အပင်၊ အဖူးအပွင့် ကြီးရှည်စေချင် ဟော်မုန်း ဂျစ်ဘရယ်လင်

09/02/2023 13:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဂျစ်ဘရယ်လင်ဟုခေါ်သော ဟော်မုန်းမှာ မှိုတစ်မျိုးမှ ထုတ်ယူရရှိပြီး အပင်များကို ရှည်ထွက်စေပါသည်။ ၎င်းသည် အက်ဆစ်တစ်မျိုးဖြစ်ပြီး မတူညီသော ဓာတုတည်ဆောက်ပုံများစွာရှိသည်ကို ရှာဖွေတွေ့ရှိပြီးဖြစ်ပါသည်။ ဂျစ်ဘရယ်လင်ဟော်မုန်း၏ အဓိကစွမ်းရည်မှာမျိုးရိုးဗီဇအားဖြင့် ပုနေသောအပင်များကိုရှည်ထွက်လာစေခြင်း၊ ပန်းပွင့်ရိုးတံများကို ရှည်လျားစေခြင်း၊ ပန်းပွင့်မှုကိုအားပေးခြင်း၊ ပန်းပွင့်အရွယ်အစားကြီးစေခြင်း၊ အစေ့များတွင် အပင်ပေါက်ရန်ခက်ခဲသည့်အခြေအနေ (dormancy) ကို ချေဖျက်နိုင်ပြီး အစေ့များကို အပင်ပေါက်စေခြင်းနှင့် အလွန်အေးသောပတ်၀န်းကျင် အခြေအနေ၌ ကြီးထွားမှုရပ်ဆိုင်းနေသောအဖူးများအား ကြီးထွားမှု ပြန်လည်စတင်စေခြင်းတို့ဖြစ်သည်။

စီးပွားဖြစ် ပန်းစိုက်ပျိုးရေးတွင်အဓိက အသုံးပြုနိုင်ပြီး ရိုးတံရှည်၍ အရွယ်အစားကြီးမားသည့် ပန်းပွင့်များကို ရရှိစေနိုင်ပါသည်။ ပန်းပွင့်ချိန်ကိုလည်း စောစေနိုင်သည်။ ထို့အပြင် ဂျစ်ဘရယ်လင်ဟော်မုန်းကို စပ်မျိုးစပါးမျိုးစေ့ထုတ်လုပ်ရာတွင် ပန်းပွင့်ချိန်ကိုက်ညီပြီး ပန်းပွင့်မှုညီညာကစရန် အသုံးပြုနိုင်ပါသည်။

ပန်းခိုင်ရိုးတံများကိုရှည်ထွက်စေခြင်းကြောင့် စပျစ်စိုက်ပျိုးရေးတွင် အသုံးပြုနိုင်ပါသည်။ စပျစ်သီးများကြီးထွားမှုအတွက် ပန်းခိုင်အတွင်း အသီးနေရာ ပိုမိုရရှိခြင်းဖြင့် သီးခိုင်အရွယ်အစားနှင့် အသီးအရွယ်အစားကြီးသော စပျစ်သီးများရရှိနိုင်ပါသည်။ အစေ့မဲ့အသီး(ဥပမာ - အစေ့မပါသောစပျစ်သီး၊ အစေ့မပါသော ခရမ်းချဉ်သီး) များ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ရာတွင် ဂျစ်ဘရယ်လင်ဟော်မုန်းကို အောက်စင်နှင့်ရောစပ်၍ ပန်းပွင့်ချိန်တွင်သင့်တော်သောနှုန်းထားဖြင့် ဖြန်းပက်ခြင်းဖြင့် ရရှိနိုင်သည်။

ဂျစ်ဘရယ်လင်ဟော်မုန်း၏ အသုံးတွင်ကျယ်မှုကြောင့် ၎င်းနှင့်ဓာတု တည်ဆောက်ပုံတူညီသည့် ဓာတုဓာတ်ပေါင်းများအား ဓာတ်ခွဲခန်းတွင် အမြောက်အမြားထုတ်လုပ်ပြီးစိုက်ပျိုးရေးတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိပါသည်။

ဂျစ်ဘရယ်လင်အသုံးပြုခြင်းဖြင့်အရွယ်အစားပိုမိုကြီးမားသော အသီးနှင့် သီးခိုင်များရရှိနိုင်ပုံ

Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ကျန်ဟော်မုန်းများကို ဆက်လက်ဖော်ပြပါဦးမည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်