အလေအလွင့်နည်းပါးရန် စပါးရိတ်သိမ်းနည်းစနစ်မှန်

28/10/2021 13:30 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

    မိုးစပါးခင်းတွေ အနှံထွက်နေပြီ။ ရိတ်သိမ်းကြရတော့မည်။ စပါးမျိုးကပေးသော အထွက်စွမ်းရည်အပြည့်အဝကို လယ်သမားတိုင်း ရရှိနိုင်ကြစေလိုပါသည်။ တစ်ဧကစပါး အထွက်ဆိုတာ မိမိအိမ်သို့ရောက်ရှိ ကျီဝင်သောစပါးကိုသာ ပြောရမည်ဖြစ်ပါသည်။  လယ်သမားတိုင်း စပါးပင်မှ ပွင့်သီးသမျှစပါးစေ့အားလုံး အရည်အသွေးမပျက် ရရှိကြစေလိုပါသည်။ 

    စပါးအထွက်နှုန်းနှင့် ဆန်အရည်အသွေးမြင့်မားစေရန် အချိန်မီရိတ်သိမ်းခြင်းသည် အလွန်အရေးကြီးပါသည်။ 

     ရိတ်သိမ်းသင့်သည့်အချိန်ထက် စောရိတ်သိမ်းပါက စပါးနှံတွင် ပြီးပြည့်စုံစွာ ရင့်မှည့်ခြင်းမရှိသေးသော အစေ့များစွာ ပါလာတတ်သည်။ ထိုစပါးစေ့တွေကို ပြန်လည်စိုက်ပျိုးပါက အပင်ပေါက်ညံ့ဖျင်းတတ်ပြီး ကြိတ်ခွဲပါကလည်း အကျိုးအကြေများတတ်ပါသည်။ 

    ပုံမှန်ထက် ရိတ်သိမ်းချိန်နောက်ကျပါက စပါးစေ့များကွဲအက်ခြင်းနှင့် ကျေးငှက်များ စားသောက်ဖျက်ဆီးခြင်းကြောင့် ကြီးမားသောဆုံးရှုံးမှုကို ဖြစ်ပေါ်စေပါသည်။ စပါးအရည်အသွေးညံ့ဖျင်းပြီး ဆန်အဆင့်အတန်းလည်း နိမ့်သွားတတ်ပါသည်။

ရိတ်သိမ်းသင့်သည့်အချိန်

    စပါးနှံရှိစပါးစေ့များတွင် အစိုဓာတ် ၂၀ မှ ၂၅ ရာခိုင်နှုန်းရှိချိန်တွင် ရိတ်သိမ်းသင့်သည်ဟု သုတေသနပြု ထောက်ခံထားပါသည်။ ထိုအချိန်မှာ စပါးအနှံတွင်ရှိအစေ့များ၏ ၈၀ မှ ၈၅ ရာခိုင်နှုန်းသည် ကောက်ရိုးအရောင်သို့ပြောင်းသည့်အချိန်ဖြစ်သည်။ မောင်းညိုချိန်ဆိုလျှင် အများနားလည်မည် ဖြစ်ပါသည်။

     စပါးနှံအောက်ပိုင်းရှိ စပါးစေ့လေးများသည် ပျော့ပျောင်းမှုမရှိ မာကျောနေတတ်သည်။ လက်ဖြင့်ကိုင်ကြည့်ပါက ခိုင်မာနေပြီး သွားဖြင့်ကိုက်ကြည့်ပါက လွယ်ကူစွာ ကျိုးကြေခြင်းမရှိကြောင်း သိရှိနိုင်ပါသည်။

     ရက်အားဖြင့်ဖေါ်ပြရလျှင် စပါးပန်းပွင့်ပြီး ရက်ပေါင်း ၃၀ ခန့်တွင် ဖြစ်ပါသည်။ စပါးပင်ရင့်မှည့်ချိန်တွင်ရိတ်သိမ်းရန် လယ်ကွက်အတွင်း ရေကို သိုလှောင်ထားခြင်းမပြုရတော့ဘဲ ရေထုတ်ပစ်ရန်လိုသည်။ သို့သော် ရေထုတ်ချိန်စောလွန်းပြီး လယ်ကွက်တမန်းပြင်တွင် လုံလောက်သောအစိုဓာတ်မရှိပါက စပါးပင်၏ပင်စည်အလွန်အားပျော့ကာ ယိုင်လဲလွယ်တတ်သည်။ ထို့ပြင် အနှံမအောင်ဘဲ စပါးအထွက်ပါလျော့နည်းတတ်ပါသည်။

     အထွက်ကောင်းစပါးမျိုးများသည် အများအားဖြင့် ရင့်မှည့်ခါနီးချိန်တွင် ထိခိုက်လွယ်သောအနေအထားတွင် ရှိနေသည်။ ဒါကြောင့် ဟန်ချက်ကို ထိခိုက်စေသည့်အရာမှန်သမျှ ခံနိုင်စွမ်းမရှိပါချေ။ မိုးသည်းထန်စွာရွာသွန်းခြင်း (သို့) လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့် စပါးပင် ယိုင်လဲနိုင်ပါသည်။

    ရာသီဥတုကို ထိန်းချုပ်နိုင်ခြင်းမရှိပါ။ မောင်းညိုချိန်ရောက်သည်နှင့်တစ်ပြိုင်နက် အမြန်ဆုံးရိတ်သိမ်းဖို့ လိုပါသည်။ သို့မှသာ ပျက်စီးဆုံးရှုံးလျော့နည်းမှုကို သက်သာစေပြီး စပါးအရည်အသွေးလည်း ကောင်းနိုင်မည်ဖြစ်ပါသည်။

စပါးအရည်အသွေးကောင်းမွန်ရေး

     ရိတ်သိမ်းပြီး ၂၄ နာရီအတွင်း ချွေလှေ့ရန်လိုပါသည်။ စပါးအရည်အသွေးကျဆင်းမှု မဖြစ်စေရေးအတွက် စပါးနှံများကို မြေကြီးနှင့် တိုက်ရိုက်ထိတွေ့စေသည့် လယ်ကွင်းအတွင်း သို့မဟုတ် ကန်သင်းပေါ်တင်ထားခြင်းတို့ကို ရှောင်သင့်ပါသည်။

    ချွေလှေ့ပြီးပါကလည်း ချက်ချင်းအခြောက်ခံရန်ဖြစ်သည်။ အခြောက်ခံနေလှန်းစဥ် မိနစ် ၃၀ ခန့်တွင်တစ်ကြိမ် အထက်အောက်မွှေပေးဖို့လိုပါသည်။ စပါးနေလှမ်းရာတွင် စပါးထု အထူ ၃ မှ ၅ စင်တီမီတာခန့်သာ ရှိသင့်ပါသည်။

    နေလှန်းပြီးစပါးကို ပြောင်စင်အောင် လေလှေ့သင့်သည်။ ထိုနောက် စနစ်တကျသိုလှောင်ရန် ဖြစ်ပါသည်။

    ရိတ်သိမ်းချိန်မှန်တွင်ရိတ်၍ ရိတ်သိမ်းပြီးလျှင်ပြီးခြင်း ခြွေလှေ့ကာ အလေအလွင့်နည်းပါးစေခြင်းဖြင့် စပါးမျိုးအလိုက် အထွက်စွမ်းရည်အပြည့်အဝကို ရရှိကြစေလိုပါသည်။ သို့မှသာ တစ်ဧကအထွက်နှုန်းလည်း မြင့်မားမည်ဖြစ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်