နံနက်စောစော ပန်းပွင့်သော လက္ခဏာပါသည့် စပါးမျိုး (IR64- EMF)

16/01/2018 09:58 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အပူဒဏ်ရှောင်နိုင်သော စပါး (နံနက်စောစော ပန်းပွင့်သော လက္ခဏာပါသည့် စပါး) ၊ (IR64-EMF)

စပါးသည် ကမ္ဘာ့ လူဦးရေ တစ်ဝက်၏ အရေးကြီးသော အဓိက သီးနှံတစ်ခု ဖြစ်သည်။ နေ့တစ်နေ့၏ အမြင့်ဆုံးနှင့် အနှိမ့်ဆုံး အပူချိန်၊ ပူပြင်းသော နေ့ရက်များနှင့် ပူအိုက်သော ညများသည် နေရာတော်တော် များများတွင် တိုးမြင့် လာနေပါသည်။ ရာသီဥတု မတည်ငြိမ်မှုများသည် ပို၍ များပြား လာသည်နှင့်အမျှ သီးနှံများ၏ အဓိက ဖွံံ့ဖြိုးမှုဖြစ်သော ပန်းပွင့်ချိန်တွင် အပူဒဏ်ကို မကြာခဏ ဆိုသလို တွေ့ကြုံနေကြပါသည်။

ရာသီဥတုပြောင်းလဲမှု  အကျိုးဆက် အနေနှင့် အပူဒဏ်ကြောင့် စပါး ထုတ်လုပ်နိုင်မှု လျော့နည်းလာခြင်းကို ဖြစ်စေပါသည်။ စပါးသည် ပန်းပွင့်ချိန်တွင် အပူဒဏ်ကို ခံနိုင်ရည် မရှိပါ။ နံနက် စောစော ပန်းပွင့်သော လက္ခဏာ [early morning flowering (EMF)] သည် ပန်းပွင့်ချိန်တွင် နေ့အပူဒဏ်ကို ရှောင်ရှားနိုင်သောကြောင့် အပူကြောင့် စပါးပန်းပွင့်များ မျိုးမအောင်ခြင်းကို လျော့ပါး သက်သာစေပါသည်။ အပြည်ပြည်ဆိုင်ရာ ဆန်စပါး သုတေသနနှင့် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ သုတေသန အဖွဲ့တို့မှ Oryza sativa Indica စပါးမျိုး (IR64)ကို စပါးရိုင်း တစ်မျိုးဖြစ်သော Oryza officinalis မှ နံနက်စောစော ပန်းပွင့်သော လက္ခဏာ ထည့်သွင်း အသုံးပြုထားသော စပါး (IR64-EMF)ကို ထုတ်လုပ်ခဲ့ပါသည်။ ၎င်းဗီဇ လက္ခဏာသည် မူလ (IR64) စပါးမျိုးထက် တစ်နာရီခွဲမှ နှစ်နာရီထိ စော၍ ပန်းပွင့်နိုင်သည်ကို ဖိလစ်ပိုင်နိုင်ငံတွင် လည်းကောင်း၊ ဂျပန်နိုင်ငံတွင် မူလ Nanjing 11 စပါးမျိုးထက်လည်း နှစ်နာရီခန့် စော၍ ပန်းပွင့်နိုင်သည်ကို လည်းကောင်း စမ်းသပ်ခဲ့ပြီး ဖြစ်ပါသည်။ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်တွင်လည်း ၂၀၁၅ ခုနစ် နွေရာသီတွင် စမ်းသပ် စိုက်ပျိုးခဲ့ရာ မူလ (IR64)စပါးမျိုးထက် တစ်နာရီမှ နှစ်နာရီထိ စော၍ ပန်းပွင့်နိုင်သည်ကိုလည်း တွေ့ရှိရပါသည်။

နံနက်စောစော ပန်းပွင့်သော လက္ခဏာပါရှိသော စပါးမျိုးသည် နေ့အပူချိန် မတက်မီ ပန်းပွင့်ပြီး ဖြစ်စေသည့်အတွက် အပူကြောင့် စပါး ပန်းပွင့်များ မျိုးမအောင်ခြင်းကို လျော့ပါး သက်သာစေ၍ အထွက်နှုန်းကိုလည်း တိုးတက်စေ ပါသည်။

ဒေါက်တာသန်းမြင့်ထွန်း

ကိုးကား- ၂၀၁၆ ဧပြီလ စိုက်ပျိုးရေး တက္ကသိုလ် ဘွဲ့များအသင်း(AUAA) မှ ထုတ်ဝေသော စာစောင်မှ ထုတ်နှုတ်ဖော်ပြသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်