စပါးပင်ပွားများစေဖို့.. (အပိုင်း-၁)

28/08/2025 15:00 PM တွင် သော်ဇင် သော်ဇင် မှ ရေးသား

စပါးပင်ပွားဆိုသည်မှာ စပါးပင်တစ်ပင်၏ အရွက်များမှ ဘေးထွက် ပင်ပွားများ ထွက်ပေါ်လာသည့် လုပ်ငန်းစဉ်ကို ဆိုလိုခြင်းဖြစ်သည်။ပင်ပွားထွက်နှုန်းသည် စပါး၏ အထွက်နှုန်းကို ဆုံးဖြတ်သည့် အရေးကြီးသော အချက်များထဲမှ တစ်ခုဖြစ်သည်။ သို့သော် စပါးပင်ငယ်စဉ်ပင်ပွားချိန်ကတည်းက ပင်ပွားအများဆုံးထွက်ရှိထားမှသာလျှင် အနှံပါသောပင်ပွားများရရှိကာ စပါးအထွက်နှုန်းတိုးတက်စေပါမည်။

ပင်ပွားအရေအတွက်များခြင်းသည် ပေါင်းပင်များ၏နေရာနှင့် အာဟာရကိုယှဉ်ပြိုင်ခြင်းဖြင့် ပေါင်းပင်ပေါက်ရောက်ကြီးထွားမှုသက်သာစေပြီး စပါးအထွက်နှုန်း တိုးတက်စေသည်။ထို့ကြောင့် စပါးပင်ပွားခြင်း၏လွှမ်းမိုးသည့်အချက်များကို နားလည်ခြင်းသည် စပါးအထွက်နှုန်းကို တိုးတက်စေရန်အထောက်အကူဖြစ်စေသည်။ စပါးပင်ပွားခြင်း၏ ဇီဝကမ္မဗေဒဆိုင်ရာ အခြေခံများ၊ မျိုးရိုးဗီဇဆိုင်ရာ ထိန်းချုပ်မှုများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များ (အလင်းရောင်၊ အပူချိန်၊ ရေနှင့် အာဟာရဓာတ်များ) က ပင်ပွားထွက်နှုန်းအပေါ် လွှမ်းမိုးသည့်အချက်များဖြစ်သည်။

ဤဆောင်းပါးတွင် ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များက ပင်ပွားအပေါ် မည်ကဲ့သို့လွှမ်းမိုးသက်ရောက်မှုရှိပုံကို အလေးပေးဖော်ပြရေးသားသွားပါမည်။

စပါးပင်ပွားခြင်းကို လွှမ်းမိုးသည့် ပတ်ဝန်းကျင်ဆိုင်ရာ အချက်များ (Environmental Factors Influencing Rice Tillering)

စပါးပင်ပွားခြင်းသည် မျိုးရိုးဗီဇဆိုင်ရာ ထိန်းချုပ်မှုအောက်တွင် ရှိသော်လည်း ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များ(အလင်းရောင်၊ အပူချိန်၊ ရေရရှိနိုင်မှုနှင့် မြေဆီလွှာအာဟာရဓာတ်များ)ကလည်း ပင်ပွားဖြစ်ပေါ်မှုနှင့် အရေအတွက်ကို သိသိသာသာ လွှမ်းမိုးပြီး ပင်ပွားထွက်နှုန်းအပေါ် တိုက်ရိုက်သက်ရောက်မှုရှိသည်။

အလင်းရောင် (Light): အလင်းရောင် ပြင်းအားနှင့် အလင်းရောင်ရရှိမှု ကာလသည် ပင်ပွားဖြစ်ပေါ်မှုကို လွှမ်းမိုးသည်။ လုံလောက်သော အလင်းရောင်ရရှိမှုသည် အလင်းမှီစုဖွဲ့မှုနှုန်းကို မြှင့်တင်ပေးပြီး ကာဗွန်ဟိုက်ဒရိတ် ထုတ်လုပ်မှုကို တိုးပွားစေကာ ပင်ပွားများ ကြီးထွားရန်အတွက် လိုအပ်သော စွမ်းအင်နှင့် အစာချက်လုပ်မှုကို ပံ့ပိုးပေးသည်။ အလင်းရောင်ရရှိမှု နည်းပါးခြင်းသည် ပင်ပွားထွက်နှုန်းကို လျော့ကျနိုင်သည်။ ထို့အပြင် အပင်အချင်းချင်း အရိပ်ကျခြင်း (mutual shading) ကြောင့် အပင်ထူထပ်စွာ စိုက်ပျိုးထားပါကလည်း ပင်ပွားထွက်နှုန်း လျော့ကျနိုင်သည်။

အပူချိန် (Temperature): အပူချိန်သည် ပင်ပွားဖြစ်ပေါ်မှုနှုန်းကို ထိန်းချုပ်သည်။ စပါးပင်ပွားခြင်းအတွက် အကောင်းဆုံးအပူချိန်သည် ပုံမှန်အားဖြင့် 25°C မှ 30°C ခန့်ဖြစ်သည်။ အလွန်မြင့်မားသော သို့မဟုတ် အလွန်နိမ့်သော အပူချိန်များသည် ပင်ပွားထွက်နှုန်းကို လျော့ကျနိုင်ပြီး ပင်ပွားများ၏ ဖွံ့ဖြိုးမှုကို ဟန့်တားနိုင်သည်။ အပူချိန်မြင့်မားခြင်းသည် အသက်ရှူခြင်း (respiration) ကို မြင့်တင်ပေးပြီး ကာဗွန်ဟိုက်ဒရိတ်အသုံးပြုမှုကို တိုးမြှင့်စေကာ ပင်ပွားဖြစ်ပေါ်မှုကို လျော့ကျနိုင်သည်။

ရေရရှိနိုင်မှု နှင့်ရေစီမံခန့်ခွဲမှု (Water Availability and Water Management): ရေသည် စပါးပင်ကြီးထွားမှုအတွက် မရှိမဖြစ်လိုအပ်သော အရင်းအမြစ်ဖြစ်သည်။ လုံလောက်သော ရေရရှိမှုသည် ပင်ပွားဖြစ်ပေါ်မှုကို အထောက်အကူပြုသည်။ ရေဖိစီးမှု (water stress) သို့မဟုတ် ရေရှားပါးမှုသည် ပင်ပွားထွက်နှုန်းကို သိသိသာသာ လျှော့ချနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ရေရှားပါးမှုသည် ဆဲလ်များ ကြီးထွားခြင်းနှင့် ဇီဝကမ္မလုပ်ငန်းစဉ်များကို ဟန့်တားကာ အာဟာရဓာတ်စုပ်ယူမှုကို လျှော့ချသောကြောင့် ဖြစ်သည်။ ရေစီမံခန့်ခွဲမှုသည် စပါးစိုက်ပျိုးရာတွင် အလွန်အရေးကြီးပြီး ပင်ပွားထွက်နှုန်းကို အကောင်းဆုံးဖြစ်စေရန်အတွက် ရေအနက်တိမ်တိမ်ထားပေးပြီး ပင်ပွားအများဆုံးထွက်ချိန်တွင် ရေထုတ်ပေးနိုင်သည်။ ရေအနက် ၁.၅ လက်မ မှ ၄ လက်မအတွင်းထားပေးနိုင်သည်။ ထို့ကြောင့် စပါးအထွက်နှုန်းကို အကောင်းဆုံးဖြစ်အောင် ပြုလုပ်ရန်အတွက် ဤအချက်အလက်များကို ထည့်သွင်းစဉ်းစားကာ စိုက်ပျိုးရေးစီမံခန့်ခွဲမှု နည်းလမ်းများကို အံဝင်ခွင်ကျ ဖြစ်အောင် ပြုလုပ်ရန် လိုအပ်ကြောင်း တိုက်တွန်းလိုက်ရပါသည်။ စပါးစိုက်ခင်းပင်ပွားခြင်းပတ်ဝန်းကျင်ဆိုရင်ရာလွှမ်းမိုးမှုအကြောင်းတရားများထဲမှ အာဟာရ၏ လွှမ်းမိုးမှုအရေးကြီးပုံကိုအပိုင်း(၂)တွင် ဆက်လက်ရေးသားသွားပါမည်။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်