- မြေယာထွန်ယက်သော အချိန်မှာ ဖျက်ပိုးလောက်ကောင်တွေ သေပျက်စေမယ်။
- ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိတဲ့ မျိုးစေ့ကို အသုံးပြုမယ်။
- ဖျက်ပိုးများရဲ့ ပိုးဥတွေပါတဲ့ အရွက်တစ်ခုလုံးကို ကောက်ယူဖျက်ဆီးပစ်မယ်။
- အပင်ကြီးတွေအတွက် ဖျက်ပိုးမတက်ရောက်နိုင်မဲ့ တိရစ္ဆာန်အဆီ သုတ်လိမ်းထားမယ်။
- မြေကြီးကို အစာကောင်းကောင်း ကျွေးထားမယ်။
- သီးညှပ်စိုက်ပျိုးခြင်းဖြင့် မတူညီသော မျိုးစိတ် (၂) ခုအတွက် ဖျက်ပိုးကျရောက်မှု သက်သာစေသည်။
- သီးလှည့်စိုက်ပျိုးတဲ့အတွက် ဖျက်ပိုးများ ပွားများမှု လျော့နည်းစေတယ်။
- ထောင်ချောက်သီးနှံ ဥပမာ - ပဲပုပ်ကြားမှာ ညံပင်စိုက်မယ်။
- မီးရောင်ထောင်ချောက်အသုံးပြုခြင်းဖြင့် အရွယ်ရောက်ဖျက်ပိုးအမများ သေကြေပျက်စီးပါက၊ မျိုးပွားမှုများစွာ လျော့ကျစေမယ်၊ ၂ ဧက ပတ်လည်မှာ မီးရောင်ထောင်ချောက် တစ်ခုနူန်းထားပါ။
- အမဟော်မုန်း အာနိသင်ရှိတဲ့ Eugenol Trap ကဲ့သို့ ဖျက်ပိုးအထီးတွေကို ဆွဲဆောင်ဖမ်းယူခြင်းဖြင့် ပွားများမှု လျော့ကျစေမယ်။ ၂ ဧက ပတ်လည်မှာ ထောက်ချောက် (၁၅) ခုနူန်း ထားပေးပါ။
- ငှက်အသံ ပေးပြီးတော့လည်း ဖျက်ပိုးတွေကို ခြောက်လှန့်နိုင်တယ်။
- စေးကပ်တဲ့ ထောင်ချောက်ကိရိယာနဲ့ အင်းဆက်တွေကို ဆွဲဆောင်ကာ ကပ်ငြိပြီး သေစေတဲ့ နည်းကိုလည်း သုံးနိုင်တယ်။
- လိုအပ်လျှင် အပင်မှထုတ်လုပ်သော ပိုးသတ်ဆေးများ ပက်ဖျန်းခြင်း အကျိုးပြု Ttichoderma မှို၊ Bac.thutingiensis ဘက်တီးရီးယားပါဝင်တဲ့ ဇီဝ မြေသြဇာတွေကို (compost tea) မြေဆွေးလက်ဘက်ရည်လုပ်ကာ ဖျော်ဖျန်းအသုံးပြုခြင်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်။ အပင်ပိုးသတ်ဆေးလက်ရှိ အသုံးပြုမှုများနေတာကတော့ တမာပိုးသတ်ဆေး၊ ရုိတီနုန်းနဲ့ ဆေးဂန္ဓာမာများ ဖြစ်ပါတယ်။ ကြက်သွန်ဖြူဆီ၊ လေးညှင်းဆီ၊ ပြောင်းကော်တွေလည်း သုံးကြပါတယ်။
ကိုးကား - အခြေခံ အော်ဂဲနစ်လယ်ယာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more
Greenovator