ကန်ထဲကရေ ကြည်ဖို့အတွက် အပင်လေးတွေထည့်မယ်

27/01/2020 12:30 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရေကန်တွေရှိနေရင်တော့ ရေကြည်နေဖို့ကို ဘာတွေထည့်ရမလဲဆိုတာ ခေါင်းခဲနေသလား။

သိပ်မသုံးချင်ဘူး။ မိုးရေလေးပဲလှောင်ထားတာမျိုး၊ ဘုန်းကြီးကျောင်းက ရေကန်ကြီးမို့ လှလှကြည်ကြည်လေးဖြစ်ချင်နေတာမျိုး၊ အိမ်ရှေ့က ရေမြောင်းက ခြင်ကိုက်ပြီးတော့ ရေတွေ သိပ်မကောင်းချင်လို့ဆိုတာမျိုးဆိုရင် ဘာတွေစိုက်ထည့်ကြမလဲဆိုတာကို သိကြရမှာပါ။

အကောင်းဆုံး အပင်(လွယ်လွယ်နဲ့ ရနိုင်တဲ့အပင်) တွေကတော့ (၃)မျိုးရှိပါတယ်။ 

(၁) Hornwort 

(၂) Water Lettuce (ရေဆလပ်)

(၃) Water Hyacinth (ဗေဒါ) 

အဲ့ အပင်တွေအပြင်ကို ဘာတွေထပ်ရှိဦးမလဲဆိုတာကတော့ ဆက်ပြီးတော့ ကြည့်လိုက်ပါဦး

(၁) Hornwort 

အဲ့အပင်တွေကို ဘယ်လိုခေါ်မလဲဆိုတာတော့ ရေထဲအလှစိုက်တဲ့ ငါးကန်ထဲထည့်တဲ့အပင်သေးသေးလေးတွေပါပဲ။ သူက ဘယ်လိုလုပ်ပေးလဲဆိုတော့ ရေကန်ထဲ စစ်ထုတ်ဖို့ကို တာဝန်ယူပေးပါတယ်။ ဘာတွေကောင်းသလဲဆိုတော့ အကြီးမြန်တယ်။ ပြီးတော့ အစားကြီးတယ်။ ရေကန်တစ်ကန်လုံးကိုသန့်စင်ဖို့အတွက် အချိန်အရမ်းမြန်ပါတယ်။ အစားကြီးတာကိုး။

အရမ်းအကြီးမြန်လို့ မကြာခဏဖြတ်တောက်ပေးဖို့တော့ လိုအပ်ပါလိမ့်မယ်။ အမြဲတမ်းကြီးတော့ မဟုတ်ပါဘူး။ တစ်လကို တစ်ခါလောက်ပဲ ဖြတ်တောက်ပေးဖို့ လိုအပ်ပါတယ်။  အဲ့ အပင်တွေက ဘာမှသိပ်လုပ်ပေးစရာမလိုပဲ ထည့်ထားပေးလိုက်ရုံနဲ့တင် ရေကန်ကိုသန့်စင်စေနိုင်တဲ့ အကျိုးအာနိသင်ရှိပါတယ်။ နေရောင်လေးကောင်းကောင်းရနိုင်မယ်။ ရေထဲမှာ အာဟာရနည်းနည်းလေးရှိရုံနဲ့ ကောင်းကောင်းရှင်သန်ကြီးထွားနိုင်တာကြောင့် ဖြစ်ပါတယ်။ 

ထိန်းသိမ်းရတာလည်း နည်းနည်းလေးပဲလိုအပ်တာကြောင့် အကောင်းဆုံးတွေထဲပါဝင်တဲ့ အပင်လေးပဲဖြစ်ပါတယ်။

(၂) ရေဆလပ် (Water Lettuce) 

ရေဆလပ်ပင် ဝိုင်းဝိုင်းလေးတွေမျောနေတဲ့ ရေကန်ထဲကရေလေးတွေဆို သန့်စင်နေတတ်ပါတယ်လေ။ 

ပထမဆုံးနဲ့ အရေးကြီးဆုံးအချက်ကတော့ အပင်ဝိုင်းလေးတွေက ကြီးမားပြီးတော့ ကြီးထွားမြန်တဲ့ အပင်မျိုးဖြစ်ပါတယ်။ ရေကန်သန့်ရှင်းရေးနဲ့ သန့်စင်ရေးအတွက်ဆိုရင်တော့ ကောင်းမွန်တဲ့ အပင်မျိုးဖြစ်ပါလိမ့်မယ်။ ကြာပန်းတွေကြား ရေဆလပ်ပင်လေးတွေကိုထည့်ထားပေးရင်ရော ရေကန်ကြီးက လှပနေမှာပေါ့လေ။

ငါးတွေမွေးထားတယ်ဆိုရင်တောင် ငါးတွေအတွက် အရိပ်ကိုတောင် ဖန်တီးပေးနိုင်တဲ့ အပင်မျိုးတွေဖြစ်ပါတယ်။ ငါးကန်နေပူလွန်းတယ်ဆိုရင် ရေဆလပ်လေးတွေနဲ့ အရိပ်ပေးလို့ရပါပြီ။ အရမ်းများပွားလာတယ်ဆိုရင် ဘေးကို ဖယ်ချပေးလို့ ရပါတယ်။ ပြန်ပြီးတော့ ထိန်းသိမ်းတဲ့အခါမှာလည်း လွယ်ကူပါတယ်။ အာဟာရစုပ်တာ နည်းနည်းရှိပါတယ်။ နေရောင်ကိုလည်း ကြိုက်ပါတယ်။ အဲ့တော့ ရေကန်ရှင်းဖို့သန့်ဖို့ဆိုရင် ရေဆလပ်ကို စိုက်ပျိုးပေးနိုင်ပါတယ်။

(၃) ဗေဒါ (Water Hyacinth) 

မဗေဒါက ဇာတ်လိုက်ကျော်ပါနော်။ ရေမြုပ်လေးတွေပါဝင်ပြီးတော့ ရေပေါ် ပေါက်တဲ့ အပင်လေးတွေဖြစ်ပါတယ်။ ရေကိုလည်း သန့်ပေးတယ်။ မြေသြဇာလည်း ပြန်လုပ်ပြီး သုံးလို့ရတယ်။ ပြီးတော့ တစ်ချို့တွေက ပန်းကန်ပြားတွေ ဘာတွေ ထုတ်လုပ်ပြီးတော့ သုံးနေကြတယ်။ ရေကိုလည်း သန့်စင်ပေးတယ်။ သိပ်ရင်းနှီးတဲ့ အပင်တွေဆိုတော့ ရှင်းမယ်ဆိုရင် ကြည့်ပြီးတော့ နည်းနည်းလေးချန်ပြီးတော့ ရှင်းပါ။ ပန်းလေးတွေလည်း ပွင့်တယ်လေ။

ငါးတွေက ကြိုက်တယ်တဲ့။ ဘာလို့လဲဆိုတော့ ရေမြုပ်လုံးလေးတွေမှာ တင်နေတတ်တဲ့အကောင်လေးတွေကို သူတို့ ဖမ်းစားနိုင်လို့ဖြစ်ပါတယ်တဲ့။  ပြီးတော့ အရိပ်လေးတွေလည်း ရတယ်လေ။ ကောင်းကောင်းထားနိုင်ရင် အကျိုးများတဲ့အပင်လေးပဲဖြစ်ပါတယ်။  နိုင်နင်းဖို့ တော့ လိုတယ်။ မဗေဒါကတော့ သန်စွမ်းတယ်လေ။ 

ကဲ့ ဒီလောက်ဆိုရင်တော့ ရေကန်အတွက် ထားနိုင်တဲ့ သန်စင်နိုင်အားကောင်းတဲ့ အပင် (၃) ပင်ကို ဖော်ပြထားတာဖြစ်ပါတယ်။  တန်ဆေးလွန်ဘေးဆိုတော့ သင့်တော်ရာ သုံးနိုင်ကြပါစေလို့..

ထွန်းဝင်းကျော်

Source - https://www.aquascapeaddiction.com/articles/best-pond-plants-to-keep-water-clear

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်