မျိုးအလိုက်၊ ဒေသရာသီအလိုက် ခရမ်းချဉ်သားတက်ဖဲ့ပါ
ခရမ်းချဉ်ပင်ကို သားတက်ဖဲ့ခြင်းရဲ့ အဓိကရည်ရွယ်ချက်ကဘာလဲ?
သားတက်ဖဲ့ပေးခြင်းကြောင့် ခရမ်းချဉ်ပင်ရဲ့အစာတွေဟာ အသီးဆီကိုပဲ ဦးတည်ပြီး ရောက်ရှိသွားလို့ပဲ ဖြစ်ပါတယ်။
သားတက်ဖဲ့ခြင်းမပြုခင် ကိုယ်စိုက်ပျိုးထားတဲ့ခရမ်းချဉ်ပင်ဟာ ပင်ပုမျိုး/တိုင်လွတ်မျိုး လား၊ ဒါမှမဟုတ် ပင်ရှည်မျိုး/ တိုင်ထောင်မျိုးလား အရင်သိရှိရပါမယ်။ မြန်မာပြည်မှာတော့ ပင်လတ်မျိုး(semi-determinate) တွေ များပါတယ်။ သားတက်ဖဲ့တဲ့လုပ်ငန်းစဉ်ကို တိုင်ထောင်မျိုးတွေမှာ မဖြစ်မနေလုပ်ပေးသင့်ပါတယ်။ တိုင်လွတ်မျိုးတွေမှာတော့ မိမိမျိုး အနေအထားအရ လုပ်သင့်မလုပ်သင့် ဆုံးဖြတ်ပါ။
ဟု စိုက်ပျိုးရေးပညာရှင် ဦးအောင်ကိုလတ် က ပြောပါတယ်။
သားတက် (sucker) ဆိုတာဘာလဲ?
သားတက်ဆိုတာ ပန်းခိုင်တစ်ပါတည်းပါတတ်တဲ့ ဘေးကိုင်းဖြစ်ပြီး၊ အဲ့ဒီသားတက်မပယ်ရင် အပင်ရဲ့ အဓိကပန်းခိုင်တွေမှာ အသီးသေးခြင်း၊ အသီးအရေအတွက်နည်းခြင်း၊ အသီးရင့်မှည့်ချိန်နောက်ကျခြင်း၊ ပိုး/ရောဂါကျလွယ်ခြင်း၊ ဆေးဖျန်းရခက်ခဲခြင်း၊ ဆေးဖိုးနဲ့လုပ်အားခ ပိုမိုကုန်ကျခြင်း စတဲ့ဆိုးကျိုးတွေ တွေ့ရတတ်တယ်လို့ ဦးအောင်ကိုလတ်က ဆိုပါတယ်။
ခရမ်းချဉ်ပင်ကို နေရောင်ခြည်သုံး သကြားစက်ရုံလို့ တင်စားကြပြီး ခရမ်းချဉ်ပင်က အစာဖြစ်တဲ့ သကြားဓာတ်တွေ ထုတ်လုပ်ပါတယ်။ အဲဒီ့အစာတွေကို အပင်အစိတ်အပိုင်းတွေ တည်ဆောက်ဖို့နဲ့ အသီးတွေကြီးထွားဖို့ အသုံးပြုပါတယ်။ ခရမ်းချဉ်ပင်က စိုက်ပြီးပထမလအတွင်းမှာ ပင်ပိုင်းကြီးထွားခြင်းပဲ ဦးစားပေးလုပ်ဆောင်ပြီး၊ နှစ်ပတ်အတွင်းမှာ နဂိုအရွယ်အစားထက် နှစ်ဆကြီးတဲ့အထိ ပင်ပိုင်းကြီးထွားမှု မြန်ဆန်လာပါတယ်။ အရွက် (၁ဝ)ရွက်နဲ့ (၁၃)ရွက် (မျိုးအလိုက်ကွဲပြား) ရှိရင် ပထမဆုံးပန်းခိုင်စထွက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ပင်စည်ကနေ သားတက်တွေ ထပ်ထွက်လာတာဖြစ်ပါတယ်။
ခရမ်းချဉ် သားတက်ဖဲ့ခြင်းမှာ…
သားတက်ဖဲ့ခြင်း (pinching off suckers)၊ ထိပ်ဖျားဖြတ်ခြင်း (topping)၊ အမြစ်ဖြတ်ခြင်း (root cutting)၊ အရွက်ညှပ်ခြင်း (leaf removing) စတာတွေ အားလုံးလည်း အကျုံးဝင်ပါတယ်။ သီးကိုင်းမွေးခြင်း သားတက်ဖဲ့ခြင်း လုပ်ငန်းစဉ်တွေကို ခရမ်းချဉ်မျိုးအလိုက်၊ ဒေသရာသီအလိုက် အခြေအနေအရ ဆောင်ရွက်ရတာဖြစ်ပါတယ်။
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ကျနောရဲ့လယ်ကွက်ထဲကမြက်ကြိမ်ပင်အမြစ်နှင့်အငုပ်တွေကအရွက်မရှိဘူးဆရာဂလိုင်ဖိုဆေ့့ဖြန်ရင်သေနိုင်မလားဘာလုပ်ရင်ကောင်းမလဲ။လက်နှင့်ကောက်ရင်မဖြစ်နိုင်လို့ပါ။
U Win Zaw • ဖြေကြားချက် 1 ခု
ယင်ဖြူနဲ့ဖူးစားပိုးရွက်စားပိုးနဲ့မှုိရောဂါတွေအတွက်ဘယ်လို့ထိထိရောက်ရောက်ရောဖျန်းရမလဲဖျန်းရမဲ့အတွဲလေးသိရင်ဖြေပေးပါလားဆရာတို့တချု့အရွက်တွေယင်ဖြူကြောင့်မဲတာပြောင်အောင်ဘယ်လို့လုပ်ရ
မောပ်တိုးတတ် • ဖြေကြားချက် 3 ခု
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022