ဖျက်ပိုးတွေပြေးစေမယ့် အပင် (၈) မျိုး

16/07/2021 13:30 PM တွင် ထွန်းရာဇာ ထွန်းရာဇာ မှ ရေးသား

    အင်းဆက်ဖျက်ပိုးတွေဆိုတာ စိုက်ပျိုးရေးလုပ်ကိုင်သူတွေအတွက်တော့ ကြီးမားတဲ့ရန်သူတော်လေးတွေပါပဲ။ စိုက်ခင်းထဲမှာ ဒီကောင်တွေဖျက်ဆီးပြီဆိုရင် သီးနှံပင်တွေ အထွက်နှုန်းကျကာ အရည်သွေးညံ့ဖျင်းတာတွေ ဖြစ်တတ်လို့ပါ။ သူတို့ကိုနှိမ်နင်းဖို့အတွက် ဓာတုပိုးသတ်ဆေးတွေသုံးရင်လည်း ကုန်ကျစရိတ်တွေရှိသလို ပတ်ဝန်းကျင်အတွက် ဆိုးကျိုးတွေလည်း ရှိနေပြန်ပါတယ်။ ဒါကြောင့် ကုန်ကျစရိတ်သက်သာပြီး ပတ်ဝန်းကျင်ကို ဆိုးကျိုးမရှိသလောက်နည်းစေကာ အင်းဆက်ဖျက်ပိုးတွေကို အတိုင်းတာတစ်ခုထိ တွန်းလှန်ပေးနိုင်တဲ့အပင်တွေကို ပြောပြပေးချင်ပါတယ်ဗျ။

၁။ ပင်စိမ်း (Basi)

  ပင်စိမ်းက ခြင်အပါအဝင် ဥနီမှာကျရောက်တဲ့ယင်များ၊ ကညွတ်ကျိုင်း၊ ယင်ဖြူ၊ လှေးပိုး တို့ကိုတွန်းလှန် ကာကွယ်ပေးပါတယ်။ ဒါ့ကြောင့် ဒီကောင်တွေ ကျရောက်တဲ့စိုက်ခင်းဘေးမှာ ပင်စိမ်းကို အိုးနဲ့ဖြစ်ဖြစ်၊ မြေမှာချစိုက်တာဖြစ်ဖြစ် ပတ်ပတ်လည်စိုက်ထားပေးပါ။

၂။ ကြက်သွန်မိတ်(Chives)

    ကြက်သွန်မိတ်ကို စိုက်ခင်းထဲစိုက်ထားမယ်ဆိုရင် ပျ၊ မွှားပင့်ကူများ၊ ဥနီမှာကျရောက်တဲ့ယင်များ (carrot flies) နဲ့  Japanese beetle တွေကို တွန်းလှန်ပေးပါလိမ့်မယ်။

၃။ စမုန်ဖြူ(Thyme)

    စမုန်ဖြူအနံ့ကြောင့် ဂေါ်ဖီထုပ်လိပ်ပြာ၊ ဂေါ်ဖီထုပ်ပိုး (cabbage looper)၊ Corn earworm၊ နဲ့ ပျ များကင်းဝေးစေပါလိမ့်မယ်။ ဒါ့အပြင် စမုန်ဖြူက ဟင်းခပ်အမွှေးအကြိုင်အဖြစ်သုံးကြသလို ဆေးဖက်လည်းဝင်တာမို့ စိုက်ထားသင့်ပါတယ်။ 

၄။ စပါးလင် (lemongrass)

    စပါးလင်ကိုလည်း ဟင်းခပ်အမွှေးအကြိုင်အဖြစ်သုံးကြပြီး သူ့ရဲ့အနံ့က ခြင်၊ ယင်၊ မှတ် ၊ ပုရွတ်ဆိတ်နဲ့ အခြားသောဖျက်ပိုးတွေကို တားဆီးပေးပါတယ်။

၅။ ဂန္ဓမာပန်း (Chrysanthemums)

    ဂန္ဓမာက သဘာဝအလျှောက်သူ့အပင်ထဲမှာကို Pyrethrum လို့ခေါ်တဲ့ ဖျက်ပိုးတွေကိုတွန်းလှန်နိုင်တဲ့ ကွန်ပေါင်းဓာတ်ပါဝင်တာမို့ ပိုးသတ်ဆေးထုတ်ရာမှာ သုံးကြပါတယ်။ မွှားပင့်ကူ၊ လှေးကျိုင်း၊ ဂေါ်ဖီထုပ်ဖလံ၊ ပုရွတ်ဆိတ်၊ ကပ်ပါးပိုးကောင်များ၊ silverfish နဲ့  Japanese beetle တို့ကို တွန်းလှန်ပေးပါတယ်။

၆။ ပူစီနံ (spearmint)

    ပူစီနံပင်စိုက်ထားမယ်ဆိုရင် ပျများ၊ ဖလံကောင်များ၊ ကျိုင်းကောင်များ၊ ဂေါ်ဖီထုပ်ဖလံ၊ လှေးကျိုင်း၊ သခွားမွှေးတွင်ကျရောက်သော ဂျပိုးများ( squash bugs)၊ ကြွက်၊ ပုရွတ်ဆိတ်များ ကို ကင်းဝေးစေပါတယ်။

၇။ ကြက်သွန်ဖြူ (Garlic)

    သူ့ရဲ့စူးရှတဲ့အနံ့ကြောင့် ပက်ကျိ၊ ခရု၊ ပျများ၊ ဖလံကောင်၊ ဂျပိုးတွေနဲ့ယင်ကောင်တွေကို တွန်းလှန်ပေးပါတယ်။

၈။ ချစ်တီးပန်း (Marigold)

    ချစ်တီးပန်းကလည်း ဂန္ဓမာလို Pyrethrum ပါတဲ့အပင်ဖြစ်ပြီး ဖျက်ပိုးတွေကို တွန်းလှန်ပေးတာမို့ စိုက်ခင်းဘေးမှာ စိုက်ထားသင့်ပါတယ်။

    အကြမ်းဖျင်း အလွယ်မှတ်ထားချင်တယ်ဆိုရင်တော့ မတူညီသောအနံ့တွေပါဝင်တဲ့ ဟင်းခပ်အမွှေးအကြိုင်ပင်တွေ၊ ဆေးဘက်ဝင်အပင်တွေ၊ အရောင်သွေးစုံလင်တဲ့ပန်းပင်တွေကို တစ်နိုင်တပိုင်စိုက်ခင်းနဲ့ စီးပွားဖြစ်စိုက်ခင်းတွေဘေးမှာ  စိုက်ထားမယ်ဆိုရင် ဖျက်ပိုးများကို အတိုင်းတာတစ်ခုထိ ထိန်းချုပ်ပေးပါလိမ့်မယ်ဗျ။

Ref; https://en.wikipedia.org/wiki/List_of_pest-repelling_plants

https://www.masterclass.com/articles/garden-plants-that-repel-pests-naturally


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်