ပြောင်းလဲလာတဲ့ ပိုးသတ်ဆေးများရဲ့ သမိုင်းကြောင်း

15/11/2023 11:00 AM တွင် ဖုန်းမဏ်တိုး ဖုန်းမဏ်တိုး မှ ရေးသား

ပိုးသတ်ဆေးတွေကို စိုက်ခင်းထဲက ပိုးတွေ သေအောင်၊ ပြေးအောင်၊ အပင်တွေမှာ မကျအောင် သုံးကြပါတယ်။

ပိုးသတ်ဆေး အုပ်စုဆိုတာက ဓာတုဖွဲ့စည်းမှုအခြေခံတူပြီး အဆိပ်သင့်တဲ့ပုံစံတူ ဆေးတွေကို တစ်စုတည်း ထား ထားတာဖြစ်ပါတယ်။  ပိုးသတ်ဆေးတွေက ဟိုးယခင်ခေတ်ကတည်းကစပြီး ယနေ့အထိ အမျိုးမျိုး ပေါ်ပေါက်လာတယ်၊ ထီထွင်ထုတ်လုပ်လာကြတယ်ဆိုတာ ပိုးတွေက ဆေးတွေရဲ့ ဒဏ်ကို ခံနိုင်ရည်ရှိလာတာတွေ၊ အပင်လောင်ပြီး ထိခိုက်တာတွေနဲ့ ပတ်ဝန်းကျင်ကိုထိခိုက်တာတွေကြောင့် အခုလိုအမျိုးမျိုး ပြောင်းလဲလာရတာဖြစ်ပါတယ်။ ကော့ပါး၊ ထုံး၊ ကန့်မှုန့် (ဆာလ်ဖာ)၊ အိမ်သုံးဆားစတာတွေကို စိုက်ခင်းထဲက ဖျက်ပိုးတွေအတွက် စပြီး သုံးကြပါတယ်။ အဲ့နောက်ပိုင်းမှာတော့ အာစင်းနစ်နဲ့ ခဲ၊ ပြဒါးတွေပါဝင်တဲ့ ပိုးသတ်ဆေးတွေကို ထီထွင်ကြလာပါတယ်။ ပြီးတဲ့နောက်မှာ DDT လို့ခေါ်တဲ့ ပိုးသတ်ဆေး ပေါ်လာပါတယ်။

DDTက အော်ဂန်နိုကလိုရင်း (Organochlorine), OC ဆေးအုပ်စုဝင်ပဲ ဖြစ်ပါတယ်။  အားလုံးသိတဲ့အတိုင်း ဒီဆေးက သိပ်ကို အဆိပ်ပြင်းပြီး အန္တရာယ်ကြီးတဲ့အတွက် သတ္တဝါတော်တော်များများကို ဒုက္ခဖြစ်စေလာပါတယ်။ ထို့အတွက်  နောက်ထပ် ဆေးအုပ်စု ထွင်ရပြန်ပါတယ်။

အဲ့ဒါကတော့ အော်ဂန်နိုဖော့စဖိတ် (Organophosphate)  OP ဆေးတွေပါပဲ။ သူ့ထဲမှာတော့ မာလာသီရွန် (Malathion), ဒိုင်ယာဇီနွန် (Diazinon), ကလိုပိုင်ရီဖော့ (Chlorpyriphos) ဆေး၊ ပရိုဖန်နိုဖော့ (Profenofos) ဒိုင်မီသိုအိတ် (Dimethoate) စတဲ့ ဆေး အေအိုင် တွေပါပါတယ်။ ဒီအုပ်စုကလဲ မထူး ဇာတ်ခင်းပြီး ရှေးမူ မပျက် လူ နဲ့ ပတ်ဝန်းကျင်ကို ထိခိုက်မှု ပြင်းထန်နေပါတယ်။ ဒီအခါမှာတော့ ကာဘာမိတ် အုပ်စုတွေ (Carbamate) ဆေး အုပ်စု OP တွေနဲ့ သိပ်မကွာဘဲ ပြိုင်တူ ထုတ်ပြန်ပါတယ်။

ကာဘာမိတ်ဆေး အချို့ကတော့ - ကာဘာရိုင်း (Carbaryl, Sevin), (Carbofuran, Furadan), ကာဘိုဆာလ်ဖန် (Carbosulfan), (Thiodicarb) (Fenoxycarb) (Aldicarb) (Methomyl) (Oxamyl) စသည်တို့ဖြစ်ပါတယ်။  ကာဘာမိတ်ဆေးတွေကို ပိုးတွေက ကြာတော့ ဒဏ် ခံနိုင်ရည် ရှိလာတာတွေ နဲ့ မလိုလားတဲ့နေရာတွေမှာ အဆိပ်သင့်တာတွေက ရှိလာပြန်တော့ နောက်ထပ် အုပ်စုတွေဖြစ်တဲ့ပယ်ရီသရိုက် (Pyrethroid)၊ နီအိုနီကိုတင်နွိုက် (Neonicotinoid) စတဲ့ ဆေး အုပ်စုသစ်တွေ ထပ်ထပ်ထုတ်လာရပြန်ပါတယ်။ နောက်ထပ် လူနဲ့ ပတ်ဝန်းကျင် အဆိပ်သင့် အန္တရာယ်တွေကနေ လျော့ကျဖို့ ထုတ်ထားတဲ့ အုပ်စုကတော့ အေမိုက် ပိုးသတ်ဆေးတွေပဲ ဖြစ်ပါတယ်။

အေမိုက် ပိုးသတ်ဆေး အုပ်စု (Amide) ထဲမှာတော့ tetraniliprole, cyclaniliprole, chlorantraniliprole, cyantraniliprole, bromoantraniliprole, flonicamid, tolfenpyrad, flonicamidand, flubendiamide စတဲ့ ဆေးအေအိုင် တွေပါဝင်ပါတယ်။ 

အခု ထုတ်ထားတာက အရမ်းလည်း မကြာသေးဘူး မြန်မာပြည်ကိုလည်း ရောက်လာပြီဖြစ်တဲ့ ဆေးအုပ်စုတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒါကတော့ ဒိုင်အေမိုက် ပိုးသတ်ဆေး အုပ်စု (Diamide) တွေပဲဖြစ်ပါတယ်။  ဒိုင်အေမိုက်ဆိုတာ အေမိုက် အုပ်စုရဲ့ အောက်က အခွဲ တစ်ခု ဖြစ်ပါတယ်။ ဘာကွာလဲဆိုရင် အကြမ်းဖျင်းတော့ ဓာတုတည်ဆောက်မှုအရ အေမိုက်အုပ်စု နှစ်ခု ပါဝင်တယ်လို့ပဲ အကြမ်းဖျဉ်း မှတ်ပေးပါ။ 

မြန်မာပြည်နဲ့ သင့်တော်တဲ့ဒိုင်အေမိုက်ဆေးအုပ်စုအကြောင်းသိချင်တယ်ဆိုရင်တော့ အောက်ကလင့်ခ်ကနေ ဖတ်နိုင်ပါတယ်။

 ဒိုင်အေမိုက် ပိုးသတ်ဆေးအုပ်စုထဲက မြန်မာပြည်နဲ့သင့်တော်တဲ့ အစွမ်းထက်အေအိုင် (၄) မျိုး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်