တိုက်ရိုက်မျိုးစေ့ချခြင်းကြောင့် စပါးအထွက်နှုန်းမလျော့နည်းစေရန် လိုက်နာရမည့်အချက် (၃) ချက်

04/10/2023 13:00 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

ကျွန်တော်တို့ မြန်မာနိုင်ငံမှာသာမက အရှေ့တောင်အာရှစပါးစိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံအသီးသီးမှာ စပါးစိုက်ပျိုးရာတွင် လုပ်အားခသက်သာရေးကို အထူးအလေးထား လုပ်ကိုင်လာကြသည်ကို တွေ့ရှိရသည်။ သို့ဖြစ်၍ စပါးစိုက်ပျိုးရာမှာ ပျိုးထောင်ကောက်စိုက်စနစ်အစား တိုက်မျိုးစေ့ချစိုက်ပျိုးစနစ်ကို ပြောင်းလဲလာကြသည်ကို တွေ့မြင်နိုင်သည်။

အသက်လျင်သည့် အထွက်ကောင်းစပါးမျိုးများပေါ်ပေါက်လာခြင်းနှင့် ပေါင်းမြက်နှိမ်နင်းရာတွင် စိုက်ပျိုးရေးသုံးဓာတုဆေးများ အလွယ်တကူဝယ်ယူရရှိနိုင်ခြင်းတို့ကြောင့်လည်း တိုက်ရိုက်မျိုးစေ့ချစနစ်ကို ပိုမိုအသုံးပြုလာခြင်း ဖြစ်နိုင်ပါသည်။

တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးခြင်း

တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးရာတွင် ကြဲပက်စိုက်ပျိုးခြင်း၊ မျိုးစေ့ချကိရိယာအသုံးပြု စိုက်ပျိုးခြင်း၊ ကြိုးတန်းလက်ဖြူးချစိုက်ပျိုးခြင်းစသည့် နည်းလမ်းအမျိုးမျိုးကို အသုံးပြကြသည်။ နည်းလမ်းအပေါ်မူတည်ပြီး တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးစနစ်သည် ပျိုးထောင်ကောက်စိုက်စနစ်ထက် လုပ်သားလိုအပ်ချက်ကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်သည်ဟု သိရသည်။

ဤသို့ လုပ်သားလိုအပ်ချက်ကိုလျှော့ချနိုင်ပြီး ကုန်ကျစရိတ်သက်သာခြင်းကြောင့် တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးစနစ်သည် ပျိုးထောင်ကောက်စိုက်စနစ်ထက် ယေဘုယျအားဖြင့် အကျိုးအမြတ်ဝင်ငွေပိုမိုရရှိ နိုင်ပါသည်။

သို့သော် ပေါင်းမြက်ကို ကောင်းစွာနှိမ်နင်းနိုင်ခြင်းမရှိပါက တိုက်ရိုက် မျိုးစေ့ချစပါးသည် ပျိုးထောင်ကောက်စိုက်စပါးထက် တစ်ဧကအထွက်နှုန်းမှာ လျော့နည်းနိုင်သကဲ့သို့ အကျိုးအမြတ်ဝင်ငွေလည်း နည်းသွားနိုင်သည်ကိုလည်း သတိမူရန် လိုပါသည်။ 

လိုက်နာရန်အဓိကအချက်

တိုက်ရိုက်မျိုးစေ့ချစပါးတစ်ဧကအထွက်နှုန်းလျော့နည်းခြင်းမရှိစေရေးနှင့် အကျိုး အမြတ်ဝင်ငွေကောင်းစေရေးအတွက် လိုက်နာဆောင်ရွက်ရန်အချက်များစွာအနက် အောက်ပါအဓိကအချက်(၃)ချက်ကို လိုက်နာဆောင်ရွက်ရန် နှိုးဆော်လိုပါသည်။

(၁) သင့်တော်သည့်စပါးမျိုးကိုစိုက်ပျိုးခြင်း

(၂) မျိုးစေ့နှုန်းလျှော့ချသုံးစွဲခြင်း

(၃) ပေါင်းသတ်ဆေးကို ထိရောက်စွာသုံးစွဲခြင်းတို့ဖြစ်သည်။

 

(၁) သင့်တော်သည့်စပါးမျိုးကိုစိုက်ပျိုးခြင်း     

တိုက်ရိုက်မျိုးစေ့ချစပါးစိုက်နည်းစနစ်အတွက် သင့်တော်သည့်စပါးမျိုးတွင် သီးခြား အရည်အချင်းများရှိရန် လိုအပ်ပါသည်။ ထိုလိုအပ်ချက်များမှာ - 

o အစောပိုင်းကာလ အပင်သန်စွမ်းမှုကောင်းမွန်ခြင်း၊ 

o လေမဲ့(အောက်ဆီဂျင်နည်းသော)အခြေအနေကို ခံနိုင်ရည်ရှိခြင်း၊ 

o အပင်ယိုင်လဲမှုဒဏ်ခံနိုင်ရည်ရှိခြင်း၊ 

o မိုးခေါင်မှု(ရေအနည်းဒဏ်)ခံနိုင်ခြင်းနှင့် 

o ပေါင်းပင်များကိုယှဉ်ပြိုင်နိုင်မှုကောင်းခြင်းတို့ ဖြစ်ပါသည်။

(၂) မျိုးစေ့နှုန်းလျှော့ချသုံးစွဲခြင်း

တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးရာတွင် အများစုမှာ ကြဲပက်စိုက်ပျိုးလေ့ရှိသည်။ ကြဲပက် စိုက်ပျိုးခြင်းဖြင့် မျိုးစေ့နှုန်းကို ပိုမိုသုံးစွဲရန်လိုအပ်သည်။ သို့ဖြစ်၍ မျိုးစေ့ဖိုး ပိုမိုကုန်ကျပါသည်။ 

မျိုးစေ့ကုန်ကျမှုသက်သာစေရန် ကြဲပက်စိုက်ပျိုးမည့်အစား သင့်တော်သည့် မျိုးစေ့ချကိရိယာ(Drum Seeder)ကို အသုံးပြုမျိုးစေ့ချစိုက်ပျိုးခြင်းသည် ပိုမိုကောင်းမွန်ပါသည်။

(၃) ပေါင်းသတ်ဆေးကို ထိရောက်စွာသုံးစွဲခြင်း

ပေါင်းသတ်ဆေးအသုံးပြု၍ ပေါင်းမြက်ကာကွယ်နှိမ်နင်းနိုင်သည့် လုပ်သား လုပ်အားများစွာ လိုအပ်မှုမရှိဘဲ မှန်ကန်စွာအသုံးပြုလျှင် ကုန်ကျစရိတ်မှာ တွက်ချေကိုက် သည်။

လက်ပေါင်းလိုက်ခြင်းကဲ့သို့ ပေါင်းမြက်ပင်များ ကြီးထွားလာသည်ထိ စောင့်ဆိုင်းရန် မလိုပါ။ ပေါင်းမြက်ပင်ပေါက်ကာစကပင် နှိမ်နင်းနိုင်သည်။

သို့သော် ပေါင်းသတ်ဆေးအသုံးပြုရာတွင် ထိရောက်မှုရှိစေရေးအတွက် ပေါင်းမြက်အလိုက် ပေါင်းသတ်ဆေးအမျိုးအစားရွေးချယ်မှု၊ ဆေးဖျန်းချိန်နှင့် ဆေးနှုန်းထား မှန်ကန်ရန် အထူးလိုအပ်ပါသည်။

လုပ်သားလုပ်အားအခက်အခဲကြောင့် ပျိုးထောင်ကောက်စိုက်စနစ်အစား တိုက်ရိုက်မျိုးစေ့ချစနစ်ကို ပြောင်းလဲဆောင်ရွက်လျက်ရှိသော ယနေ့အခြေအနေတွင် ဖော်ပြပါအဓိကအချက်များကို လိုက်နာခြင်းဖြင့်  တောင်သူလယ်သမားအများစု စိုးရိမ်နေရသည့် တိုက်ရိုက်မျိုးစေ့ချစနစ်နှင့် ပျိုးထောင်ကောက်စိုက်စနစ်တို့အကြား အထွက်နှုန်းကွာဟမှုနှင့် အကျိုးအမြတ်ဝင်ငွေခြားနားမှုကို လျှော့ချနိုင်မှာ ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်