မှိုတွေကအပင်တွေကို ဘယ်လိုပုံစံနဲ့ ရောဂါဖြစ်စေတာလဲ..?

05/01/2023 13:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အပင်ကရောဂါအများစုသည် မှိုကြောင့်ဖြစ်ပွား၏။ မှိုတို့သည် အပင်မျိုးများဖြစ်ကြသည်။ သို့ရာတွင် အပင်များကဲ့သို့ သာမန်မျက်စိဖြင့် မမြင်နိုင်ဘဲ အလင်းဖြင့်ကြည့်ရသော မိုက်ခရိုစကုပ်နှင့်သာမြင်ရသည်။ အပင်များကဲ့သို့လည်း ပင်စည်၊ အရွက်၊အမြစ် ဟူ၍ ခွဲခြားမပါရှိပါ။ မှိုတို့သည် အမျှင်ပုံများဖြစ်ကာ အကိုင်းဖြာ၏။ မှိုအမျှင်များတွင် အစိမ်းကရာင်ခြယ် ဆေးမပါရှိပါ။ အပင်ကြီးများကဲ့သို့ မိမိတို့ အစာကို မိမိတို့ကိုယ်တိုင်မချက်နိုင်ကြပါ။ သို့ဖြစ်၍ အခြားသောအပင်များကို ကပ်စားခြင်း၊ သက်မဲ့ ဩဂဲနစ်ပစ္စည်းများကို စားခြင်းတို့ ပြုကြရသည်။

မှိုများမျိုးပွားချိန်တန်သောအခါ လိင်ပေါင်းနည်းဖြင့်သော်လည်းကောင်း၊ လိင်မဲ့နည်းဖြင့်သော်လည်းကောင်း  မျိုးပွား၍ မျိုးစေ့ကဲ့သို့သော စပိုးမုန်များထုတ်လုပ်ကြသည်။

ယင်းစပိုးမှုန်တို့သည် ပုံစံအမျိုးမျိုး၊ အရောင်အမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုး ရှိတတ်ကြပြီး အလွန်သေးငယ်ပေါ့ပါး၍ တစ်နေရာမှ တစ်နေရာသို့ အလွယ်တကူ ပျံ့လွင့်နိုင်ကြသည်။ မှိုစပိုးမှုန်သည် တစ်နည်းနည်းအားဖြင့် အပင်အင်္ဂါအစိတ်အပိုင်းတစ်ခု၏ မျက်နှာပြင်ပေါ်သို့ ကျရောက်ပြီး အစိုဓာတ်၊ အပူချိန်တို့သင့်လျော်ပါက မျိုးညှောင့်ပေါက်လာသည်။ ဤမျိုးညှောင့်သည် လက်ခံတစ်သျူးအတွင်းတွင် ဆက်လက်ရှည်လျား၍ အစာစုပ်အင်္ဂါများ ဖြစ်ပေါ်စေပြီး လက်ခံဆဲလ်အတွင်းမှ ဓာတ်ပါင်းများကို စုပ်ယူစားသုံးသည်။ ဤသို့ဖြင့် လက်ခံတစ်သျှူး သေစေခြင်း၊ ပုပ်စေခြင်း၊ ညှိုးစေခြင်း ၊ ခြောက်စေခြင်း စသည်တို့ ဖြစ်ပေါ်စေသည်။

လက်ခံတစ်သျူးအတွင်းတွင် မှိုမျှင်များ ကြီးထွားရှည်ထွက်လာ၍ အကိုင်းများ ဖြာလာကြ၏။ မျိုးပွားချိန်တန်သော် စပိုးသီးများ၊ စပိုးမုန်များ ဖြစ်ပေါ်လာကြသည်။ ယင်းတို့ပျံ့လွင့်ခြင်းဖြင့် ရောဂါထပ်မံ ဖြစ်ပွား ကူးစက်စေသည်။

မြန်မာနိုင်ငံတွင် အဖြစ်များသော မှိုရာဂါများမှာ စပါးဂုတ်ကျိုးရောဂါ၊ ကြံအူနီရောဂါ၊ မြေပဲရွက်ပြောက်ရောဂါ၊ ဂျုံနနွင်းရောဂါ၊ စပျစ်ရွက်ခြောက်ရောဂါ၊ ခရမ်းချဉ်နှင့် အာလူးလောင်မည်း ရောဂါ စသည်တို့ဖြစ်ကြသည်။

Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်