အရောင်အသွေးစုံလင်လှတဲ့ ပန်းဂေါ်ဖီများ

13/01/2022 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

   ပြင်ဦးလွင်ရောက်တိုင်း Kale flowers ကိုတွေ့ရတယ်၊ သူက Ornamental kale ခေါ်သည် ပန်းဂေါ်ဖီရောင်စုံတွေဖြစ်သည်။ အဖြူရောင်၊ ခရမ်းရောင်၊ ပန်းရောင် စသော အရောင်အသွေးစုံ ဂေါ်ဖီပင်လေးတွေက ပန်းခင်းအလှကိုပိုစေပါတယ်။ အနားသပ်လိုင်းကို အရောင်တစ်ခုထားကာစိုက်၊ အတွင်းပိုင်းကို အခြား အရောင်တစ်ခုနဲ့မွမ်းမံလိုက်တော့ လူဖန်တီးထားသော သဘာ၀ပန်းချီကားတစ်ချပ်ပမာ ဖြစ်ရတယ်။ အချို့ အဖြူရောင် kale တွေစုစိုက်ထားတာများ Snow  နှင်းခဲတွေအလားပါဘဲ။ ဒါပေမည့် အများစုက ဒီအပင်တွေကို  ဂေါ်ဖီပင်အနွယ်မှန်းမသိကြဖူး။

   ဒီအပင်လေးတွေကို အစေ့ကနေလည်းစိုက်လို့ရသလို ပျိုးပင်ကနေလည်း ကူးယူစိုက်နိုင်တယ်။ kale တွေက နေရောင်ခြည်ကို နှစ်သက်တယ်။ လောင်းရိပ်ကျသောနေရာမှာ စိုက်လို့ရသော်လည်း နေရောင်ထဲက အပင်လောက် ကြွကြွရွရွ တောက်ပသော အဆင်းရမယ်မထင်ပါ။ ကန်တော်ကြီး ဥယျာဉ်ထဲမှာ kale ရောင်စုံတွေ့ရလို့ ပုံတွေအများကြီးရိုက်ခဲ့တယ်။ နောက်ပြီး တစ်ခုက ဒီအပင်တွေက အအေးလည်း အလွန်ကြိုက်တယ်၊ ဒါကြောင့်လည်း အအေးဓါတ်ပိုပြီး စိုထိုင်းဆများသော မေမြို့လိုနေရာမှာ ဖြစ်ထွန်းတာဖြစ်မယ်။ အညာနေပူပူ မှာဆိုရင်တော့ kale မဖြစ်လာပဲ ကုတ်သွားမှာအသေချာပင်..

ဂေါ်ဖီထုပ် အစ

   ကျနော်တို့စားနေသော “ဂေါ်ဖီထုတ် အစိမ်း” တွေရဲ့ သိပ္ပံအမည်က Brassica oleracea  subsp. capitata  ဖြစ်ပြီး အင်္ဂလိပ်အမည် မှာ Cabbage ဖြစ်တယ်။ တစ်ချို့ကလည်း မုံလာထုပ် ခေါ်ကြတယ်။ ပန်းမုံလာ ခေါ်တဲ့ ပန်းဂေါ်ဖီရဲ့ အမည်က Brassica oleracea subsp. botrytis L.  ဖြစ်တယ်။ English name မှာ Broccoli, Cauliflower ဖြစ်တယ်။ Broccoli က အစိမ်းရောင် Cauliflower က အဝါဖြော့ အဖြူဖြစ်တယ်။ ခဖုဖြူ ရဲ့ အမည်က Brassica rapa L. ဖြစ်တယ်။ မုံညှင်း ကတော့ Brassica campestris L.ဖြစ်တယ်။ English name မှာ Swedish turnip, Wild mustard ဖြစ်တယ်။ Brassica nigra  ကတော့ မုံညှင်းနက်ဖြစ်တယ်။ အချုပ်ပြောရရင် Brassica မျိုးစုအောက် မှာ များစွာသော မျိုးစိတ် species တွေရှိကြတယ်။ မုံညှင်းဖြူ၊ မုံညှင်းနက်၊ ကိုက်လန်၊ မုံညှင်းစိမ်း၊ ခဖု၊ ဂေါ်ဖီထုပ်၊ ပန်းမုံလာ၊ ဘရိုကိုလီး၊ စသည့် အပင်တွေပါတယ်။ အများစုက အရွက်စားဖို့စိုက်ကြတယ်။ 

   kale plant အပင်ရဲ့ ရုက္ခအမည်က Brassica oleracea ဖြစ်တယ်။ ဒါပေမည့် ဂေါ်ဖီထုပ်လို ထုပ်ကျစ်မနေပါဘူး။ သူ့ရဲ့အရွက်တွေက မြင်ရတဲ့အတိုင်း နှင်းဆီပန်းသဖွယ်ဖြစ်လို့နေတယ်။ ရွက်နားလေးတွေ တွန့်ခေါက်နေတာကြောင့် အလှပိုစေတယ်။ Kales တွေဟာ အရိုင်းဂေါ်ဖီ wild cabbage တွေနဲ့ ပိုပြီး နှီးနွယ်ကြတယ်။ Kales တွေမှာ မျိုးပြား varieties တွေရှိပြီး ပုံမှာအတိုင်း အရောင်စုံ ရှိကြတယ်။ 

Kale သမိုင်းကြောင်း

   Middle Ages အဆုံးရောက်သည့်အချိန်ထိ ဥရောပနိုင်ငံတွေမှာ Kale တွေဟာ ထင်ရှားသော အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေဖြစ်ခဲ့တယ်။ (The fourth century BC) ၄ ရာစု ဘီစီလောက်မှာ အနားတွန့်ခေါက်လိမ်နေသော အရွက်တွေပိုင်ဆိုင်နေသော ဂေါ်ဖီထုပ် (Curly-leaved varieties of cabbage) တွေဟာ ဂရိနိုင်ငံမှာ ရှိနေခဲ့တယ်။ ဒီအပင်တွေကို ဆေးဝါးအစားအစာ အရင်းအမြစ်အနေနဲ့ (medicinal food source) အနေနဲ့သုံးစွဲခဲ့ကြတယ်။ Disocorides ရေးထားချက်များအရ kale အပင်ဟာ အူအတွင်းများတွင်ဖြစ်တတ်သော ရောဂါတွေကို ကုသနိုင်တယ်လို့ဆိုတယ်။ Sabellian kale တွေကို kale တွေရဲ့ ဘိုးဘွားအပင်တွေလို့ သတ်မှတ်ကြတယ်။ 

   ၁၆ ရာစုနှစ်လောက်ကတည်းက Kale တွေကို မြောက်အမေရိကမှ ကိုလိုနီများက ယူလာခဲ့သည်။ ၁၉ ရာစုမှာ ရှရှားကိုက်လန်ကို ကနေဒါသို့ မိတ်ဆက်သွင်းယူခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်းက UK မှာ (Dig for Victory campaign) ကမ်ပိုင်း လုပ်ရင်း kale စိုက်ဖို့ အားပေးခဲ့ကြတယ်။ ဒီအသီးအနှံက စိုက်ဖို့ သိပ်လွယ်တယ်၊ ထို့ပြင် လူတွေအတွက် အရေးကြီးသော အဟာရတန်ဖိုးကို ထောက်ပံ့နိုင်ခဲ့တယ်။ အချို့သော မျိုးပြားတွေက ပုမနေဘဲ အပင်အမြင့် ၆ပေ ကနေ ၇ပေ အထိရှိတယ်။ သို့သော်လည်း အချို့ကတော့ ကျစ်လစ်နေတယ်၊ အချိုးစားကျန်နေတယ်၊ စားလို့ရသော အရည်အသွေး ပိုင်ဆိုင်နေတယ်။ အများစုက အရွက်သားကြမ်းတမ်းပြီး စားရင် အစာမကြေပါဘူး၊ Kale အများစုက တစ်နှစ်ခံပင် သို့မဟုတ် ၂ နှစ်ခံပင်တွေဖြစ်ကြတယ်။ kale အစေ့တွေဟာ ဂေါ်ဖီထုပ်အစေ့များ၏ အရွယ်ပုံစံ အရောင်အတိုင်း ဆင်တူကြတယ်။ 

Ornamental kale အလှစိုက် kale များ

   များပြားလှသော kale နဲ့ cabbage တွေကို အလှစိုက်ရာမှာသုံးကြတယ်။ သူတို့၏ တောက်ပသော အဖြူရောင်၊ အနီရောင်၊ ပန်းရောင်၊ လဗင်ဒါအရောင်၊ အပြာ၊ ခရမ်းရောင် အရွက်များနှင့် နှင်းဆီပန်းပုံရစ်ခွေနေသော အတွင်းပိုင်းပုံစံတွေကြောင့် ဖြစ်တယ်။ အလှစိုက် kale အရွက်တွေကလည်း စားမယ်ဆိုစားလို့ရပါတယ်။ ဒါပေမည့် အများစုအတွက် အဆင်မပြေပါဘူး၊ စားကြတာနဲပါတယ်။ အရသာက ဂေါ်ဖီထုတ်တွေလောက် မကောင်းပါဘူး၊ ပန်းအလှဆင်ဖို့သာ (decorative plants) စိုက်ပျိုးကြတယ်။ အရွက်တွေရဲ့အလှကို တစိမ့်စိမ့်ကြည့်ရင်းခံစားကြတယ်။ ပန်းခင်းတွေမှာ Kale ရောင်စုံက Romantic ဆန်သော အလှတရားကိုပေးတယ်။ ခူးစွတ်ခြင်းခံရခြင်း အနည်းဆုံးပန်းလည်းဖြစ်တယ်။ 

   Kale ကို အလှဆင်ထားသော စားပွဲများ၊ ဟော်တယ်များ ပန်းအလှဆင်၊ မင်္ဂလာဆောင် ပန်းစည်းတွေမှာ အလှအပအနေနဲ့ပိုသုံးကြတယ်။ Raw kale အရိုင်းပင် တစ်ပင်မှာ ရေဓာတ် ၈၄ ရာခိုင်နှုန်း၊ ကာဗွန်ဟိုက်ဒိုက် ၉ ရာခိုင်နှုန်း၊ ပရိုတင်း ၄ ရာခိုင်နှုန်းနှင့် အဆီဓာတ် ၁ ရာခိုင်နှုန်း ပါ၀င်ပါတယ်။  ၁၀၀ ဂရမ်ရှိသော kale ကနေ ကယ်လိုရီ ၄၉ ပေးနိုင်သည်။ ထို့ပြင် ဗီတာမင် K ပမာဏများစွာ၊ ဗီတာမင် အေ၊ ဗီတာမင်စီ၊ ဗီတာမင် ဘီ6၊ ဖလိုရိတ် (Folate) နှင့် မန်းဂနိစ့် တို့ပါဝင်သည်။  

   သူတို့ရဲ့ ကျစ်လစ်သော နှင်းဆီပွင့်ပုံစံအလှဟာ တောက်ပလွန်းသော ဂန္ဓမာပန်းများရဲ့အလှကိုတောင် နွေဦးရာသီအစမှာ ခိုးယူသလိုဖြစ်နေတယ်။ kale တွေကို မိမိ ဥယျာဉ်မှာစိုက်ရင် တစ်ပင်ခြင်းစိုက်လည်းလှသလို အစုလိုက် စိုက်ရင်လည်း အလွန်လှပါတယ်။ 

   ဒီနေရာမှာ Kale နဲ့ ဂေါ်ဖီပန်းကွာခြားပုံလေး ပြောပြချင်ပါတယ်။ ပန်းဂေါ်ဖီ နဲ့ Kale ဟာ အရောင် အရွယ် ပုံစံဆင်ကြတယ်၊ ဒါပေမည့် ဂေါ်ဖီအရွက်လေးတွေအနားက ညီညာသောပုံစံရှိကြတယ်။ Kale တွေရဲ့ ရွက်နားက တွန့်လိမ်ခွေခေါက်နေတယ်၊ ဒါကိုက အလှတရား အလှတပါးဖြစ်စေတာပါ။

   အရွက်လေးတွေက သိပ်လှတော့ စားမည့်အစား စားပွဲပေါ်မှာ ပြန့်ပြန်ကလေးထား လှလှလေးခင်း ကြော်လှော်ထားသော ဟင်းလျာတွေကို တည်ခင်း ၊ ဘေးမှာ ဖယောင်းတိုင်လှလှလေးထွန်း၊ ဝိုင်ခွက်ရယ် ဖြည့်စွက်လိုက်ရင် စားချင့်သဖွယ်လေးဖြစ်လာမှာပါ...

ကိုသက်နိုင်ဦး

ဟုမ္မလင်း

 


Farm Link Co.,Ltd ကြော်ငြာ
ဖြုတ်လား..ဗိုက်တာဂရိုကြောင့် ပြုတ်ကုန်ပြီ ဦးကြီးတို့စပါးခင်းမှာ ဖြုတ်ပိုးတွေ အဟုတ်ဆိုးနေလား စပါးဖြုတ်ဆို #ဗိုက်တာဂရိုနဲ့မှ စိတ်ချရတာဗျို့ အခုလိုပူနွေးစိုစွတ်ပြီး စိုထိုင်းဆများတဲ့အခြေအနေမှာ ဖြုတ်ပိုးတွေ ပိုမိုကျရောက်တတ်ပါတယ်။ စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်ပါတယ်။ ဒါ‌ကြောင့် ဦးကြီးတို့ရေ. ဖြုတ်ပိုးကို နိုင်နင်းအောင် ထိန်းချုပ်မှကိုရမယ်ဗျို့ ဒါဆို ဖြုတ်ကို ဘာနဲ့ အပြုတ်ဖြုတ်ကြမလဲ ဖန်းလင့်ရဲ့ #ဗိုက်တာဂရိုနဲ့ဆို အဟုတ်ဆိုးနေတဲ့ ဖြုတ်ပိုးတွေ မျိုးပြုတ်ပြီသာမှတ် ဗိုက်တာဂရိုကို အစွမ်းရှိပစ္စည်း Fenobucarb(BPMC) 50%နဲ့ အထူးထုတ်လုပ်ထားပါတယ်။ ကာဘာမိတ်အုပ်စုဝင်ဖြစ်ပြီး စပါးတွင် ကျရောက်သော ဖြုတ်ညို ၊ဖြုတ်စိမ်း၊ ဖြုတ်ကျောဖြူစတဲ့ ဖြုတ်ပိုးအမျိုးမျိုးတို့ကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်တဲ့ ပိုးသတ်ဆေးဖြစ်ပါတယ်။ အစွမ်းရှိပစ္စည်း Fenobucarbသည် ဖြုတ်ပိုးများ၏ မျိုးဥကို တိုက်ရိုက်ကန်းစေတာမျိုးမဟုတ်ဘဲ မျိုးပွားစနစ်ကိုထိခိုက်စေတာဖြစ်ပါတယ်။ ဒါ့အပြင် ဖြုတ်ကောင်လေးများ၏ ကြီးထွားမှုအဆင့်တိုင်းကိုလည်း တားဆီးပေးနိုင်ပါတယ်။ ဗိုက်တာဂရိုကို ဘာကြောင့်သုံးသင့်တာလဲ? 👉 စပါးပင်ကို ဖျက်ဆီးတဲ့ ဖြုတ်ပိုးများကို လျင်မြန်စွာသေ စေသောကြောင့် သီးနှံပျက်စီးမှုကို အချိန်မီကာကွယ်ပေးနိုင်ပါတယ်။ 👉စပါးပင်ကို ထိခိုက်မှုမရှိဘဲ ဖြုတ်ပိုးများကို ထိရောက်စွာကာကွယ်ပေးပါတယ်။ 👉ဖြုတ်ပိုးများကို အထူးထိရောက်စွာ နှိမ်နင်းနိုင်တဲ့အတွက် ကျန်းမာသန်စွမ်းတဲ့စပါးပင်များကိုရရှိကာ အထွက်တိုး ဝင်ငွေတိုးစေပါတယ်။ သမားရိုးကျမဟုတ်ဘဲ ဆိုးဆိုးဝါးဝါးဖြုတ်ကျနေရင် #ဗိုက်တာဂရို ၅၀ စီစီနှင့် #စက်ကင်းရှယ် ၁၀ ဂရမ် ရောစပ် ပက်ဖျန်းပါ။ ဖြုတ်လား.....ဗိုက်တာဂရိုကြောင့် ပြုတ်ကုန်ပြီတဲ့
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်