စပါးနှင့် အာဆင်းနစ်အဆိပ်သင့်မှုပြဿနာ

17/08/2021 14:45 PM တွင် အေးပွင့်ဖြူ အေးပွင့်ဖြူ မှ ရေးသား

    ဆန်စပါးသည် ကမ္ဘာတစ်ဝှမ်းနိုင်ငံတော်တော်များတွင် အဓိကစားသုံးသော အစားအစာဖြစ်ပါတယ်။ နိုင်ငံအသီးသီးတွင် မတူညီသော စပါးမျိုးများကို စိုက်ပျိုးကြပြီ ကစီဓာတ်ရရှိရန် စားသုံးကြပါတယ်။ အာဆင်နစ်အဆိပ်သင့်မှုကို ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ထိုင်ဝမ်စသော အရှေ့အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများတွင် တွေ့ရှိနေရပါတယ်။ ဘင်္ဂလားဒေ့ရှိနိုင်ငံမှာတော့ အဆိုးရွားဆုံးတွေ့နေရပါတယ်။ ဆန်စပါးသည် အာဆင်းနစ်ကို သွင်းရေ၊ မြေဆီလွာနှင့် သောက်သုံးရေမှ စုပ်ယူပါတယ်။ အာဆင်းနစ်သည် ရေတွင် ပျော်ဝင်နေသောကြောင့် ရေသွင်း၊ ရေလွှမ်း၍ စိုက်ပျိုးရသော စပါးတွင် အာဆင်းနစ်အဆိပ်သင့်မှုကို ပိုမိုတွေ့ရှိရပါတယ်။ အင်အော်ဂဲနစ်အာဆင်းနစ်များသည် မြေကြီးထဲတွင် အချိန်ကာလကြာရှည်စွာတည်ရှိနိုင်ပြီး မိုးရေ၊ မြေအောက်ရေများကို ညစ်ညမ်းစေပါတယ်။ စပါးသည်  အခြားသီးနှံများထက် မြေဆီလွှာနှင့် ရေမှ အာဆင်းနစ်ကို ပိုမိုစုပ်ယူပါတယ်။           

    ဆန်သည် ဆူသောအခါ ချက်ပြုတ်သောရေထဲမှအာဆင်းနစ်ကို အလွယ်တကူ စုပ်ယူသောကြောင့် အာဆင်းနစ်ညစ်ညမ်းနေသောရေများကို အသုံးပြုချက်ပြုတ်ခြင်းက  စိုးရိမ်စရာပြဿနာတစ်ခု ဖြစ်လာပါတယ်။ ဆန်စပါးကို ကာလကြာရှည်စွာစားသုံးခြင်းဖြင့် အာဆင်းနစ်ထိတွေမှုကို မြင့်စေပါတယ်။ လေ့လာချက်တစ်ခုအရ အင်အော်ဂဲနစ်အာဆင်းနစ်ပါဝင်သော ဆန်စပါးကို စားသုံးခြင်းသည် နှလုံးရောဂါနှင့် သေပျောက်မှုများမြင့်နိုင်စွမ်းနှင့် ဆက်စပ်နေပါတယ်။ ဩစတေးလျနှင့် နယူးဇီလန်နိုင်ငံတွင် စပါးအပါအဝင် နှံစားသီးနှံများတွင် နှံစားသီးနှံ ၁ ကီလိုဂရမ်တွင် အာဆင်းနစ် ၁ မီလီဂရမ်ထက်မပါဝင်ရန်သတ်မှတ်ထားပါတယ်။ သောက်သုံးရေတွင် လက်ခံနိုင်သော အာဆင်းနစ်ပမာဏမှာ ရေ ၁ လီတာလျှင် အာဆင်းနစ် ၁၀ မိုက်ခရိုဂရမ် ဖြစ်ပါတယ်။ ကလေးငယ်များအတွက် ဆန်ကိုအခြေခံသော ဖြည့်စွက်စာများတွင် အာဆင်းနစ်ပါဝင်မှုကို သတိပြုသင့်ပါတယ်။

အာဆင်းနစ်ဆိုတာဘာလဲ

    အာဆင်းနစ်သည် ကမ္ဘာ့အဆိပ်သင့်နိုင်ဆုံးဒြပ်စင်များထဲမှ တစ်ခုဖြစ်ပြီး ဓာတုဗေဒသင်္ကေတအနေဖြင့် As ဟုဖော်ပြပါတယ်။ အာဆင်းနစ်ကို အများအားဖြင့် သီးခြားမတွေ့ရပါ။ အခြားသောဒြပ်စင်များနှင့် တွဲစပ်၍တွေ့ရပါတယ်။ အာဆင်နစ်ဓာတ်ပေါင်းတွင် အော်ဂဲနစ်အာဆင်းနစ်နှင့် အင်အော်ဂဲနစ်အာဆင်းနစ်ဟူ၍ နှစ်မျိုးရှိပါတယ်။ အော်ဂဲနစ်အာဆင်းနစ်ကို အပင်နှင့် တိရိစ္ဆာန်တစ်ရှူးများတွင် အဓိကအားဖြင့်တွေ့ရပါတယ်။ အင်အော်ဂဲနစ်အာဆင်နစ်ကို ကျောက်ခဲများ၊မြေကြီးတွင်တွေ့ရပြီး ရေတွင် ပျော်ဝင်နေတတ်ပါတယ်။ အင်အော်ဂဲနစ်အာဆင်းနစ်သည် ပို၍ အဆိပ်သင့်စေပါတယ်။ စပါးတွင်တွေ့ရသော အင်အော်ဂဲနစ်အာဆင်းနစ်မှာ အဆိပ်သင့်နိုင်ဆုံးပုံစံဖြစ်ပါတယ်။

အာဆင်းနစ်၏ ကျန်းမာရေးဆိုးကျိုးများ

    အင်အော်ဂဲနစ်အာဆင်းနစ်ထိတွေ့မှုသည် ချက်ချင်းအကျိုးသက်ရောက်မှုရှိသလို ကာလတာရှည်ကြာမှ အကျိုးသက်ရောက်မှုလည်းရှိနိုင်ပါတယ်။ ချက်ချင်းအကျိုးသက်ရောက်မှုများတွင် ဆိုးရွားစွာအော့အန်ခြင်း၊ ဝမ်းဗိုက်နာကျင်ခြင်း၊ ဝမ်းပျက်ခြင်း၊ သွေးလည်ပတ်မှုတွင် အနှောက်အယှက်ပေးခြင်း စသော လက္ခဏာများကို တွေ့မြင်နိုင်ပါတယ်။ အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဥ်ကာလအတွင်း အာဆင်းနစ်ညစ်ညမ်းနေသော အစားအစာနှင့် ရေကို သောက်သုံးခြင်းဖြင့် ကိုယ်ဝန်ပျက်ကျခြင်း၊ ပေါင်မပြည့်သောကလေးများ မွေးဖွားခြင်း၊ ကလေးများဖွံ့ဖြိုးမှုတွင် ပြဿနာများ ဖြစ်စေနိုင်ပါတယ်။

   အာဆင်းနစ်ကို ကာလကြာရှည်ထိတွေ့မိလျှင် ဆိုးရွားသောကျန်းမာရေးပြဿနာများဖြစ်စေနိုင်ပြီး နာတာရှည်ရောဂါများ ဖြစ်နိုင်စွမ်းကို တိုးစေနိုင်ပါတယ်။ ဖြစ်ပွားနိုင်သော ရောဂါများမှာ

- ကင်ဆာရောဂါအမျိုးမျိုး

- သွေးကြောကျဥ်ခြင်း၊ ပိတ်ဆို့ခြင်း

- သွေးဖိအားမြင့်စေခြင်း

- နှလုံးရောဂါ

- ဆီးချိုးအဆင့် ၂ တို့ဖြစ်ပါတယ်။

   ထို့ပြင် အာဆင်းနစ်သည် အာရုံကြောဆဲလ်များကို အဆိပ်သင့်စေပြီး ဦးနှောက်၏ လုပ်ငန်းဆောင်တာများကို ထိခိုက်စေနိုင်ပါတယ်။ ကလေးများနှင့် ဆယ်ကျော်သက်များတွင် အာရုံစူးစိုက်မှု၊ သင်ယူမှု၊ မှတ်ဉာဏ်နှင့် ဉာဏ်ရေထက်မြက်မှုကို ထိခိုက်စေပါတယ်။ ကာလရှည်စွာ အာဆင်းနစ်အဆိပ်သင့်မှုသည် နှစ်တိုင်း အချိန်မတိုင်ခင်သေဆုံးခြင်းများ(premature deaths)ကို ဦးတည်နိုင်ပါတယ်။ 

ဆန်စပါးမှ အာဆင်းနစ်အဆိပ်သင့်မှုကို လျှော့ချနိုင်မည့်နည်းလမ်းများ

၁။ ဆန်ကို မချက်ပြုတ်ခင်တွင် သန့်ရှင်းသောရေဖြင့် သေချာစွာ ထပ်ခါထပ်ခါဆေးကြောခြင်းဖြင့်  ဆန်စေ့ပေါ်ရှိ အဆိပ်ရှိပစ္စည်းများကို ဖယ်ထုတ်နိုင်ပါတယ်။

၂။ ဆန် ၁ ဆလျှင် ရေ ​၆ ဆဖြင့် ချက်ပြီး ပိုလျှံသောရေများကို သွန်ပစ်ပါ။ ဤနည်းလမ်သည် အိန္ဒိယအရှေ့ပိုင်းတွင် ထင်ရှားပြီး စပါးမှ အဆိပ်ပစ္စည်းများအာလုံးကို ဖယ်ထုတ်ပေးပါတယ်။

၃။ ဆန်ညိုက ဆန်ဖြူထက် အာဆင်းနစ်ပါဝင်မှုပိုများပါတယ်။ မြန်မာလူမျိုးများအနေဖြင့် ထမင်းကို ပမာဏများစွာစားသုံးသောကြောင့် ဆန်ဖြူကို ရွေးချယ်စားသုံးသင့်ပါတယ်။

၄။ နွေရာသီတွင်တွင် စိုက်ပျိုးသောစပါးများသည် အာဆင်းနစ်ညစ်ညမ်းသောရေကို ပိုမိုအသုံးပြုရသောကြောင့် နွေရာသီးစပါးများစားသုံးခြင်းကို  ရှောင်ရှားသင့်ပါတယ်။

     ကျွန်မတို့မြန်မာနိုင်ငံသည် ဆန်ကို အဓိကစားသုံးသောနိုင်ငံဖြစ်သောကြောင့် အာဆင်းနစ်အဆိပ်သင့်မှုကို သတိပြုပြီး ကျန်းမာရေးအသိဖြင့် စားသုံးနိုင်ကြပါစေရှင့်။

Reference

https://www.healthline.com/nutrition/arsenic-in-rice

https://www.firstpost.com/health/arsenic-poisoning-and-rice-thorough-washing-cooking-in-excess-water-may-help-cut-exposure-8675691.html

ငါးပိ အာဆင်းနစ်၊ ယူရီးယားနှင် ့ကျန်းမာရေးအန္တရာယ်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်