သစ်သားအဖြစ်လည်းတန်ဖိုးရှိလှတဲ့ ငါးပေါက်သီးပင်

16/12/2021 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကချင်ပြည်နယ် ရောက်ပြီဆိုတာနဲ့ နန်းစီအောင် မော်လူး မော်ဟန် ကာဒူ မိုးညှင်း တောင်နီ ဆားမှော် မိုးကောင်း မရမ်း ရထားလမ်း ကားလမ်းတစ်လျှောက် ငါးပေါက်သီး ငါးပေါက်ဆံ ငါးပေါက်ယိုတွေ လှိုင်လှိုင်ရောင်းချကြပါတယ်။ ငါးပေါက်သီးက တော်သလင်း၊ သီတင်းကျွတ်မှာ အသီးတွေပေါ်တယ်။ 

ဒီနှစ် ငါးပေါက်သီးထွက်တဲ့တောတွေမှာ တောပြုန်းနေတာတွေ ရာသီဥတုမမှန်တာတွေကြောင့် ငါးပေါက်သီး မထွက်ရှိပါ။ တောတွေပြုံးတာကြောင့် အသီးလိုသလောက်မရ၊ ကုန်ကြမ်းရှားလာတဲ့ အခြေအနေပါ။ 

ဒီအပင်ကြီးတွေဟာ အလွန်မှကြီးမားပါတယ်။ လူတစ်ယောက်အရွယ်နဲ့ အပင်အရွယ် နှိုင်းကြည့်ပါက အံသြဖွယ်ရာပါ၊ ကချင်ပြည်ဖက်မှာ ဒီလောက်ကြီးသောအပင်တွေ့ရဖို့ ခက်မည်ထင်ပါတယ်။

ငါးပေါက်သီးပင်တွေရဲ့မျိုးရင်းက လူတိုင်းရင်းနှီးပြီးသား သရက်မျိုးရင်း Anarcardiaceae ထဲကဖြစ်ပါတယ်၊ အရွယ်ရောက်နေသော ငါးပေါက်အပင်ကြီးအရွယ်က 55 m အထိမြင့်ပါတယ်။ အပင်ကြီးတွေက အမြဲစိမ်းသော evergreen trees ကြီးများဖြစ်ပါတယ်၊ အရွက်တွေက alternate  ရွက်လွှဲထွက်ကြပတယ်။ ရွက်မွှာမစုံသောရွက်ပေါင်း imparipinnate compound ဖြစ်ပြီး ရွက်မွှာ leaflets ၁၀ ရွက်ခန့်ပါသည်၊ ရွက်သားပြောင်လက်ပါတယ်၊ ပြီးတော့ မဟော်ဂနီပင် ၏ အရွက်နှင့်ဆင်လှတယ်။ ပန်းခိုင် inflorescences က terminal ထိပ်ထွက်၊ axillary ကြားထွက် paniculate cyme ဖြစ်တယ်၊ ပန်းပွင့်များက bisexual လိင်စုံ၊ ရနံ့သင်းပြီး အဖြူရောင် စိမ်းဖြော့ဖြော့ အရောင်ရှိကြတယ်။  အသီးက အတွင်းခွံမာသီးအမျိုးအစား drupe ဖြစ်ပြီး အတွင်းထဲမှာ သစ်သားလိုမာသော woody endocarp ပါရှိပါတယ်၊ အတွင်းထဲမှာတော တွဲလျားကျနေသောအစေ့များ pendulous seed ရှိသည်၊ ပန်းတွေကို သြဂုတ်လကနေ စက်တင်ဘာအထိပွင့်ကြပါတယ်။

ငါးပေါက်သီးပင်ဟာ သက်တန်း ၁၅ နှစ်ကျော်မှသာ အသီးအားကောင်းပြီး တန်းဝင်အပင်ဖြစ်လာပါတယ်၊ သူ့သစ်သားဟာ အရည်အသွေးကောင်းပြီး မဟော်ဂနီပင်လိုတန်ဖိုးရှိလှပါတယ်၊ ဒေသခံများက သစ်အတွက်သာမက ထင်းအဖြစ်ခုတ်လှဲပစ်တာမို့ ငါးပေါက်သီးပင်တွေ တဖြည်းဖြည်း ရှားပါးလာပါတယ်၊ ငါးပေါက်သီးကို ယခင်လိုပေါပေါများများ မရတော့ဘဲ စိုက်ပျိုးထားသူများကဆီကသာရရှိပါတော့ပါတယ်။

ငါးပေါက်သီးပင်က ၃ နှစ်မှာ တကြိမ်သာ သီးပါတယ်၊ ငါးပေါက်သီးကောက်လျှင် ဝက်ဝံများကိုအထူး သတိထားရတယ်၊ သူတို့ဟာ ငါးပေါက်သီးကိုအလွန်ကြိုက်ကြတယ် (ref. ThetWin Tun)

ငါးပေါက်သီး အဆံပါသောနေရာသည် အပေါက် ၅ ပေါက်ရှိပြီး အစေ့တည်နေပုံက ဘုရားငါးဆူပေါ်ပေါက်လာပုံနှင့်ဆင်သောကြောင့် ငါးဆူသီးလည်းခေါ်ကြတယ်၊ တောသစ်ကြားလို့ခေါ်တာကတော့ ငါးပေါက်သီးအဆန်ဟာ သစ်ကြားသီးအဆံလို ချိုဆိမ့်သောသော အရသာရှိသောကြောင့်ဖြစ်မည်။

ငါးပေါက်သီးအဆံများကို ထုတ်ယူပြီး နေလှမ်းကာ ရလာသောအဆံများကို နို့မှုံ့ သကြား အုံးသီးထောပတ်တို့ဖြင့် ယိုထိုးရောင်းချကြတယ်၊ နေလှမ်းပြီး အတွင်းက အဆံလေးကို သွားကြားထိုးတန်လေးနဲ့ထုတ်ယူရတာမို့ အလွန်လက်ဝင်လှတဲ့အသီးပါ၊ အသီးကို ဒါးနဲ့ခုတ်ရင် အခန့်မသင့်ရင် မကြာမကြာ လက်ကိုဒါးထိတတ်ပါသေးတယ်၊ ငါးပေါက်သီးအဆံလေးတွေကို သီးသန့်ထုတ်ယူပြီး ဗူးလေးများနဲ့ ထည့်လို့ရောင်းကြတယ်၊ အိမ်အပြန်လက်ဆောင်အတွက် မျက်နှာပန်းလှလွန်းသော ကချင်ပြည်ရဲ့ အထူးလက်ဆောင်ပါ။

ကချင်ပြည်နယ် မိုးညှင်း ဒေသထွက် ငါးပေါက်သီးအဆံ၊ ငါးပေါက်ယို မုန့်များကို အိမ်အပြန်လက်ဆောင်ဝယ်ယူလေ့ရှိကြသည်၊ ကဲ မိတ်ဆွေများရော.. ငါးပေါက်သီးအဆံစားဖူးပါရဲ့လား..

ကိုသက်နိုင်ဦး

ဟုမ္မလင်း


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်