ကိုင်းကူးကိုင်းဆက်ပင်များနှင့် စင်တင်စိုက်သီးနှံများ...

02/06/2023 13:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကိုင်းကူးကိုင်းဆက်မျိုးပွားနည်းဆိုသည်မှာ အမြစ်စဉ်ကောင်းမွန်၍ စိုက်ပျိုးမည့် ရေမြေနှင့် သင့်တော်သည့်မျိုးကွဲကို အောက်ခံပင်အဖြစ်ထား၍ အသီးအရည်အသွေး မြင့်မားသည့်မျိုးကို အပေါ်မှ အဖူးကိုင်းအဖြစ် ကိုင်းဆက်ပေးခြင်းဖြစ်သည်။ ကိုင်းကူးကိုင်းဆက်နည်းဖြင့် မျိုးပွားရာတွင် အောက်ခံပင်နှင့် အဖူးကိုင်းမျိုးတို့ကို သီးခြားစိုက်ပျိုးရမည်။ ဤနည်းဖြင့် မျိုးပွားရာတွင် အောင်မြင်မှု အများဆုံး ရရှိစေရန် အတွက်စွတ်စိုသော မိုးရာသီနှင့် အပင်တွင်းရေဓာတ် အများဆုံးရှိချိန်တွင် ဆောင်ရွက်ရမည်။ ကိုင်းကူးကိုင်းဆက်နည်းဖြင့် စိုက်ပျိုးရသောသီးနှံပင်များမှာ သရက်၊ ဒူးရင်း၊ မင်းကွတ်၊ သစ်တော်၊ စပျစ်သီး၊ လိမ္မော်၊ ကမ္ဗလာ၊ သစ်သော့၊ ပန်းသီး စသည်တို့ ဖြစ်သည်။

ကိုင်းကူးကိုင်းဆက်စိုက်ပျိုးနိုင်သော သီးနှံများ

စင်တင်စိုက်ပျိုးရာတွင် သီးနှံများကို  ၎င်းတို့၏ ကြီးထွားမှုပုံစံနှင့်လျော်ညီစွာ ပြုစုပျိုးထောင်ပေးရန်လိုအပ်ပါသည်။ ပင်စည်မှာပျော့ ပြီးနွယ်တက်တတ်သော သီးနှံများကို တိုင်ထောင်ပေးခြင်း သို့မဟုတ် စင်ပြုလုပ်ပေးပြီး နွယ်တက်နိုင်စေရန် ပြုလုပ်ပေးရပါသည်။ စင်တင်ပေးရာတွင် သစ်၊ ဝါး နှင့် ဝါယာ ကြိုးများကို အသုံးပြုရသည်။ စင်တင်သီးနှံများစိုက်ပျိုးရာတွင် စင်အတွက် လိုအပ်သော စရိတ်ကို လျှော့ချနိုင်ရန်အတွက် ကြီးမြန်သစ်ပင် နှင့် ဝါးတို့ကို ခြံစည်ရိုးတွင် တွဲဖက်စိုက်ထားသင့်သည်။ ကြီးမြန်သစ်ပင်များ စိုက်ထားခြင်းဖြင့် သီးနှံများတွင် ကျရောက်သည့် ဖျက်ပိုးများအား စားသာက်နိုင်သည့် ငှက်များနားနေနိုင်ခြင်းကြောင့် ဖျက်ပိုးများကျရောက်မှု သက်သာကာ ပိုးသတ်ဆေးသုံးစွဲရမှုကို လျော့ကျစေနိုင်သည်။ သီးနှံစိုက်ပျိုးသောတောင်သူလယ်သမားများ ကြီးမြန်သစ်ပင်များကို မဖြစ်မနေစိုက်ပျိုးရန် လိုအပ်ပါသည်။

စင်တင်စိုက်ပျိုးနိုင်သော သီးနှံများ

စင်တင်စိုက်ပျိုးနိုင်သော သီးနှံအမျိုးအစားများထဲမှ အချို့ကို အောက်ပါပုံထဲတွင် ကြည့်ရှုနိုင်ပါ သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
County 24 SC ( ကောင်တီ ၂၄ အက်စ်စီ) Active Ingredient : Chlofenapyr 24% သီးနှံခင်းများရှိ လှေး ၊ ငမြောင်တောင်၊ သီးလုံးဖောက် ၊ စိန်ကွက်ဖလံ ၊ ရွက်ထွင်း ၊ မွှားပင့်ကူကဲ့သို့ ပိုးများစွာကို နှိမ်နင်းနိုင်သည်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်