အရေးကြီးလာပြီဖြစ်သော ရိတ်သိမ်းချိန်လွန်နည်းပညာ (၁/၂)

15/01/2018 13:57 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကမ္ဘာ့ လူဦးရေ တိုးတက်မှု နှုန်းမှာ အလွန်လျင်မြန်သည်။ FAO မှ ၂၀၅၀ ခုနှစ်တွင်၊ ကမ္ဘာ့လူဦးရေ (၉) ဘီလီယံ ဖြစ်လာမည်ဟု ခန့်မှန်းထားပါသည်။ လူဦးရေတိုးတက်လာသည်နှင့်အမျှ လူတို့၏ စားသောက်မှုပုံစံ၊ နေထိုင်မှုပုံ စံများ၊ ပြောင်းလဲလာကြသည်။ ကမ္ဘာ့ကုန်သွယ် မှုလုပ်ငန်းများလည်း တိုးတက် များပြားလာ ခဲ့သည်။ ထို့အတူ မြန်မာနိုင်ငံရှိ လူမျိုးများသည်လည်း ခေတ်နှင့်အညီ တိုးတက်စေရန် စားသောက်နေထိုင်မှုပုံစံများပြောင်းလဲ လာကြသည်။

မြန်မာနိုင်ငံသည် မတူညီသော ရာသီဥတုအခြေနေ၊ မြေမျက်နှာသွင်ပြင်၊ စိုက်ပျိုး စီးပွားရေးဇုန်၊ ရေအရင်းအမြစ်များစွာနှင့် ထွန်ယက်စိုက်ပျိုးနိုင်သောမြေ အမြောက် အများ ရှိသောကြောင့် သီးနှံအမျိုးမျိုး စိုက်ပျိုးထုတ်လုပ်နိုင်သော နိုင်ငံဖြစ်သည်။ အအေးပိုင်းသီးနှံများကို ချင်းတောင်တန်း၊ ကချင်ပြည်နယ် တို့တွင် စိုက်ပျိုးနိုင်၍ အပူလျှော့ ပိုင်းသီးနှံများကို ရှမ်းပြည်နယ်၊ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်နှင့် မိုးကုတ်မြို့နယ်များတွင် စိုက်ပျိုးဖြစ်ထွန်းလျှက်ရှိပြီး အပူပိုင်းသီးနှံများကို မြန်မာပြည် အနှံ့အပြားတွင် ရာသီအလိုက် နှစ်ပတ်လည် စိုက်ပျိုးထုတ်လုပ်လျှက် ရှိပါသည်။ စိုက်ပျိုးရေး ဖြစ်ထွန်းသည်နှင့် အညီ ကမ္ဘာတဝှမ်းတွင် လူဦးရေ တိုးတက်လာပြီး လူနေမှုအဆင့်အတန်း မြင့်မား လာသည် နှင့်အမျှ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ စားသုံးမှုနှင့်ထုတ်လုပ်မှုများလည်း နှစ်စဉ်တိုးတက် လာလျှက်ရှိပါသည်။ အချို့ လူမှုအဖွဲ့အစည်းများတွင် တိရစ္ဆာန်များမှ ရရှိသော အစာအစားများကို တန်ဖိုးထား စားသုံးသော်လည်း ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများမှာ လူသားတို၏ ကျန်းမာရေးအတွက် အရေးပါကြောင်းကို သိရှိခဲ့ကြပြီး လူမှုရေး၊ စီးပွာရေး၊ ဘာသာရေးများ ကြောင့်လည်း သက်သတ်လွတ်စားသူ တိုးတက်များပြားလာလျှက် ရှိပါသည်။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများတွင် အဆီဓာတ်နည်းပါးခြင်း၊ အမျှင်ဓာတ် ကြွယ်ဝခြင်းတို့ကြောင့် တိရစ္ဆာန်မှရရှိသော အစားအစာများထက် ဟင်းသီးဟင်းရွက် နှင့်သစ်သီးဝလံများကို ပိုမိုစားသုံးလာ ကြခြင်းဖြစ်သည်။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများအပေါ် လူအများအာရုံ စူးစိုက်လာရခြင်း အကြောင်းမှာ ၎င်းတို့တွင် ကင်ဆာအမျိုးမျိုး ကို တားဆီးပေးနိုင်သော ဓာတ်တိုးဆန့်ကျင် ပစ္စည်းများ (Antioxidants) ၊ Phenolic Compounds များနှင့် β - Carotene နှင့် Lycopene ကဲ့သို့သော Carotenoid များ ပါဝင်သော ကြောင့်လည်း ဖြစ်ပါသည်။

ထိုသို့စျေးနှိမ်ခြင်း၊ စျေးကွက်ဖျက်ခြင်း၊ စျေးကစားခြင်းကို ဘာ့ကြောင့် စိုက်ပျိုး သူတွေ ခံစားနေရတာလဲ သိသင့်ပြီ ဖြစ်ပါသည်။ စိုက်ပျိုးသူများသည် တိတိကျကျ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ရှိပါသည်။ စိုက်ပျိုးသူများသည် တိတိကျကျ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်မှာ ရိတ်သိမ်းချိန်လွန်လုပ်ငန်းစဉ် ဖြစ်ပါသည်။ ရိတ်သိမ်းချိန်လွန် ဆိုသည်မှာ သီးနှံများခူးဆွတ်သည်မှ တင်ပို့ရောင်းချ သည်အထိ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်ဖြစ်ပါသည်။ ရိတ်သိမ်းချိန်လွန် လုပ်ငန်း စဉ်တွင် ပါဝင်သူများသည် စိုက်ပျိုး ထုတ်လုပ်သူ၊ ပွဲစားများ၊ တဆင့်ဝယ်ယူ ရောင်းချ သူများ၊ လက်လီလက်ကား ရောင်းချသူများ၊ သယ်ယူပို့ဆောင်သူယာဉ်မောင်း လုပ်သားများ၊ ကုန်တင်ကုန်ချသူများနှင့် နောက်ဆုံး စားသုံးသူများအထိ ပါဝင်ပါသည်။ ၎င်း ပါဝင်သူများ အားလုံး တနည်းအားဖြင့် ဟင်းသီးဟင်းရွက်သစ်သီးဝလံများ ရောင်းဝယ်ဖောက်ကားမှု ကွင်းဆက် တလျှောက်လုံးတွင် ပါဝင်သူများ အားလုံးသည် သီးနှံ၏ သဘာဝ အထားခံနိုင်မှုတို့ကို အကြမ်းဖြင်း နားလည်ပြီး ဖြစ်ပါသည်။ သို့ပါ၍ နားလည်ပြီး လုပ်ငန်းများကို ပြီးပြီးရောလုပ်သည့်စနစ် ပြင်ရမည် ဖြစ်သည်။ အနည်းငယ် ပြင်ဆင်ရုံမျှဖြင့် ရိတ်သိမ်းချိန်လွန် လုပ်ငန်းစဉ် များကို လိုက်နာဆောင်ရွက်ပြီး ဖြစ်ပါသည်။ (ဥပမာ - သရက်သီးသည် မမှည့်ခင် အချိန်တွင် မာနေတတ်သော်လည်း မှည့်လာ သောအခါ အစိမ်းဘဝက နာနာပြစ်ချခံထားရသဖြင့် အတွင်းသားပျော့နေကာ အရည် လည်နေတတ်ခြင်း) ထိုသို့တွေ့ရှိရပါက သရက် သီးကို အစိမ်းဘဝမှာ ကတည်းက စနစ်တကျ သေခြာစွာ ကိုင်တွယ်ဆောင်ရွက် စေခြင်းဖြင့် ပျက်စီးမှုကို ကာကွယ်ပြီး ဖြစ်ပါသည်။
 

(ဆက်ရန်ရှိပါသေးသည်)

ဝါရွှေမိုးအေး

Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်