ရေလုပ်ငန်းမှာ Probioticလို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားတွေက ဘာလို့အရေးပါတာလဲ?

25/08/2023 15:00 PM တွင် Dr.AQUAs Dr.AQUAs မှ ရေးသား

Probiotic ဆိုတာ ကျမတို့ကိုအကျိုးပြုတဲ့ Microorganisms တွေဖြစ်တယ် အဏုကြည့်မှန်ပြောင်းနဲ့မှ မြင်နိုင်တဲ့ သက်ရှိအကောင်လေးတွေပေါ့။ အဲ့ကောင်လေးတွေက သေးသေးလေးတွေဆိုပေမယ့် ကျမတို့မွေးမြူရေးလောကမှာရော စိုက်ပျိုးရေးမှာပါ အရမ်းအသုံးဝင်တဲ့အပြင် လူသားတွေရဲ့ကျန်းမာရေးကိုပါ အထောက်အကူပြုတဲ့ အကောင်လေးတွေ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ဒီ Proboticလေးတွေဟာ ကျမတို့ရဲ့ငါးကန်/ပုစွန်ကန်တွေကို ဘယ်လိုအကျိုးပြုပေးကြသလဲ?

မွေးမြူရေးကန်တွေထဲမှာ သူတို့ဘယ်လိုအလုပ်လုပ်ကြသလဲဆိုတဲ့အကြောင်း လေးကို သေချာလေးမျှဝေပေးသွားပါမယ်။

ကျွန်မတို့ရဲ့ကန်တွေမှာ Probiotic လေးတွေကို ရေထဲထည့်ပေးပြီး အသုံးပြုကြသလို အစာထဲထည့်ကျွေးတာမျိုးပြုလုပ်ပြီးလည်းအသုံးပြုနိုင်ပါတယ်။

ရေထဲထည့်ပြီး ပုံမှန်အသုံးပြုပေးခြင်းအားဖြင့် ကန်တွေထဲမှာ နေ့စဥ်ဖြစ်ပျက်နေတဲ့ Nitrogen circle လို မျိုး Chemical reaction တွေကို အဆင်ပြေပြေ ချောချောမွေ့မွေ့လည်ပတ်နေစေဖို့ အထောက်အကူပြုပေးပါတယ်။

ဥပမာအားဖြင့်ပြောရရင် ကန်တွေထဲက ငါးတွေရဲ့အညစ်အကြေးတွေ ပိုလျှံတဲ့အစာတွေနဲ့ အခြားသော အပင်၊ အကောင်တွေပုပ်တဲ့အခါအဲ့အပုပ်အစပ်အညစ်အကြေးတွေကနေ Ammonia ထွက်လာပါတယ်။

အဲ့ကနေမှတစ်ဆင့် Ammonia ➡ Nitrite➡Nitrogen➡Phytoplankton Bloom➡Oxygen အဲ့လိုမျိုး Balance ညီညီနဲ့ လည်ပတ်နေတာပါ။ အခုပြထားတဲ့ အဆင့်တစ်ဆင့်ကနေ တစ်ဆင့်ကိုပြောင်းသွားဖို့အတွက် Microorganisms လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေဟာ ကန်ထဲက Oxygenကိုအသုံးပြုပြီး ဒီChemical compound / complex compound တွေကို ဖြိုခွဲပေးတယ်ပေါ့ရှင့်။

ရိုးရိုးရှင်းရှင်းလေးပဲ မှတ်ထားချင်တဲ့သူတွေကတော့ 

  • Probiotic လေးတွေဟာ ကန်ထဲကအညစ်အကြေးတွေကိုစားပစ်တယ်။
  • မကောင်းတဲ့ ဘက်တီးရီးယားတွေ ရောဂါပိုးတွေမဝင်နိုင်အောင် ကာကွယ်ပေးတယ်။ ပုံမှန်တစ်လတစ်ခါ သုံးပေးခြင်းအားဖြင့် ရေအရည်အသွေးကို အမြဲကောင်းနေစေဖို့ ထိန်းထားပေးနိုင်တယ်ဆိုပြီး ဒီလောက်မှတ်ထားရင်ရပါပြီ။
  • နောက်တစ်မျိုးကတော့ အစာထဲထည့်ကျွေးရင်ရော ဘာတွေကောင်းလဲပြောပြပေးပါမယ်။
  • အစာထဲထည့်ကျွေးတဲ့အခါ ကိုယ်မွေးမြူထားတဲ့ ငါး/ပုစွန်လေးတွေရဲ့အူလမ်းကြောင်းကို ကျန်းမာရေးအတွက် အထောက်အကူပြုပေးပြီးတော့ အစာခြေအင်္ဂါ ပိုဖွံဖြိုးစေတဲ့အတွက် အူနံရံတွေကနေအဆင့် အစာထဲမှာပါဝင်တဲ့ အစာအဟာရတွေစုပ်ယူ နိုင်မှုပိုကောင်းစေပါတယ်။ အဲ့တော့ ကြီးထွားမှုနှုန်းလဲ ပိုကောင်းစေတာပေါ့။
  • Probiotic သုံးလို့မကောင်းတာဘာမှမရှိပါဘူး။ ဆိုးကျိုးလဲမရှိပါဘူးး

#တစ်ခုသတိထားရမှာက 

📌EM တို့ Probiotic တို့ကို ရွေးချယ်ဝယ်ယူတဲ့အခါ Quality ကိုအဓိကထားပြီးဝယ်ယူပါ။ Ready made အထုတ်တွေ ဗူးတွေရှိပါတယ်။ အညွှန်းကိုဖတ်ကြည့်ပြီး ဘယ်ဘယ်တီးရီးယားအမျိုးအစားတွေပါဝင်လဲ အကောင်ဘယ်နှစ်သန်းပါဝင်လဲ ဆိုတာတွေအကုန်ဖတ်ကြည့်လို့ရပါတယ်။

ကိုယ်ဝယ်လိုက်တဲ့ EM / Probiotic ပုံး ဒါမှမဟုတ် အထုတ်တွေမှာ ပိုးအကောင်ရေဘယ်လောက်ပေါက်လို့ပေါက်မှန်းဘယ်လို့ပါလို့ပါမှန်း မသိရတာမျိုးထက် တိတိကျကျလေးသိရတဲ့ ပစ္စည်းကိုရွေးသုံးမှ ထိထိရောက်ရောက်အကျိုးရှိမှာပါ 📌

အဆင်ပြေကြပါစေ
(Sharing by Dr Aqua Page မှ ကူးယူဖော်ပြပါသည်)

မူရင်းလင့်ခ်>>> https://m.facebook.com/story.php?story_fbid=pfbid029mMsRtiJzUczCnjdX1wcKNikhCj8scpvNg5a6aTy1j6yUKBr6QHFUJwHKJK8zwmFl&id=100090991808698&mibextid=Nif5oz

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။  


Marlarmyaing Public Company Limited ကြော်ငြာ
ပဲခင်းထဲ ပဲမများဘဲ ပေါင်းများနေရင်တော့မဟုတ်သေးဘူးလေ။ ပေါင်းရှင်းရင်လည်း ရှင်းနည်းကလည်းမှန်ဖို့လိုသေးတယ်ဗျာ။ ပဲမျိုးစုံ၊ပဲပုတ်၊ပဲတီစိမ်း၊မတ်ပဲ၊ကုလားပဲ၊ပဲလွန်းဖြူ၊မြေထောက်ပဲတွေမှာ ကျရောက်တဲ့ တစ်နှစ်ခံနှင့်နှစ်ရှည် မြက်တွေကို သီးနှံစိုက်ပြီး (၁၀-၂၀) ရက် (သို့) ပေါင်းအရွက် (၂-၃)ထွက်ချိန်အတွင်း အမ်ကွင်း (Quizalofop-p-ethyl 10%EC) ကို အသုံးပြုနိုင်ပါတယ်။ ရွက်ပြန့်ပေါင်းတွေအတွက်ဆိုရင်တော့ သီးနှံစိုက်ပြီး (၁၄-၂၈) ရက် (သို့) ပေါင်းအရွက် (၂-၄)ထွက်ချိန် အမ်ကင်း (Fomesafen 25%SL) ကို ပက်ဖျန်းနိုင်ပါတယ်ဗျာ။ ပေါင်းသတ်ဆေး အာနိသင် ထိရောက်စေဖို့ 📌နေပြင်းချိန်မှာ ဆေးမဖျန်းဖို့ သတိပြုရပါမယ်။ 📌ဖော်ပြထားတဲ့ ဆေးညွှန်းနှုန်းထားအတိုင်းသာ အသုံးပြုပေးရပါမယ်။ မာလာမြိုင်ကတော့ တောင်သူတိုင်းပဲများနိုင်အောင် နည်းမှန်လမ်းမှန်တွေညွှန်းပေးလိုက်ပါပြီ။ တောင်သူတွေဘက်ကလည်း မှန်မှန်ကန်ကန်လိုက်နာမယ်ဆို ပဲများဝေဆာပြီး လူကြားထဲ မျက်နှာပန်းလှနေမှာပဲဗျို့။ Hotline ဖုန်းနံပါတ်☎️𝟬𝟵 𝟳𝟵𝟵 𝟵𝟵𝟯 𝟯𝟮𝟮 မှာ အသေးစိတ်မေးမြန်းနိုင်ပါတယ်
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်