ရင်ကိုအေးစေတဲ့ ထန်းသီးရဲ့ ကျန်းမာရေးကောင်းကျိုးများ

29/05/2024 11:00 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

ရာသီစာဖြစ်တဲ့ ထန်းသီးနုနု ချိုချိုမွှေးမွှေးလေး စားရတာ ကြိုက်နှစ်သက်ပါသလား။ ထန်းသီးဟာ အာဟာရဓာတ်ပြည့်ဝပြီး ပုံစံမျိုးစုံနဲ့ ပြုလုပ်စားသုံးနိုင်တဲ့ အသီးအနှံဖြစ်ကာ ကျန်းမာရေး အကျိုးကျေးဇူးများကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ထန်းသီးဟာ တောင်အာရှနဲ့ အရှေ့တောင်အာရှမှာ ပေါက်ရောက်တဲ့ မူရင်းသီးနှံဖြစ်ပြီး နောက်ပိုင်းမှာတော့ ကမ္ဘာ့နေရာအနှံ့ ပျံ့နှံ့သွားခဲ့တာ ​ဖြစ်ပါတယ်။ ထန်သီးမှာ မရှိမဖြစ်လိုအပ်သော ဗီတာမင်ဓာတ်​နဲ့ သတ္တုဓာတ်များ ပါဝင်နေတဲ့အပြင် ၎င်းဟာ ကိုယ်အလေးချိန် လျှော့ချရာမှာလည်း အထောက်အကူဖြစ်စေနိုင်တဲ့ အဖိုးတန်ဖြည့်စွက်စာတစ်ခု ဖြစ်ပါတယ်။

ထို့ကြောင့် ယခုဆောင်းပါးမှာတော့ ထန်းသီးစားသုံးခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

ပါဝင်သော အာဟာရဓာတ်များ

ထန်းသီးမှာ ရေဓာတ်အများဆုံး ပါဝင်နေတာဖြစ်ပြီး ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်နေတာဖြစ်ပါတယ်။ ထို့အပြင် ထန်းသီးဟာ အမျှင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများရဲ့ အကောင်းဆုံး အရင်းအမြစ်တစ်ခုလည်း ဖြစ်ပါတယ်။ ထန်းသီးမှာပါဝင်တဲ့ အိုမီဂါ-၃ ဖက်တီးအက်ဆစ် (omega-3 fatty acids) ဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးခြင်းအားဖြင့် ဆီးချိုရောဂါကို ထိန်းညှိရာမှာ အကျိုးပြုနိုင်တာ ဖြစ်ပါတယ်။ 

  • ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝခြင်း 

ထန်းသီးဟာ ဗီတာမင် အေ၊ ဘီ၊ စီ၊ အီး နဲ့ အိုင်းယွန်း (သံဓာတ်)၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဖော့စဖရပ်စ်ကဲ့သို့ သတ္တုဓာတ်များပါဝင်သော အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ ၎င်းဓာတ်များဟာ ခန္ဓာကိုယ်ကို အကောင်းဆုံးလုပ်ဆောင်နိုင်စေရန်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်များဖြစ်ပြီး ကောင်းမွန်တဲ့ ဖြည့်စွက်စာတစ်မျိုးလည်း ဖြစ်ပါတယ်။ 

  • အရေပြားအတွက် ကောင်းမွန်စေခြင်း 

ထန်းသီးဟာ နွေရာသီလိုအချိန်မျိုးမှာ အပူဒဏ်အတွက် အကောင်းဆုံး အိမ်တွင်းဆေးတစ်လက်ဖြစ်ပါတယ်။ ထန်းသီးအလွှာခပ်ပါးပါးကို အပူဒဏ်ကြောင့် ဖြစ်ပေါ်တတ်သော ယားယံတဲ့နေရာမှာ အုံပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။ ထို့အပြင် ထန်းသီးဟာ ပြင်းထန်သော အပူရှိန်ကြောင့် အရေပြား ရောင်ရမ်းခြင်းကဲ့သို့သော ပြဿနာများကို ကုသရာမှာလည်း အကျိုးပြုနိုင်ပါတယ်။ အသားအရေထိခိုက်လွယ်သော မျက်နှာ နီမြန်းခြင်း၊ အဖုများထွက်ခြင်း၊ ရောင်ရမ်းခြင်းများကိုလည်း ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ 

  • အမျှင်ဓာတ်ပါဝင်မှု မြင့်မားခြင်း 

ထန်းသီးဟာ အမျှင်ဓာတ်ကြွယ်ဝတဲ့ အရင်းအမြစ်တစ်ခုဖြစ်ပြီး ထန်းသီး ခွက်တစ်ခွက်စာမှာဆိုရင် အမျှင်ဓာတ် ၈.၉ ဂရမ် ပါဝင်ပါတယ်။ အဆိုပါ အမျှင်ဓာတ်များဟာ အစာခြေလမ်းကြောင်းကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ပြီး ကိုလက်စထရောပမာဏကို လျှော့ချဖို့နဲ့ သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းချုပ်ဖို့ရာ ကူညီပေးနိုင်တာ ဖြစ်ပါတယ်။ 

  • ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ခြင်း

ထန်းသီးဟာ အလွန်ကောင်းမွန်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း အရင်းအမြစ်တစ်ခုဖြစ်ပြီး ခန္ဓာကိုယ်မှာ ပတ်ဝန်းကျင်ရဲ့ အဆိပ်အတောက်များကြောင့် ဖြစ်တတ်သော free radical များ ပျက်စီးခြင်းကနေ ကာကွယ်ပေးနိုင်တာဖြစ်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ရောင်ရမ်းမှုကို လျှော့ချပေးနိုင်ပြီး ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်တာ ဖြစ်ပါတယ်။ 

  • နှလုံးသွေးကြောကျန်းမာရေးကို ကောင်းမွန်စေခြင်း

ထန်းသီးမှာ အမျှင်ဓာတ်ပါဝင်မှု မြင့်မားတာကြောင့် မကောင်းတဲ့ ကိုလက်စထရောပမာဏကို လျှော့ချပေးနိုင်ပြီး နှလုံးကျန်းမာရေးကို အထူးကောင်းမွန်စေပါတယ်။ ၎င်းဟာ နှလုံးသွေးကြောဆိုင်ရာ ရောဂါများ ဖြစ်ပွားနိုင်ခြေကိုလည်း လျှော့ချပေးနိုင်တာ ဖြစ်ပါတယ်။ 

  • အစာခြေစနစ်ကို ပံ့ပိုးပေးခြင်း 

ထန်းသီးမှာပါဝင်တဲ့ အမျှင်ဓာတ်ဟာ ကျန်းမာသော အစာခြေစနစ်ကို ထိန်းသိမ်းရန်အတွက် မရှိမဖြစ်လိုအပ်ပြီး အလွန်ကောင်းမွန်တဲ့ အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ အမျှင်ဓာတ်ပါဝင်မှု မြင့်မားခြင်းဟာ အစာခြေစနစ်ကို ကောင်းမွန်စွာလည်ပတ်စေရန် ကူညီပေးပြီး ဝမ်းချုပ်ခြင်းနဲ့ အခြားသော အစာခြေလမ်းကြောင်းဆိုင်ရာ ချို့ယွင်းမှုများကို တားဆီးပေးနိုင်တာ ဖြစ်ပါတယ်။ 

  • ကိုယ်ခံအားစနစ်ကို အားကောင်းစေခြင်း 

ထန်းသီးဟာ ဗီတာမင်စီနဲ့ သတ္တုဓာတ်များ ကြွယ်ဝတဲ့ အရင်းအမြစ်တစ်ခုဖြစ်တာကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်တာ ဖြစ်ပါတယ်။ ဗီတာမင်စီဓာတ်ဟာ သွေးဖြူဥဆဲလ်များ ထုတ်လုပ်မှုကို နှိုးဆွပေးခြင်းဖြင့် ခန္ဓာကိုယ်အား ရောဂါပိုးမွှားများ ဝင်ရောက်ခြင်းနဲ့ ရောဂါဖြစ်ပေါ်မှုကို ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်