ENI ဖောင်ဒေးရှင်း၏ ကူညီထောက်ပံ့မှုဖြင့် မကွေး၊ မင်းလှ၊ မြို့သစ်ဒေသများတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော PC Myanmar စီမံကိန်းမှ ထုတ်လွှင့်ပေးမယ့် သီးနှံစိုက်ပျိုးထုတ်လုပ်နေတဲ့ တောင်သူများ အထူးသဖြင့် ဖရုံ၊ ခရမ်းချဉ်တောင်သူများအတွက် စိုက်ပျိုးရေးဦးစီးဌာန ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ဖွံ့ဖြိုးရေးသုတေသနဌာနမှ ဦးစီးအရာရှိ ဆရာမ ဒေါ်သိင်္ဂီဆွေကို မေးမြန်းထားတဲ့ ရေဒီယို အစီအစဉ်လေးပဲ ဖြစ်ပါတယ်။
ဖရုံ၊ ခရမ်းချဉ် သီးနှံမျိုးတွေရဲ့ မျိုးနှင့်စျေးကွက်အနေအထား၊ မကွေးတိုင်းဒေသကြီးရဲ့ ဒေသလိုက်ကိုက်ညီမှု အခြေအနေများနှင့်ရောဂါဒဏ်ခံနိုင်မှု များ၊ ဌာနက ဖြန့်ဖြူးပေးနေသော မျိုးများအကြောင်း၊ မျိုးသန့်ပြန့်ပွားနေသော အခြေအနေများ၊ ဘက်စုံသီးနှံကာကွယ်ရေးအခြေအနေများ၊ အာဟာရဆိုင်ရာစီမံခန့်ခွဲမှုနှင့်သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲမှုများအကြောင်းကို တောင်သူများ သိရှိနားလည်စေရန်အတွက် ယခုအစီအစဉ်ကို တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်ရှင့်။
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️
❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော်
✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more
PC Myanmar