ကုန်းနေ၊ လေနေသတ္တဝါများထက် ရေနေသတ္တဝါများ ပို၍အပုပ်မြန်ရခြင်း (သို့) ပျက်စီးမြန်ရခြင်း အကြောင်းရင်းများ

30/11/2022 18:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ငါးဖြစ်စေ၊ ပုစွန်ဖြစ်စေ ရေနေသတ္တဝါများသည် ဖမ်းမိချိန်မှစပြီး ကာလအချိန်တစ်ခုတွင် ပုပ်သိုးခြင်း (တစ်နည်း) ပျက်စီးခြင်းများကို ဖြစ်စေပါသည်။ သို့သော် အခြားသတ္တဝါများထက် (ဥပမာ- ဝက်၊ ဘဲ၊ ကြက်) အချိန်တိုအတွင်း ပုပ်သိုးခြင်းမြန်ဆန်သည်ကို တွေ့ရှိရပါသည်။

ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသူများသည် မိမိဖမ်းဆီးရရှိသော ငါး၊ ပုစွန်များကို ရောင်းချသည့်နေရာ ဈေးကွက်သို့ အချိန်မှီရောက်ရှိမှသာ မိမိရောင်းချသော ငါး၊ ပုစွန်များ ဈေးကောင်း ရခြင်း၊ ရောင်းပန်းလှခြင်းကို ရရှိပါမည်။ ထို့ကြောင့် မပုပ်မသိုးစေရန် ကြိုတင်စီမံခြင်းပြင်ဆင်ခြင်းကို ဆောင်ရွက်ရပါမည်။ သို့မှသာ မိမိတို့၏ ငါးပုစွန်များသည် တန်ဖိုးမြင့် ရောင်းကုန်တစ်ခုဖြစ်လာပါမည်။

မြန်မာလူမျိုးများသည် ငါးကိုလတ်ဆတ်သည်ဖြစ်စေ၊ အနည်းငယ်နာသည်ဖြစ်စေ (ပုပ်စပြုသည့်အချိန်) အတော်နာနေသည် ဖြစ်စေ (စားမရအောင် ပုပ်သိုးခြင်း)၊ အလဟသ မဖြစ်စေဘဲ ပြုပြင်စားသုံးသည့် အလေ့အကျင့်များရှိပါသည်။ ထို့ကြောင့် ရေလုပ်ငန်းသားအများစုသည် မိမိတို့ဖမ်းမိသော ငါးပုစွန်များကို မပုပ်မသိုးစေရန် ကြိုတင်စီမံသော အလေ့အထနည်းပါးပါသည်။ ထို့ကြောင့် ငါး၊ ပုစွန်များ ဈေးကောင်းရရှိမှုသည် မိမိတို့ဖမ်းမိသော ငါး၊ ပုစွန် စုစုပေါင်း၏ (၇၀) ရာခိုင်နှုန်းကိုဖြစ်စေပြီး၊ ကျန် ၃၀ ရာခိုင်နှုန်းသည် ငါးပိကောင်ဖြစ်စေခြင်း၊ ရေကြိုငါးပိဖြစ်စေခြင်း တိရစ္ဆာန်အစာဖြစ်စေခြင်းများ ရှိနေပါသည်။

ရေလုပ်ငန်းအများစုသည် မိမိတို့ဖမ်းဆီးရရှိသော ငါးပုစွန်များကို တန်ဖိုးမြင့်၊ ဈေးကောင်းရလိုပါက မပုပ်မသိုးစေရန် ကြိုတင်စီမံခြင်း၊ ပြုပြင်စီမံခြင်းအလုပ်ကို ပြုလုပ်သင့်ပါကြောင်း အကြံပြုလိုပါသည်။ မိမိတို့ဖမ်းဆီးရရှိသော ရေနေသတ္တဝါများ၏ ပုပ်သိုးခြင်း မြန်ဆန်ရခြင်းအကြောင်းကို သိထားသင့်သဖြင့် မိမိတို့အတွက် ဆောင်ရန်၊ ရှောင်ရန်အဖြစ်သိစေခြင်းဖြင့် အကျိုးရှိစေအပ်ပါမည်။ ရေနေသတ္တဝါများ ပျက်စီးရခြင်း အကြောင်းအရင်းများမှာ-

(၁) ရေပါဝင်မှုရာခိုင်နှုန်းမြင့်မားခြင်း၊ ကြေးခွံမဲ့သော ငါးများတွင် ရေငွေ့ဆုံးရှုံးရန် အကာအကွယ်မဲ့ခြင်း။

(၂) အသားတွင်အမျှင်ဓာတ်နည်းပါးခြင်း။

(၃) သတ်မှတ်ထားသော အလေးချိန် သက်တမ်းရောက်မှ ဖမ်းဆီးမှုမပြုခြင်း

(၄) အသက်ရှင်လျက် ရောင်းချသည့် အလေ့အကျင့် ကျယ်ကျယ်ပြန့်ပြန့်မရှိခြင်း

(၅) အမျိုးအစား အရွယ်အစားမတူဘဲ ရောနှောထားရှိခြင်း

(၆) တန်ဖိုးအားဖြင့် ကြက်၊ ဝက်၊ အမဲတို့ထက် ပို၍ ဈေးနှုန်းနည်းသဖြင့် ဂရုတစိုက် မသိမ်းဆည်းခြင်း

(၇) ငါးဖမ်းဆီးခဲ့သော နေရာမှ စားသုံးသူရောက်သည်အထိ ကိုင်တွယ်မှုအဆင့်ဆင့် များပြားခြင်း

(၈) ရေ၊ ရေခဲမလုံလောက်ခြင်း၊ သန့်ရှင်းမှုလုပ်ငန်းများ လုပ်ဆောင်မှု အားနည်းခြင်း

(၉) စားသုံးသူများသည် လတ်ဆတ်မှုအရည်အသွေးကို ကောင်းစွာဂရုမပြုမိကြခြင်း

(၁၀) ငါးပုပ်သွားသော်လည်း ငါးပိကောင်၊ ရေချိုငါးပိ၊ ငံပြာရည် ပြုလုပ်သွားနိုင်သေးသည်ဟူသော တွေးထင်ယူဆချက်များကို ရေလုပ်သားများ လက်ခံထားရှိခြင်း

(၁၁) ပတ်ဝန်းကျင်ညစ်ညမ်းမှုဟူသမျှ ရေနေသတ္တဝါများအပေါ် စုပြုံကျရောက်လျက်ရှိသောကြောင့် အရည်အသွေးကျဆင်းရပါသည်။

"FSWG မှထုတ်ဝေသော ငါးနှင့်ကဏန်း အသေးစားမွေးမြူထုတ်လုပ်ရေး နည်းစနစ်များ" စာအုပ်တွင်ပါဝင်သော ဆောင်းပါးကောင်းများထဲမှ တစ်ပုဒ်ကို ကောက်နုတ်ဖော်ပြပါသည်။

အခုလိုမျိုး အပင်တွေရဲ့ ဆေးဖက်ဝင်ပုံအကြောင်းကို ‘ ကကြီးကနေ အ အထိ’ သိချင်ရင်တော့ ' မြန်မာ့ဆေးဝါးပင်များ ' စာအုပ်ကို အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို ဈေးတန်းကြီး fb page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်