အိမ်တွင်းအလှစိုက်အပင်များနဲ့ ဖားဥမှိုရောဂါ

02/12/2021 10:30 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

   ဖားဥမှို ရောဂါလက္ခဏာဟာ မှိုရောဂါအမျိုးအစားဖြစ်ပြီး အပင်အများစုမှာ ကျရောက်တတ်ပါတယ်။ ၎င်းရောဂါဟာ အပင်ရဲ့အစာချက်လုပ်တဲ့ လုပ်ဆောင်ချက်တွေကိုထိခိုက်ပျက်စီးစေပြီး အပင်ကိုပါ သေဆုံးစေနိုင်ပါတယ်။ ဖားဥမှိုရောဂါဟာ ဟင်းသီးဟင်းရွက်၊ နှင်းဆီပင်၊ သစ်မာပင်တွေ၊ အိမ်တွင်းအလှစိုက်ပန်းပင်တွေနဲ့ အခြားသောအပင်များမှာပါ ကျရောက်တတ်ပါတယ်။ ဖားဥမှိုရောဂါရဲ့ ထူးခြားတဲ့လက္ခဏာနဲ့ အသွင်အပြင်တွေကြောင့် ခွဲခြားစစ်ဆေးဖို့ရာ လွယ်ကူတဲ့အပင်ရောဂါအမျိုးအစားတွေထဲက တစ်မျိုးလည်း ဖြစ်ပါတယ်။ ရောဂါကျရောက်နေတဲ့အခါ အပင်တွေရဲ့အရွက်နဲ့ ပင်စည်ပေါ်မှာ အဖြူရောင်အမှုန့်များကို တွေ့ရမှာဖြစ်ပါတယ်။ ၎င်းပုံစံဟာ ဂျုံမှုန့် (သို့မဟုတ်) ကလေးပေါင်ဒါမှုန့်နဲ့ တော်တော်လေးဆင်တူပြီး အချိန်ကြာလာတာနဲ့အမျှ မီးခိုးရောင်အထိ ပြောင်းလဲလာနိုင်ပါတယ်။

   အပင်ရဲ့ အောက်ဘက်ပိုင်းအရွက်တွေကနေ ရောဂါစတင်ဖြစ်ပွားလေ့ရှိပြီး နောက်ပိုင်းမှာတော့ အပင်တစ်ပင်လုံးကို ပျံ့နှံ့သွားမှာဖြစ်ပါတယ်။ ပူနွေးပြီး စိုထိုင်းဆမြင့်မားတဲ့ ရာသီဥတုအခြေအနေမျိုးမှာဆိုရင် ရောဂါကူးစက် ပျံ့ပွားနှုန်းဟာ အမြင့်ဆုံးဖြစ်ပါတယ်။ မှိုမျိုးစေ့ (fungal spores) တွေဟာဆိုရင် ရေနဲ့ လေတို့ကနေတစ်ဆင့် တစ်ပင်မှတစ်ပင်ကို လျင်မြန်စွာ ကူးစက်ပျံ့ပွားနိုင်ပါတယ်။ ရောဂါကျရောက်မှု ဆိုးရွားမယ်ဆိုရင်တော့ အပင်ရဲ့ ကြီးထွားမှုတွေ ရပ်တန့်သွားမယ်၊ နေရောင်ဖြင့် အစာချက်လုပ်ခြင်း (photosynthesis) လုပ်ငန်းစဉ်တွေထိခိုက်မယ်၊ နောက်ဆုံးမှာတော့ အပင်ကိုပါ သေဆုံးသွားစေမှာ ဖြစ်ပါတယ်။ 

   မှိုရောဂါများနဲ့ပတ်သတ်ပါက ရောဂါတွေ့ရှိပြီးမှကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ပိုပြီးကောင်းပါတယ်။ ကြိုတင်ကာကွယ်နည်းတွေရှိတဲ့အထဲကမှ “စိုက်ပျိုးနည်းစနစ်တွေ” အသုံးပြုပြီး ကာကွယ်ခြင်းက ပိုလွယ်ကူပြီး ထိရောက်တယ်လို့လည်း ဆိုကြပါတယ်။ အခုဖော်ပြပေးမယ့် ကြိုတင်ကာကွယ်နည်းတွေကတော့ အိမ်တွင်းအလှစိုက်အပင်တွေအတွက် အသုံးဝင်မယ့် နည်းလမ်းအချို့ပဲ ဖြစ်ပါတယ်။ 

၁။ ရေလောင်းတာ သတိပြုပါ

အပင်တွေကို ရေလောင်းတဲ့အခါ ရေလောင်းမများစေဖို့ သတိပြုရပါမယ်။ အပင်လိုအပ်တာထက် ရေလောင်းတာ များသွားမယ်၊ မြေသားဟာလည်း အမြဲစိုစွတ်နေပြီး ရေကလည်းဝပ်နေမယ်ဆိုရင်တော့ မှိုရောဂါတွေကို ဖိတ်ခေါ်နေသလို ဖြစ်မှာအသေချာပါပဲ။ ဒါ့ကြောင့် အပေါ်ယံမြေသား ၂.၅ ကနေ ၅ စင်တီမီတာလောက်အထိ မြေသားကောင်းစွာခြောက်ပီဆိုမှ ရေလောင်းပေးပါ။ 

၂။ စိုထိုင်းဆကို သတိပြုပါ

အိမ်တွင်းအလှစိုက်အပင်တွေ စိုက်ပျိုးထားရှိတဲ့နေရာမှာ စိုထိုင်းဆမြင့်နေမယ်ဆိုရင် ဖားဥမှိုရောဂါ ကျရောက်တတ်ပါတယ်။ ပုံမှန်အားဖြင့်တော့ အိမ်တွင်းအလှစိုက်အပင်တွေဟာ စိုထိုင်းဆရှိနေတာကို နှစ်သက်ကြတာဖြစ်ပေမယ့် ကျွန်ုပ်တို့နိုင်ငံလို အပူပိုင်းရာသီဥတုရှိနေပြီး စိုထိုင်းဆမြင့်မားတဲ့အခြေအနေကတော့ အပင်တွေအတွက် ပြဿနာရှိနိုင်ပါတယ်။ လေထဲမှာ စိုထိုင်းဆများနေခြင်းဟာ အပင်များကို မှိုရောဂါနဲ့ အခြားသောရောဂါများဖြစ်စေဖို့ အားပေးပါတယ်။ ဒါ့ကြောင့် အပင်တွေကို အိမ်အတွင်းမှာ စိုက်ပျိုးထားရှိတဲ့အခါ နေရာကို သေချာရွေးချယ်ပြီးမှ ထားသင့်ပါတယ်။ နောက်တစ်ခုက အပင်တွေကို တိုက်ခန်းတွေထဲမှာ စိုက်ပျိုးထားပြီး မိုးရာသီလို စိုထိုင်းဆများတဲ့ အခြေအနေတွေမှာဆိုရင်တော့ ရေခိုးရေငွေ့ စုပ်ယူထိန်းသိမ်းပေးတဲ့စက် (Dehumidifier) အသေးစားလေးတွေကို အသုံးပြုပြီး စိုထိုင်းဆကို လျော့ချနိုင်ပါတယ်။ 

၃။ အလင်းရောင်ကို သတိပြုပါ

သဘာဝအတိုင်း အပြင်မှာစိုက်ပျိုးတာမဟုတ်ဘဲ အိမ်တွင်းမှာအလှစိုက်တဲ့အပင်တွေဖြစ်တာကြောင့် အပင်တွေကို အလင်းရောင်ကောင်းကောင်းရအောင် ပြုလုပ်ပေးထားသင့်ပါတယ်။ သဘာဝအလင်းရောင်ကတော့ အကောင်းဆုံးဖြစ်တာမို့ နေ့ခင်းဘက်တွေဆိုရင် အလင်းရောင်ကောင်းကောင်းရတဲ့နေရာတွေမှာ ထားပေးသင့်ပါတယ်။ အပင်တွေကို အလင်းရောင်ပြမယ်ဆိုရင်တော့ နံနက်ခင်းနေရောင်ပြပေးပါ။ နေ့လည်နဲ့ ညနေခင်းနေရောင်တွေဟာ အချိန်ကြာကြာထိတွေ့မယ်ဆိုရင် အချို့သောအပင်တွေမှာ အရွက်တွေလောင်တာမျိုး ဖြစ်နိုင်ပါတယ်။ 

၄။ မြေရဲ့ရေဆင်းအား သတိပြုပါ

ဒီအချက်ကတော့ အထက်မှာဖော်ပြခဲ့သလိုပါပဲ။ ရေဆင်းအားမကောင်းရင် ရေဝပ်မယ်၊ အစိုဓာတ်မပြတ်ရှိနေမယ်၊ ပြီးရင်တော့ မှိုရောဂါတွေဝင်ရောက်လာမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အိမ်တွင်းမှာပဲဖြစ်ဖြစ် အိမ်အပြင်မှာပဲဖြစ်ဖြစ် သဘာဝမြေဆွေးနဲ့ အော်ဂဲနစ်ပစ္စည်းလေးတွေ ထည့်ပေးခြင်းအားဖြင့် ရေဆင်းအားကောင်းဖို့ အထောက်အကူပြုစေမှာ ဖြစ်ပါတယ်။ 

၅။ အမှိုက်သရိုက်များ သတိပြုပါ

ဒီမှာပြောတဲ့ အမှိုက်သရိုက်ဆိုတာက ပိုး၊ ရောဂါကျရောက်ပြီး ထိခိုက်ပျက်စီးကာ ကြွေကျနေတဲ့အရွက်တွေ၊ ကိုင်းတွေနဲ့ အခြားသော အပင်အစိတ်အပိုင်းတွေကို ဖယ်ရှားဖို့ ဆိုလိုတာဖြစ်ပါတယ်။ အကယ်၍ အပင်အစိတ်အပိုင်းတွေကို ဖြတ်ရမယ်၊ ဖဲ့ရမယ်ဆိုရင်လည်း သန့်ရှင်းတဲ့ ပစ္စည်းကိရိယာတွေကို အသုံးပြုသင့်ပါတယ်။ 

၆။ အပင်သစ်ဝယ်ယူတဲ့အခါ သတိပြုပါ

ဆိုင်ကနေ အပင်သစ်ဝယ်ယူတိုင်းမှာ ပိုး၊ ရောဂါကျရောက်မှု ရှိ၊ မရှိ သေချာ စစ်ဆေးပါ။ အထူးသဖြင့် ဖားဥမှိုလိုရောဂါနဲ့ အခြားသောမှိုရောဂါတွေကျရောက်မှုကို စစ်ဆေးသင့်ပါတယ်။ ရောဂါကျနေတဲ့ အပင်ကိုဝယ်ယူလာခဲ့မိရင်တော့ မိမိမှာရှိပြီးသား အပင်တွေကိုပါကူးစက်နိုင်တဲ့အတွက် အထူးသတိပြုသင့်ပါတယ်။  

၇။ သဘာဝနည်းများဖြင့် ကာကွယ်ပါ

မှိုရောဂါကျရောက်တဲ့အခါ သဘာဝနည်းလမ်းများကိုပဲ အသုံးပြုပြီးကာကွယ်ပါ။ ဥပမာအားဖြင့် မုန့်ဖုတ်ဆိုဒါ၊ သစ်ကြမ်းပိုးခေါက်နဲ့ ပန်းသီးရှာလကာရည် စတဲ့ ပစ္စည်းတွေမှာဆိုရင် မှိုရောဂါတွေကို ဆန့်ကျင်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေရှိပါတယ်။ အထက်ဖော်ပြပါ သဘာဝပစ္စည်းများကို အပင်တစ်ဝိုက်မှာရှိတဲ့ မြေသားအပေါ်မှာ ပမာဏအနည်းငယ် ပက်ဖျန်းအသုံးပြုပေးရုံနဲ့ ဖားဥမှိုလိုရောဂါမျိုးတွေကို ကာကွယ်ပေးနိုင်ပါတယ်။ သဘာဝပစ္စည်းတွေဟာ အနည်းငယ်အသုံးပြုရုံနဲ့ ထိရောက်ပြီး အပင်ကိုလည်း ထိခိုက်မှု လုံးဝ မရှိစေပါဘူး။ ဒါက ရောဂါကို ကြိုတင်ကာကွယ်တဲ့ အပိုင်းပါ။

အကယ်၍ အပင်မှာ ရောဂါကျရောက်နေမယ်ဆိုရင်တော့ အိမ်လုပ် ဘိုင်ကာဗွန်နိတ်ဖျော်ရည် (ရေတစ်လီတာလျှင်  မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်း) သို့မဟုတ် ဆာလ်ဖာဓာတ်ကို အခြေခံတဲ့ မှိုသတ်ဆေးတစ်မျိုးမျိုးနဲ့ ပက်ဖြန်းပေးနိုင်ပါတယ်။ တမာဆီ အလွယ်တကူရနိုင်မယ်ဆိုရင်လည်း ပိုး၊ ရောဂါများအတွက် အသုံးပြုလို့ရပါတယ်။ 

Source -How to prevent and control powdery mildew (PictureThisAI) 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်