အပင်အတွက်လိုအပ်သောအာဟာရဓာတ်များနှင့် အလုပ်လုပ်ပုံများအကြောင်း (၂)

31/08/2022 13:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အိုင်းယွန်း

ကလိုရိုဖီးလ်လုပ်ငန်းတွင် မရှိမဖြစ်လိုအပ်သော ဓာတ်ဖြစ်သည်။ အမဓာတ် (anion) များစုတ်ယူစားသုံးရာတွင် ပါဝင်ပတ်သတ်သည်။ အင်ဇိုင်းတည်ဆောက်မှုဖြစ်သော (peroxidase, catalase, cytochromes) တို့တွင် အိုင်းယွန်းဓာတ် ပါဝင်သည်။

ဘိုရွန်

ပရိုတင်းတည်ဆောက်ရာတွင် ဘိုရွန်ဓာတ်လည်းဆက်နွှယ်နေပါသည်။ အခြားသော ဓာတ်များစုတ်ယူရာတွင် ဘိုရွန်ဓာတ် သည် ထိန်းချုပ်စီစဉ်ပေးသည်။ ကာဘိုဟိုက်ဒြိတ်များ တစ်နေရာမှ တစ်နေရာသို့ ရွေ့လျားအောင် ဆောင်ရွက်ပေး သည်။ Vascular ခေါ် အစာရေကြောစည်း ဆဲလ်များကွဲပွားရာတွင် ဘိုရွန်ကလုပ်ဆောင်ပေးသည်။

ဇင့် 

မျိုးစေ့များ ဖြစ်ပေါ်ရေးအတွက် အထူးလိုအပ်သောဓာတ်ဖြစ်သည်။ IAA ဟော်မုန်းများဖွဲ့စည်းရာတွင် ဇင့်ဓာတ်လိုအပ်ပါသည်။ Indole Acetic Acid တို့အပြင် အင်ဇိုင်းများဖွဲ့စည်းတည်ဆောက်ရာတွင် ဇင့်ဓာတ်လိုအပ်ပါသည်။ 

မဂ္ဂနီးစ်

အလင်းရောင်ဖြင့် အစာချက်လုပ်ခြင်းတွင် ဤဓာတ်လွန်စွာအရေးပါသည်။ အပင်များမှ Fe နှင့်အတူပူးတွဲ၍ စုပ်ယူသုံးစွဲ ကြသည်။ ဓာတ်တိုးခြင်းလုပ်ငန်းများနှင့် ဆက်နွယ်နေပြီး အင်ဇိုင်းများလှုံဆော်ရာ၌လည်း ပါဝင်ပတ်သတ်နေသည်။

မော်လစ်ဘဒီနန်

ကလိုရိုဖီးလ်ခေါ် အစိမ်းရောင်ချက်ဆေးတွင် ပါဝင် ပတ်သတ်သည်။ နိုက်ထရိုဂျင်များ ထိန်းချုပ်ရာတွင် မရှိမဖြစ်လိုအပ်သော ဓာတ်ဖြစ်သည်။ နိုက်ထရိတ်ဓာတ်လျော့ခြင်းကို ထိန်းချုပ်ပေးသည်။ 

ကော့ပါး _ ကြေးနီး

ကလိုရိုဖီးလ်ခေါ် အစိမ်းရောင်ချက်ဆေးတွင် ဆက်နွယ်နေသည်။ (Tyrosinase ascorbic acid oxide) ခေါ် အင်ဇိုင်းတည်ဆောက်မှုများနှင့် အင်ဇိုင်းပေါင်းစပ်ခြင်း (synthesis) များတွင် ကော့ပါးဓာတ်ပါဝင်ဆောင်ရွက်သည်။

ကလိုရင်း

ကလိုရင်းသည် အလင်းရောင်ဖြင့် အစာချပ်လုပ်ခြင်းနှင့် အသက်ရှုခြင်းကိစ္စရပ်များတွင် ပါဝင်ပတ်သတ်သည်။ 

အထက်ဖော်ပြပါ အာဟာရဓာတ်များသည် သီးနှံပင်များက အားလုံးမလိုအပ်ဘဲ သီးနှံအလိုက် လိုအပ်ချက်များ ကွာခြားကြပါသည်။

မြေဆီလွှာဆရာဝန်မှကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

 ' မြေဆီလွှာဆရာဝန်' စာအုပ်ကို အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို ဈေးတန်းကြီး fb page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်