အပင်အတွက်လိုအပ်သောအာဟာရဓာတ်များနှင့် အလုပ်လုပ်ပုံများအကြောင်း (၂)

31/08/2022 13:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အိုင်းယွန်း

ကလိုရိုဖီးလ်လုပ်ငန်းတွင် မရှိမဖြစ်လိုအပ်သော ဓာတ်ဖြစ်သည်။ အမဓာတ် (anion) များစုတ်ယူစားသုံးရာတွင် ပါဝင်ပတ်သတ်သည်။ အင်ဇိုင်းတည်ဆောက်မှုဖြစ်သော (peroxidase, catalase, cytochromes) တို့တွင် အိုင်းယွန်းဓာတ် ပါဝင်သည်။

ဘိုရွန်

ပရိုတင်းတည်ဆောက်ရာတွင် ဘိုရွန်ဓာတ်လည်းဆက်နွှယ်နေပါသည်။ အခြားသော ဓာတ်များစုတ်ယူရာတွင် ဘိုရွန်ဓာတ် သည် ထိန်းချုပ်စီစဉ်ပေးသည်။ ကာဘိုဟိုက်ဒြိတ်များ တစ်နေရာမှ တစ်နေရာသို့ ရွေ့လျားအောင် ဆောင်ရွက်ပေး သည်။ Vascular ခေါ် အစာရေကြောစည်း ဆဲလ်များကွဲပွားရာတွင် ဘိုရွန်ကလုပ်ဆောင်ပေးသည်။

ဇင့် 

မျိုးစေ့များ ဖြစ်ပေါ်ရေးအတွက် အထူးလိုအပ်သောဓာတ်ဖြစ်သည်။ IAA ဟော်မုန်းများဖွဲ့စည်းရာတွင် ဇင့်ဓာတ်လိုအပ်ပါသည်။ Indole Acetic Acid တို့အပြင် အင်ဇိုင်းများဖွဲ့စည်းတည်ဆောက်ရာတွင် ဇင့်ဓာတ်လိုအပ်ပါသည်။ 

မဂ္ဂနီးစ်

အလင်းရောင်ဖြင့် အစာချက်လုပ်ခြင်းတွင် ဤဓာတ်လွန်စွာအရေးပါသည်။ အပင်များမှ Fe နှင့်အတူပူးတွဲ၍ စုပ်ယူသုံးစွဲ ကြသည်။ ဓာတ်တိုးခြင်းလုပ်ငန်းများနှင့် ဆက်နွယ်နေပြီး အင်ဇိုင်းများလှုံဆော်ရာ၌လည်း ပါဝင်ပတ်သတ်နေသည်။

မော်လစ်ဘဒီနန်

ကလိုရိုဖီးလ်ခေါ် အစိမ်းရောင်ချက်ဆေးတွင် ပါဝင် ပတ်သတ်သည်။ နိုက်ထရိုဂျင်များ ထိန်းချုပ်ရာတွင် မရှိမဖြစ်လိုအပ်သော ဓာတ်ဖြစ်သည်။ နိုက်ထရိတ်ဓာတ်လျော့ခြင်းကို ထိန်းချုပ်ပေးသည်။ 

ကော့ပါး _ ကြေးနီး

ကလိုရိုဖီးလ်ခေါ် အစိမ်းရောင်ချက်ဆေးတွင် ဆက်နွယ်နေသည်။ (Tyrosinase ascorbic acid oxide) ခေါ် အင်ဇိုင်းတည်ဆောက်မှုများနှင့် အင်ဇိုင်းပေါင်းစပ်ခြင်း (synthesis) များတွင် ကော့ပါးဓာတ်ပါဝင်ဆောင်ရွက်သည်။

ကလိုရင်း

ကလိုရင်းသည် အလင်းရောင်ဖြင့် အစာချပ်လုပ်ခြင်းနှင့် အသက်ရှုခြင်းကိစ္စရပ်များတွင် ပါဝင်ပတ်သတ်သည်။ 

အထက်ဖော်ပြပါ အာဟာရဓာတ်များသည် သီးနှံပင်များက အားလုံးမလိုအပ်ဘဲ သီးနှံအလိုက် လိုအပ်ချက်များ ကွာခြားကြပါသည်။

မြေဆီလွှာဆရာဝန်မှကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

 ' မြေဆီလွှာဆရာဝန်' စာအုပ်ကို အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို ဈေးတန်းကြီး fb page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်