ဗိုင်းရပ်စ်က အပင်တွေကို ဘယ်လိုပုံစံနဲ့ ရောဂါဖြစ်စေတာလဲ?

10/01/2023 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဗှိုင်းရပ်စ်တို့ကို မှိုနှင့်ဘက်တီးရီးယားတို့ကဲ့သို့ သာမန်မိုက်ခရိုစကုပ်နှင့် မမြင်နိုင်ဘဲ အဆထောင်ချီ၍ ချဲကြည့်နိုင်သော အီလက်ထရွန်မိုက်ခရိုစကုပ်ဖြင့်သာ မြင်နိုင်သည်။

အပင်ရောဂါဖြစ်စေသော ဗိုင်းရပ်စ်များသည် အချောင်းပုံများ၊ အလုံးပုံများနှင့် အမျှင်ပုံများဟူ၍ ပုံသဏ္ဍာန် အမျိုးမျိုးရှိကြသည်။

ဗိုင်းရပ်စ်များသည် သက်ရှိလက်ခံဆဲလ်မှ အစာကိုသာ မှီခိုစားသောက်နိုင်သော ထာဝရကပ်ပါးများ ဖြစ်ကြသည်။ ယင်းတို့သည် လက်ခံပင်သို့ ပိုးမွှားများ အကူအညီဖြင့် အများဆုံး ကျရာက်လေ့ရှိပြီး လက်ခံဆဲလ်နံရံများကို ချေဖျက်ကာ ဆဲလ်တွင်း၌ ပွားများနေတတ်ကြသည်။

ဗိုင်းရပ်စ်ကြောင့်ဖြစ်သော ရောဂါလက္ခဏာများမှာ ဝါခြင်း၊ အရောင်မညီကွက်ကြားဖြစ်ခြ င်း၊ ပုတိုခြင်း၊ တွန့်လိမ်ခြင်း စသည်တို့ဖြစ်တတ်သည်။ မြ န်မာနိုင်ငံတွင်အဖြ စ်များသော ဗိုင်းရပ်စ်ရောဂါမှာ သီးနှံမျိုးများစွာ၌ အရောင်မညီကွက်ကြားရောဂါများဖြစ်သည်။

ဥပမာ- ပဲတီစီမ်းအရောင်မညီကွက်ကြားရာဂါ၊ မတ်ပဲရွက်ဝါရောဂါ။

Crd#ရေဆင်းစိုက်ပျိုးရေးတက္ကိသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်