုင်းပေါ် မူတည်၍ဆေး၂မျိုးရှိပြီး သေစေပျက်စီးတာပေါ့။ ရွေးချယ်/ရွေးချယ်မဲ့ ပေါင်းသတ်ဆေးကို မြေသြဇာမှာရောစပ်ပြီး (weed and feed formulas) အဖြစ် ထုတ်လုပ်ကြပါတယ်။ Selective အဖြစ် aterazine နဲ့ trimec ကို သုံးသလို 2-4D ကိုလည်း အသုံးပြုခဲ့ပါတယ်။ Scott's Bonous S weed and feed မှာဆိုရင် (1.292%) atrazine ကို 19-0-10 N-P-K +ဆာလဖာ မြေသြဇာနဲ့ ရောစပ်သလို Ferti-Lome's formula မှာဆိုရင် (0.79%) atrazine ကို 15-0-4 N-P-K အပြင် ဘိုရွန်၊ ကော့ပါး၊ သံ၊ မဂ္ဂနီစီယမ်တောင် ရောစပ်လာကြပါတယ်။ ပတ်ဝန်းကျင် သတိပြုရမှာက Atrazine သတ်မှတ်တဲ့ ပမာဏကို ဂရုမစိုက်ပါက လူနဲ့ ပတ်ဝန်းကျင်မှာ အန္တရာယ် ရှိပါတယ်တဲ့။ တစ်ရာသီအတွက် ပေါင်းမြက်တွေ ကင်းရှင်းပေမယ့် Atrazine မှာပါတဲ့ ဓာတုကတော့ မြေပြင်ပေါ်မှာ၊ မြစ်ချောင်းတွေမှာ နှစ်ပေါင်းများစွာ အဆိပ်သင့်ပါသတဲ့။ မြစ်ရေ၊ ချောင်းရေက တဆင့် Atrazine ပါဝင်နေတဲ့ ရေကို လူ၊ တိရိစ္ဆာန်တွေ သောက်ခဲ့ရင်???

ကျန်းမာရေး လုံခြုံမှု ပေါင်းသတ်ဆေးမြေကြဇာ အသုံးပြုသူအနေနဲ့ မျက်စိ ပါးစပ် ခန္ဓာကိုယ် တိုက်ရိုက် မထိတွေ့သင့်ဘူး။ အဆိပ်ကြောင့် အန္တရာယ် ဖြစ်တတ်တဲ့အတွက် မျက်နှာဖုံး၊ မျက်မှန်၊ ပါးစပ်စည်း၊ ခြေအိတ်၊ လက်အိတ်၊ အကျင်္ီ၊ အရှည်မဝတ်ဘဲ အသုံးမပြုသင့်ပါကြောင်း စသဖြင့်ပေါ့ဗျာ။ နေရာအတော် အများမှာ ပိတ်ပင်နေကြသလိုပါပဲ 2-4D ပေါင်းသတ်ဆေးကိုလည်းမြေသြဇာမှာ ရောစပ် အသုံးပြုမှုကြောင့် Neurotoxin ကြောင့် မျိုးပွား အင်္ဂါနှင့် ဆက်စပ်တဲ့ မျိုးပွားမှု ကျောက်ကပ် အသည်း ထိခိုင်ပြီး ကင်ဆာပြသနာကို ဦးတည်နေပါတယ်။ ကလေး လူငယ်များတွင် ကိုင်တွယ်ခဲ့သော လက်များ ခန္ဓာကိုယ် အစိတ်ပိုင်းများမှ တဆင့် ဝင်ရောက်မှုမှာ ပိုမို ဖြစ်စေပါတယ်။ ကလေး လူငယ်များတွင် အရွယ်ရောက် လူကြီးတွေထက် ခံနိုင်မှု နည်းပါးတာက ဓာတုဓာတ်ကြွင်းက ကလေးတွေ ကြီးထွားမှု အပိုင်းကိုပါ ထိခိုက်စေသောတွေကြောင့် ဖြစ်ပါတယ်။ နောက်ပိုင်းပြဿနာက ထိုကလေးတွေရဲ့ ဉာဏ်ရည် ဉာဏ်သွေးကအစ၊ ဉာဏ်ရည် ဖွံ့ဖြိုးမှုပါ ချို့ယွင်းချက်တွေ ဖြစ်စေပါတယ်တဲ့။ 2-4Dကြောင့် အိမ်မွေး တိရိစ္ဆာန်များ၊ ပျား၊ ငှက်၊ တီကောင်များ ကျိုင်းကောင်ကအစ ထိခိုက်နိင်ပါသေးတယ်တဲ့။

ထားတော့ဗျာ။ လူတိရိစ္ဆာန် ကျန်းမာရေးတွေ ထိခိုက်တာတွေပဲရေးနေတာအပြင် မြေကြီးဘက်ကို ကြည့်အုံးမလား။ ပေါင်းသတ်ဆေး အများစုဟာ ဟော်မုန်းနဲ့ ဆားဓာတ်ကို အခြေခံတာ များတဲ့အတွက် မြေကြီးအတွင်း ကျန်ရစ်လာမယ့် ဆားပမာဏဟာ အစောပိုင်းမှာ ပြသနာ မရှိပေမယ့် တနှစ်ထက်တနှစ် အသုံးပြုမှုကြောင့် မြေဖွဲ့စည်းပုံတွေ ပျက်လာအုံးမယ်။ တီကောင်လဲသေ၊ ဇီဝပိုးမရှိ၊ မိတ်ဆွေပိုးတွေတုန်း၊ မြေကကျစ်၊ ဆားကပေါက်၊ ရေကမထိန်း စတဲ့ ပြဿနာတွေ ရင်ဆိုင် လာရတော့မယ်။ ပေါင်းသတ်ဆေးမြေသြဇာ အသုံးများလာပြီး ပေါင်းအပြင် မိမိစိုက်တဲ့ အပင်တွေလဲ ပျက်စီး၊ မြေကလဲပျက်၊ နောက်သီးနှံလည်း စိုက်မရစတဲ့ ပြဿနာတွေလည်း တွေ့နေရပါပြီ။

ယခု ရုံးအဖွဲ့တွေက တရားမဝင်ဆေးတွေ ပိတ်ပင်ဖို့ မြို့နယ် အလိုက်၊ ဒေသ အလိုက် လုပ်နေတာ အရမ်း အားရှိစရာကောင်းပါတယ်။ ဒါပေမယ့် ဥပဒေအရ ခွင့်မပြုထားတဲ့ မှတ်ပုံတင်ထားသော ပေါင်းသတ်ဆေးမြေသြဇာတွေကျတော့ ဘာလို့များ စီစစ်ရေး အဖွဲ့တွေ မေ့နေသလဲဆိုတာ တွေးလို့မရဘူး ခင်ဗျာ။ Fertilizer law က သက်သက်၊ မှတ်ပုံတင်နေရာက သက်သက်၊ စီစစ်တာက သက်သက် ဖမ်းစီးအပြစ်ပေးတာက သက်သက်၊ ဌာနမတူလေတော့ မသိကြတာ များလား။ မှားတာတွေလည်း မှားနေကြပြီ။ ထပ်မှားအောင် ကာကွယ် တားစီးဖို့တော့ လိုပါလိမ့်မယ်။ နောက်ထပ် ပတ်ဝန်းကျင် အန္တရာယ်ဖြစ်ပြီး လက်နဲ့ကိုင်ဖို့ အန္တရယ်များလာမယ့် ပိုးသတ်ဆေးမြေသြဇာ၊ မှိုသတ်ဆေးမြေသြဇာမျိုးတွေကို တီထွင်လွန်ပြီး မှတ်ပုံတင်ပေးမယ်။ စျေးကွက်ထဲသာ ရောက်လာကြအုံးမယ်ဆိုရင်တော့ ကျွန်တော် အပါအဝင်တောင်သူတွေကော၊ စားသုံးသူတွေပါ အဆိပ်တွေစားပြီး ရောဂါပေါင်းစုံ ခံစား သက်တမ်း တိုတို နဲ့ ဘဝတွေ ဆုံးကြတာပေါ့ဗျာ။

မသြဇာ ဥပဒေ (Fertilizer Law) တားမြစ်ချက်များ မည်သူမျှ အဆိပ်ရှိ ပစ္စည်းများ ရောနှော ပါဝင်သော မြေသြဇာကို ထုတ်လုပ်ခြင်း သိုလှောင်ခြင်း (သို့မဟုတ်) ဖြန့်ဖြူးရောင်းချခြင်း မပြုရ။'
'34- No one shall produce, store or distribute and sell of fertilizer mixed with toxic substance'

ခန့်ဇော်ထက်( ACOM)

Ref: wikipedia.,fertilizers with weed killer for St.Augustine


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်