မျိုးအလိုက်၊ ဒေသရာသီအလိုက် ခရမ်းချဉ်သားတက်ဖဲ့ပါ

30/07/2020 11:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ခရမ်းချဉ်ပင်ကို သားတက်ဖဲ့ခြင်းရဲ့ အဓိကရည်ရွယ်ချက်ကဘာလဲ?

    သားတက်ဖဲ့ပေးခြင်းကြောင့် ခရမ်းချဉ်ပင်ရဲ့အစာတွေဟာ အသီးဆီကိုပဲ ဦးတည်ပြီး ရောက်ရှိသွားလို့ပဲ ဖြစ်ပါတယ်။ 

သားတက်ဖဲ့ခြင်းမပြုခင် ကိုယ်စိုက်ပျိုးထားတဲ့ခရမ်းချဉ်ပင်ဟာ ပင်ပုမျိုး/တိုင်လွတ်မျိုး လား၊ ဒါမှမဟုတ် ပင်ရှည်မျိုး/ တိုင်ထောင်မျိုးလား အရင်သိရှိရပါမယ်။ မြန်မာပြည်မှာတော့ ပင်လတ်မျိုး(semi-determinate) တွေ များပါတယ်။  သားတက်ဖဲ့တဲ့လုပ်ငန်းစဉ်ကို တိုင်ထောင်မျိုးတွေမှာ မဖြစ်မနေလုပ်ပေးသင့်ပါတယ်။ တိုင်လွတ်မျိုးတွေမှာတော့ မိမိမျိုး အနေအထားအရ လုပ်သင့်မလုပ်သင့် ဆုံးဖြတ်ပါ။

ဟု စိုက်ပျိုးရေးပညာရှင် ဦးအောင်ကိုလတ် က ပြောပါတယ်။

သားတက် (sucker) ဆိုတာဘာလဲ?

    သားတက်ဆိုတာ ပန်းခိုင်တစ်ပါတည်းပါတတ်တဲ့ ဘေးကိုင်းဖြစ်ပြီး၊ အဲ့ဒီသားတက်မပယ်ရင် အပင်ရဲ့  အဓိကပန်းခိုင်တွေမှာ အသီးသေးခြင်း၊ အသီးအရေအတွက်နည်းခြင်း၊ အသီးရင့်မှည့်ချိန်နောက်ကျခြင်း၊ ပိုး/ရောဂါကျလွယ်ခြင်း၊ ဆေးဖျန်းရခက်ခဲခြင်း၊ ဆေးဖိုးနဲ့လုပ်အားခ ပိုမိုကုန်ကျခြင်း စတဲ့ဆိုးကျိုးတွေ တွေ့ရတတ်တယ်လို့ ဦးအောင်ကိုလတ်က ဆိုပါတယ်။

    ခရမ်းချဉ်ပင်ကို နေရောင်ခြည်သုံး သကြားစက်ရုံလို့ တင်စားကြပြီး ခရမ်းချဉ်ပင်က အစာဖြစ်တဲ့ သကြားဓာတ်တွေ ထုတ်လုပ်ပါတယ်။ အဲဒီ့အစာတွေကို အပင်အစိတ်အပိုင်းတွေ တည်ဆောက်ဖို့နဲ့ အသီးတွေကြီးထွားဖို့ အသုံးပြုပါတယ်။ ခရမ်းချဉ်ပင်က စိုက်ပြီးပထမလအတွင်းမှာ ပင်ပိုင်းကြီးထွားခြင်းပဲ ဦးစားပေးလုပ်ဆောင်ပြီး၊ နှစ်ပတ်အတွင်းမှာ နဂိုအရွယ်အစားထက် နှစ်ဆကြီးတဲ့အထိ ပင်ပိုင်းကြီးထွားမှု မြန်ဆန်လာပါတယ်။ အရွက် (၁ဝ)ရွက်နဲ့ (၁၃)ရွက် (မျိုးအလိုက်ကွဲပြား) ရှိရင် ပထမဆုံးပန်းခိုင်စထွက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ပင်စည်ကနေ သားတက်တွေ ထပ်ထွက်လာတာဖြစ်ပါတယ်။ 

ခရမ်းချဉ် သားတက်ဖဲ့ခြင်းမှာ…

    သားတက်ဖဲ့ခြင်း (pinching off suckers)၊ ထိပ်ဖျားဖြတ်ခြင်း (topping)၊ အမြစ်ဖြတ်ခြင်း (root cutting)၊ အရွက်ညှပ်ခြင်း (leaf removing) စတာတွေ အားလုံးလည်း အကျုံးဝင်ပါတယ်။ သီးကိုင်းမွေးခြင်း သားတက်ဖဲ့ခြင်း လုပ်ငန်းစဉ်တွေကို ခရမ်းချဉ်မျိုးအလိုက်၊ ဒေသရာသီအလိုက် အခြေအနေအရ ဆောင်ရွက်ရတာဖြစ်ပါတယ်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်