ရေငတ်ခြင်းအား စပါးပင်၏တုံ့ပြန်မှု

16/08/2019 20:45 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

   စပါးပင်သည် ရေငတ်ဒဏ်ကို ခံနိုင်ရည်မရှိပါ။ မြေဆီလွှာတွင် အစိုဓါတ်ပြည့်၀မှုမရှိသည့်အခါ စပါးပင်ကြီးထွားမှုနှင့် အထွက်နှုန်းအပေါ်တွင် သက်ရောက်မှုရှိသည်။ စပါးပင်တွင် ရေငတ်ခြင်းကို ပြန်လည်တုံ့ပြန်နိုင်သည့် ဇီ၀ကမ္မဖြစ်စဥ် အမျိုးမျိုးရှိသည်။

အရွက်သစ်ဖြစ်မှုနှင့် အရွက်ဧရိယာလျှော့ချခြင်း - အရွက်ဧရိယာလျှော့ချခြင်းဖြင့် စပါးပင်ပေါ်သို့ ကျရောက်သည့် အလင်းရောင်ပမာဏကို လျှော့ချနိုင်သည်။ ထို့ကြောင့် အရွက်မှ အစာချက်မှုကိုလည်း လျှော့ချသည်။ မြေအစိုဓါတ် ဆုတ်ယုတ်သွားလျှင် စပါးပင်မျိုးကွဲအများစုသည် အရွက်ပြန့်ကားမှုကို လျှော့ချခြင်းဖြင့် တုံ့ပြန်သည်။

အရွက်၏ စတိုမာ (stoma) အပေါက်များပိတ်ခြင်း - အရွက်၏ စတိုမာအပေါက်များပိတ်ခြင်းဖြင့် အပင်မှ ပင်ငွေ့ပြန်မှုကို လျှော့ချနိင်သည်။ သို့သော် အရွက်မှ အစာချက်မှုနှုန်းကိုလည်း လျှော့ချသည်။ မြေဆီလွှာတွင် အစိုဓါတ်လျော့နည်း၍ အပင်များရေငတ်ပါက စတိုမာ(stoma) အပေါက်များကို ဖြည်းဖြည်းချင်းပိတ်၍ အပင်မှတုံ့ပြန်သည်။

အရွက်လိမ်ခြင်း - အလင်းရောင်လက်ခံနိုင်မှုကို လျော့ကျသွားစေသည်။ သို့သော် ရေပြန်လည်ရရှိလာပါက အရွက်များပြန်လည် ပြန့်ကားလာပါသည်။

အရွက်များရင့်စေခြင်း (အရွက်ခြောက်ခြင်း) - ရေငတ်၍ အပင်များရင့်လာပြီး ဝါခြောက်လာပါက အလင်းရောင်ဖြင့် အစာချက်ခြင်းလုပ်ငန်းကို လျော့နည်းသွားစေပါသည်။

အရွက်မှချက်လုပ်သော အစာများပို့ဆောင်သည့် လမ်းကြောင်းပြောင်းခြင်း - စပါးပင်များ ရေငတ်လာပါက အရွက်မှချက်လုပ်သော အစာများအား အမြစ်ဆီသို့ဦးတည်၍ ပို့လွှတ်ပြီး အမြစ်ပိုမိုကြီးထွားစေကာ မြေဆီလွှာအနက်ပိုင်းတွင်ရှိသော ရေကို စုပ်ယူနိုင်ရန် ဆောင်ရွက်ပေးသည်။ 

အပင်အမြင့် လျော့ကျခြင်း - ရေငတ်သောကြောင့် အပင်အမြင့် လျော့ကျခြင်းနှင့် တစ်နှံပါအစေ့အရေအတွက် လျော့ကျစေပြီး သီးနှံအထွက်နှုန်း လျော့ကျခြင်းကို ဖြစ်စေသည်။ အနှံဖြစ်ချိန်နှင့် ပန်းပွင့်ချိန်တွင် ရေငတ်ခြင်းသည် စပါးခိုင်တစ်ခုစီ၏ အစေ့အရေအတွက်ကို သိသာစွာလျော့ပါးစေပါသည်။

ပန်းပွင့်ချိန်လျော့ကျခြင်း - ပင်ပိုင်းကြီးထွားမှုအဆင့်တွင် မိုးခေါင်ခြင်းသည် လင်းတာတုံ့ပြန်မှုမရှိသည့် စပါးမျိုးများတွင် ပန်းပွင့်ချိန်ကို (၃) ပတ်မှ(၄) ပတ်အထိ နောက်ကျစေနိုင်သည်။ ပင်ပိုင်းကြီးထွားမှုကာလ အစောပိုင်းတွင် ရေငတ်ခြင်းသည် နောက်ပိုင်းတွင် ရေငတ်ခြင်းထက် ပန်းပွင့်နောက်ကျမှုကို ပိုမိုဖြစ်စေပါသည်။

ပင်ပွားနှုန်းလျော့ခြင်းနှင့် ပင်ပွားများသေဆုံးခြင်း - ပင်ပွားချိန်မတိုင်မီနှင့် ပင်ပွားနေစဥ်တွင် ရေငတ်ခြင်းသည် ပင်ပွားနှင့် ပန်းခိုင်အရေအတွက်ကို လျော့ပါးစေပြီး ထိုသို့လျော့ပါးခြင်းကို ပန်းတစ်ခိုင်တွင်း အစေ့အနှံအရေအတွက် တိုးပွားမှု (သို့) အစေ့အလေးချိန် တိုးပွားမှုဖြင့် ဖာထေးပေးနိုင်သည်။

ပန်းပွင့်အရေအတွက် လျော့နည်းခြင်း - ပန်းခိုင်အစပြုချိန်နှင့် ပန်းပွင့်ချိန်ကြား ရေငတ်ခြင်းကြောင့် ပန်းပွင့်အရေအတွက် လျော့နည်းခြင်းသည် ပန်းခိုင်တစ်ခုစီအတွင်း အစေ့အရေအတွက် လျော့နည်းခြင်းကိုပါ ဖြစ်စေသည်။

ပန်းပွင့်မြုံခြင်း - ပန်းပွင့်သည့်အချိန်တွင် ရေငတ်ခြင်းကြောင့် စပါးပင်၏ အပွင့်မြုံခြင်းပေါ်တွင် များစွာအကျိုးသက်ရောက်မှုရှိသည်။ ပန်းပွင့်ချိန်အတွင်း ရေငတ်ခြင်းကြောင့် စပါးနှံ၏ အစေ့အဆံအောင်နှုန်း များစွာကျဆင်းသည်။

အထက်ပါဖြစ်စဥ်များသည် ရေငတ်ခြင်းကြောင့် သီးနှံကြီးထွားမှုအပေါ် အကျိုးသက်ရောက်မှုများဖြစ်သည်။ အချို့အကျိုးသက်ရောက်မှုများသည် အပွင့်မြုံခြင်း၊ အပွင့်အရေအတွက် လျော့ကျခြင်း၊ အရွက်သေဆုံးမှု မြင့်မားခြင်းကဲ့သို့သော သီးနှံအထွက်လျော့ကျမှုကို ဖြစ်ပေါ်စေသည်။ အချို့ဖြစ်စဥ်များသည် စိုက်ပျိုးရာသီတွင် ထိုအကျိုးသက်ရောက်မှုများအတွက် ပြန်လည်ကုစားနိုင်သည်။ စပါးပင်အတွက် အဆိုးဝါးဆုံးအခြေအနေမှာ ပန်းပွင့်နေစဥ်တွင် ရေငတ်ခြင်းဖြစ်သည်။

Source - AERDDC : စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်