ဝက်အရှင်ဖမ်းဈေးကျလို့ မွေးမြူသူတွေ တွက်ချေမကိုက်ဖြစ်နေ

11/02/2026 09:04 AM တွင် AMIA AMIA မှ ရေးသား

ပြည်တွင်းဝက်မွေးမြူရေးကဏ္ဍမှာ အစာစျေးနှုန်း ၊ ဝက်သားပေါက်စျေး မြင့်တက်နေပြီး ဝက်အရှင်ခြံဖမ်းစျေး ကျဆင်းနေတဲ့အတွက် ဝက်မွေးမြူရေးလုပ်ကိုင်သူတွေ တွက်ခြေမကိုက်ဘဲ ဖြစ်နေရတယ်လို့ သိရပါတယ်။

လက်ရှိမှာ ဝက်အစာစျေးနှုန်းက ဆက်တိုက်ဆိုသလို မြင့်တက်လာနေပြီး ယခု ဖေဖော်ဝါရီ ၈ ရက်နေ့ကဆိုရင်လည်း ကုမ္ပဏီထုတ် ဝက်အစာတောင့် တစ်အိတ်ကို အမျိုးအစားအလိုက် ၁၅၀၀ မှ ၂၅၀၀ ကျပ်လောက် ထပ်တက်လာတယ်လို့ သိရပါတယ်။

ကုမ္ပဏီထုတ် ဝက်စာစျေးနှုန်းက ယခင် 25 Kg  တစ်အိတ်ကို  ၃၀၀၀၀ ကျော်မှ ၄၀၀၀၀ ကျပ်ကျော်သာရှိခဲ့ပေမယ့် လက်ရှိမှာတော့ 25 Kg တစ်အိတ်ကို ၆၀၀၀၀ ကျပ်ကျော်မှ ၁ သိန်းကျပ်ကျော်အထိ စျေးရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။ 

" အစာစျေးက လတိုင်းလိုလို တက်လာတယ်။ ဝက်စျေးကတော့ ၂၀၀၀၀ ကနေ ပြန်ကျသွားတယ်။ အစာစျေးနဲ့ ဝက်သားပေါက်စျေးက မြင့်နေတော့ မကိုက်ပါဘူး ။ ၁၈၀၀၀ စျေးရောင်းရတောင်ရှုံးပါတယ်။ အစာစျေးတွေက ထက်ဝက်တွေကို တက်သွားတာ။ ဒီတော့ အရင်က ဝက်တစ်ကောင်ကို  အစာစရိတ်က ၃ သိန်း ၅၀၀၀၀ ကုန်ရင် အခု ၇ သိန်းကုန်မယ်။ အဲဒါအစာဖိုးပဲရှိသေးတယ်။ ဝက်သားပေါက်ဖိုး ၊ ဆေးဖိုး မပါသေးဘူး " လို့ ပဲခူးအရှေ့ခြမ်းရှိ  ဝက်မွေးမြူရေးလုပ်ကိုင်သူ ကိုစိုးနိုင်က ပြောပါတယ်။ 

လက်ရှိမှာ ဝက်သားပေါက်စျေးနှုန်းက ဝက်အသက် တစ်လသားအရွယ် ဝက်သားပေါက် တစ်ကောင်ကို ၃၅၀၀၀၀ ကျပ်မှ ၄၀၀၀၀၀ ကျပ်ရှိနေကြောင်း ယခင်ကမူ ဝက်သားပေါက်တစ်ကောင်ကို ၁၂၀၀၀၀ မှ ၁၆၀၀၀၀ ကျပ်လောက်သာ ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဝက်ကြီး အရှင်ခြံဖမ်းစျေးကတော့ နေရာဒေသအပေါ်လိုက်ပြီး စျေးနှုန်းကွာဟမှုရှိနေရာ  တစ်ပိဿာကို ၁၂၀၀၀ မှ ၁၇၀၀၀ ကျပ်အထိသာ စျေးပေးဝယ်ယူမှု ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။ 

" ဝက်မွေးရတာ မဟန်ဘူး။ အနည်းဆုံး ၁၀ ကောင်လောက်မွေးမှ ရောင်းရတာ အဆင်ပြေတယ်။ အဲဒီအောက်မွေးရင် ပွဲစားတွေက စျေးနှိမ်ချင်ကြတယ်။ အခုမွေးသာထားတာ တွက်ကြည့်ရင် မကိုက်ဘူး ။ ၂၀၀၀၀ စျေးကျော်မှ အမြတ်ရနိုင်မယ်။ အခုက ဝက်ကြီးကို  ကားတစ်စီး စား ရောင်းနိုင်မှ တစ်ပိဿာကို ၁၅၀၀၀ စျေးပဲ ရတယ် ။ ဒီတသုတ်ပြီးရင် နားအုံးမယ် မမွေးသေးဘူး " လို့ နေပြည်တော်မှ ဝက်မွေးမြူရေး လုပ်ကိုင်သူ ကိုဝင်းက ပြောပါတယ်။

ဝက်သားပေါက် တစ်လသားအရွယ်ကနေ ရောင်းတန်းဝင် ဝက်ကြီးအရွယ် ရောက်သည်အထိဆိုရင် အချိန်ကာလ ၄ လမှ ၅ လဝန်းကျင် မွေးမြူရတာ ဖြစ်ကြောင်း မွေးမြူစဥ်အတွင်း  ဝက်အသေအပျောက် မရှိဘဲ ဝက်ကြီးထွားနှုန်း ကောင်းပြီး တစ်ကောင်ကို ပိဿာချိန် ၆၀ လောက်ရှိကာ ခြံဖမ်းစျေးကလည်း တစ်ပိဿာကို ၂၀၀၀၀ အထက်ကျော်မှသာ မွေးမြူရေးလုပ်ကိုင်သူတွေ အဆင်ပြေနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဝက်ကြီး အရှင်ခြံဖမ်းစျေးက ကျနေပြီး အစာစျေးနဲ့ ဝက်သားပေါက်စျေးက မြင့်နေတဲ့ အတွက် တွက်ချေမကိုက်တာကြောင့် တနိုင်တပိုင် ဝက်မွေးမြူရေးလုပ်ကိုင်သူ နည်းနေတယ်လို့ သိရပါတယ်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်