ငါးမွေးမြူခြင်းဆိုင်ရာဥပဒေကို အမျိုးသားငါးမွေးမြူ ခြင်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာဥပဒေအဖြစ် ပြောင်းလဲသတ်မှတ်ရန် လွှတ်တော်သို့ တင်ပြမည်

11/04/2019 16:55 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ငါးမွေးမြူခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို အမျိုးသားငါးမွေးမြူခြင်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာဥပဒေအဖြစ် ပြောင်းလဲသတ်မှတ်ရန် ဧပြီလအတွင်း (သင်္ကြန်ပိတ်ရက်အပြီး) အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်သို့ ဆွေးနွေးအကြံပြု တင်ပြသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။ 

ငါးမွေးမြူခြင်းဆိုင်ရာဥပဒေမူကြမ်း ပြင်ဆင်ရေးဆွဲရန် ငါး၊ ပုစွန်မွေးမြူရေးနှင့် သက်ဆိုင်ရာလုပ် ငန်းရှင်များမှ အကြံပြုဆွေးနွေးတင်ပြရန် ၂၀၁၉ ခုနှစ် မတ်လ (၂၃) ရက် က ပြည်ထောင်စုလွှတ် တော်မှ နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားကြောင်း သိရသည်။ 

“ပြည်ထောင်စုလွှတ်တော်က ကြေညာတာ ငါးမွေးမြူခြင်းဆိုင်ရာ ဥပဒေမူကြမ်းပေါ့နော်။ လက်ရှိတည်ဆဲဥပဒေကလည်း ငါးမွေးမြူခြင်းဆိုင်ရာ ဥပဒေပဲ။ အခုပြန်ပြီး အသစ်ရေးဆွဲမယ့် ဥပဒေကလည်း ဒါပဲ။ ကျွန်တော်တို့အနေနဲ့ ခဏခဏပြောတယ်။ ရေသယံဇာတ၊ မြေသယံဇာတ ပေါကြွယ်ဝတယ်။ ရာသီဥတုက သင့်တင့်မျှတတယ်။ မွေးမြူရေးကိုတိုးချဲ့ဖို့ အလားအလာများစွာရှိနေတယ်။ ဒီဟာကို စနစ်တကျထူ ထောင်ဖို့ဆိုတာ ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းက ပါလာတယ်။ ကျွန်တော်တို့က ဒီငါးမွေးမြူခြင်း ဥပဒေအသစ် ပြန်လည်ရေးဆွဲချိန်မှာ ဥပဒေနာမည်ကအစ ပြောင်းလဲဖို့ တင်ပြသွားမှာဖြစ်တယ်။” ဟု မြန်မာနိုင်ငံ  ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။ 

လက်ရှိရေးဆွဲထားသော ငါးမွေးမြူခြင်းဆိုင်ရာ ဥပဒေမူကြမ်းတွင် ငါးမွေးမြူရေး တောင်သူများ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ရပိုင်ခွင့် အခွင့်အရေးများကို ထည့်သွင်းရေးဆွဲထားခြင်း မရှိသောကြောင့် ဥပဒေတွင် ထည့်သွင်းဖော်ပြနိုင်ရန် အကြံပြုသွားမည်ဖြစ်ကြောင်း သိရသည်။ 

ယင်းအပြင် ငါး၊ ပုစွန်မွေးမြူရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် မူဝါဒ၊ လုပ်ငန်းစဉ်များ ချမှတ်ဆောင် ရွက်နိုင်ရန်နှင့် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်နိုင်ရန် ဗဟိုကော်မတီတစ်ခု ဖွဲ့စည်းရန်အတွက်လည်း တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။ 

"ဒီဥပဒေမှာ အားနည်းချက်ရှိတာက ငါးမွေးမြူရေးလို့ ဥပဒေက သတ်မှတ်ထားပြီးတော့ ငါးမွေးရင်၊ ပုစွန်မွေးရင် အစာလိုတယ်။ ဒီထဲမှာ အစာကိစ္စလည်းမပါဘူး။ ပြီးတော့ ဆေးဝါး၊ ရောဂါနဲ့ ပတ်သက်တာလည်း မပါဘူး။ ဓါတ်ခွဲခန်းကိစ္စလည်း မပါဘူး။ မွေးမြူရေးနည်စနစ် GAqP နဲ့ ပတ်သက်တဲ့ ကိစ္စလည်းမပါဘူး။ ဒါတွေကို ကျွန်တော်တို့က ပြည့်စုံအောင်ထည့်ချင်တယ်။ ဒါကြောင့် လွှတ်တော်မှာ ဆွေးနွေးတဲ့အခါ ဒါတွေထည့်သွင်းဖို့ တင်ပြသွားမယ် ။" ဟု ဦးဝင်းကြိုင်က ပြောသည်။ 

ထို့အပြင် ငါးမွေးအစာနှင့် ပတ်သက်၍ ရောင်း/ဝယ် တင်သွင်းမှုတွေကို ယင်းဥပဒေမူကြမ်းတွင် ထည့်သွင်းရေးဆွဲသွားရန်၊ ရောဂါထိန်းချုပ်ကာကွယ်ရေးတွေအပြင် မွေးမြူရေးနည်းစနစ်တွေကို ထည့်သွင်းပြဋ္ဌာန်းရန် လိုအပ်နေခြင်းကြောင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် မွေးမြူရေး ပညာရှင်များ၊ မွေးမြူရေးနှင့် ကုသရေးဆရာဝန်များ၊ ဥပဒေပညာရှင်များနှင့် တိုင်ပင်ဆွေးနွေး အကြံပြုတင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။  

ယင်းဥပဒေကို ယခင်အစိုးရဟောင်း သမ္မတ ဦးသိန်းစိန် လက်ထက်တွင် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ယူရေးဆွဲခြင်းဖြစ်ကြောင်း သိရသည်။ 

အေးအေးမြင့်(ABM)

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်