ပိုးသတ်ဆေးအုပ်စုတွေကို အလွယ်မှတ်ရအောင်

10/12/2020 11:45 AM တွင် စုမြတ်မြတ်မိုး စုမြတ်မြတ်မိုး မှ ရေးသား

    စိုက်ပျိုးရေးမှာသုံးတဲ့ ပိုးသတ်ဆေးအုပ်စုတွေကို ဓာတုဖွဲ့စည်းပုံအရ ၆ မျိုးခွဲထားပါတယ်။

(၁) အော်ဂန်နိုကလိုရင်းအုပ်စု

    ဒီအုပ်စုမှာ လူသိများတဲ့ DDT တို့ Aldrin တို့ ပါတယ်။ ဒီအုပ်စုမှာပါတဲ့ဆေးတွေက ပြင်းလွန်းသလို အာနိသင်ကကျေပျက်ဖို့လည်းခက်တယ်။ DDT ဆိုရင် အန္တရာယ်များလွန်းလို့ မသုံးဖို့ပိတ်ထားတဲ့အုပ်စုဖြစ်တယ်။

(၂) အော်ဂန်နိုဖော့စဖိတ်အုပ်စု

    ဒီထဲမှာအဆီဖိတ်၊ ဒိုင်ယာဇီနွန်၊ ကလိုပိုင်ရီဖော့စ်တို့ပါတယ်။ ဒီဆေးတွေရဲ့ဓာတ်​ကြွင်းက ကြေပျက်လွယ်ပေမယ့် ဆေးအာနိသင်က ပိုးမွှားရဲ့မျိုးဆက်နှစ်ခုလောက်ထိကို ထိခိုက်နိုင်တယ်။ အရမ်းပြင်းတဲ့ဆေးတွေဖြစ်တယ်။ ကြာရင် ဆေးယဉ်ပါးနိုင်သလို လူတွေတွက်လည်းအန္တရာယ်ရှိလို့ ပိတ်ပင်ထားတာရှိတယ်။

(၃) ပိုင်ရီသရိုက်အုပ်စု

    ဒီအုပ်စုကဆေးတွေက ဆေးဂန္ဓမာကရတဲ့ ဆေးတွေဖြစ်တယ်။ လူကို အထိခိုက်မရှိသလောက်နည်းတယ်။ အင်းဆက်တွေကိုတော့ အာရုံကြောကိုထိခိုက်စေပြီး ပမာဏများရင်ဇက်ကျိုးလို့သေစေတယ်။ ပိုင်ရီသရင်တို့ ဆိုက်ပါမီသရင်တို့ပါတယ်။

(၄) ကာဗာမိတ်အုပ်စု

    ဒီထဲမှာ ကာဗွန်ဖျူရန် (carbofuran) တို့  ကာဘာရိုင်း (carbaryl) တို့ ပါတယ်။ သူ့ရဲ့အာနိသင်ကလည်း အာရုံကြောကိုထိခိုက်စေတာပဲ။ ကာဗွန်ဖျူရန်က မြေပေါ်မြေအောက်ကပိုးအားလုံးကိုသေစေလို့ ကာဗွန်ဖျူရန် (ဖျူရာဒန်) ကို မြေခံအနေနဲ့သုံးရင်တောင် အနည်းငယ်ပဲ သုံးသင့်တယ်။

(၅) နီယိုနီကိုတီနွိုက်

    ဒီအုပ်စုက ဆေးအုပ်စုအသစ်ဖြစ်တယ်။ သူက ဆေးရွက်ကြီးကရတဲ့ ဆေးအုပ်စုဖြစ်တယ်။ သူ့ဆီမှာ အဆီတာမီပရစ်တို့ အင်မီတာကလိုပရစ်တို့ ပါဝင်တယ်။ သူကစုပ်စားပိုးတွေကိုနိုင်တဲ့အာနိသင်ရှိတယ်။ မြေထဲကိုဖျန်းလည်းရသလို အရွက်ကိုဖျန်းလည်းရတယ်။

(၆) ဖီနိုင်းပါရာဇိုး

    ဒီအုပ်စုကဆေးတွေကို ကျိုင်းတွေ၊ လှေးပိုး၊ မြေခွေးပုရစ်၊ သရစ်ပိုး စတာတွေနှိမ်နင်းဖို့သုံးကြတယ်။ သူကလည်း အင်းဆက်ရဲ့အာရုံကြောကို ထိခိုက်စေတယ်။

    ထပ်ပြီး ပိုးသတ်​ဆေးရဲ့အာနိသင်အရတော့ ထိသေ (သို့) စားသေနဲ့ ပင်လုံးပြန့်ဆိုပြီးခွဲပြန်တယ်။

    ထိသေ စားသေဆိုတာက ဆေးဖျန်းထားတဲ့အပင်ရဲ့အစိတ်အပိုင်းကို ထိမိ (သို့) စားမိရင် ဆေးရဲ့အဆိပ်က အင်းဆက်ရဲ့အစိတ်အပိုင်းတစ်ခုခုကို အဆိပ်သင့်ပြီး သေစေတာကိုဆိုလိုတာပါ။ ဥပမာ. ကာဗာရိုင်း၊ ဒိုင်မီသရင်၊ ဆိုက်ပါမီသရင်၊ ဒိုင်မီသိုအိတ်တို့က ထိသေတွေပါ။ ထိသေတွေက ဖျက်ပိုးနဲ့ မိတ်ဆွေပိုးမခွဲဘဲ​ ဆေးဖျန်းထားတဲ့အပင်ကိုလာထိတဲ့ ပိုးမှန်သမျှကို သေစေပြီး တစ်ခါတရံမှာ မိတ်ဆွေပိုးတွေပါသေလို့ အရမ်းမသုံးသင့်ဘူး။

    ပင်လုံးပြန့်ဆိုတာက ဆေးရဲ့အာနိသင်က အပင်ရဲ့တစ်ပင်လုံးကို ပြန့်နေတဲ့အတွက် အပင်ကိုဖောက်စား၊ ထွင်းစား၊ အပင်ထဲနေပြီးအပင်ကိုဖျက်ဆီးတတ်သလို သာမန်ထိသေဆေးနဲ့မရတဲ့ ပိုးတွေအတွက် ထိရောက်ပါတယ်။ ဥပမာ. အဆီဖိတ်၊ အင်မီဒါကလိုပရစ်တို့ဖြစ်ပါတယ်။ ပင်လုံးပြန့်တွေကို အပင်တိုက်ရိုက်မသုံးဘဲ ရေဖျော်ပြီး ပင်ခြေလောင်းတာတို့၊ မြေကြီးထဲထည့်တာတို့ လုပ်လို့ရတယ်။

    အားလုံးသိကြတဲ့ တမာပိုးသတ်ဆေးဟာတော့ သဘာဝပိုးသတ်ဆေးဖြစ်ပြီး လူနဲ့ပတ်ဝန်းကျင်ကို အထိခိုက်မရှိစေဘဲ အကုန်အကျနည်းလှတယ်။ တမာပိုးသတ်ဆေးမှာ Azadirachtin ဆိုတဲ့ဓာတ်ပါတယ်။ အဲ့ဒီဓာတ်က အင်းဆက်တွေကို အစားစားချင်စိတ်ဟန့်တားခြင်း၊ ကြီးထွားမှုရပ်တန့်ခြင်း၊ ဥကိုမြုံ​စေခြင်းတို့ကိုဖြစ်စေတယ်။ ဘေးထွက်ဆိုးကျိုးမရှိပေမယ့် ဓာတုဆေးလို ချက်ချင်းမထိရောက်လို့ လူ​ကြိုက်နည်းကြ​တယ်။ စိတ်ရှည်ရှည်နဲ့စွဲသုံးသင့်သလို ကြိုသုံးပေးလည်းရတယ်။

    ဒီစာလေးကိုဖတ်ပြီး တောင်သူတွေလည်း ပိုးသတ်ဆေးတွေကိုအလွယ်တကူခွဲနိုင်မယ်မျှော်လင့်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်