စပါးပင်ပွားများစေဖို့.. (အပိုင်း-၂)

05/09/2025 11:00 AM တွင် သော်ဇင် သော်ဇင် မှ ရေးသား

စပါးပင်ပွားဆိုသည်မှာ စပါးပင်တစ်ပင်၏ အရွက်များမှ ဘေးထွက် ပင်ပွားများ ထွက်ပေါ်လာသည့် လုပ်ငန်းစဉ်ကို ဆိုလိုခြင်းဖြစ်သည်။ စပါးပင်ပွားခြင်း၏ ဇီဝကမ္မဗေဒဆိုင်ရာ အခြေခံများ၊ မျိုးရိုးဗီဇဆိုင်ရာ ထိန်းချုပ်မှုများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များ (အလင်းရောင်၊ အပူချိန်၊ ရေနှင့် အာဟာရဓာတ်များ) က ပင်ပွားထွက်နှုန်းအပေါ် လွှမ်းမိုးသည့်အချက်များဖြစ်သည်။ အလင်းရောင်၊ အပူချိန်၊ ရေတို့၏ ပင်ပွားထွက်နှုန်းအပေါ်လွှမ်းမိုးမှုအကြောင်းကို အပိုင်း(၁)တွင် ရှင်းလင်းရေးသားခဲ့ပြီးဖြစ်သည်။ ယခုအပိုင်း(၂)တွင် အာဟာရဓာတ်များ၏ပင်ပွားထွက်နှုန်းအပေါ်လွှမ်းမိုးသက်ရောက်ပုံနှင့် အာဟာရဓာတ်စီမံခန့်ခွဲမှုကို ဆက်လက်ရေးသားဖော်ပြသွားပါမည်။

အာဟာရဓာတ် စီမံခန့်ခွဲမှုသည် စပါးပင်ပွားခြင်းနှင့် အထွက်နှုန်းအပေါ် သိသိသာသာ သက်ရောက်မှုရှိသည်။ မြေဆီလွှာရှိ အာဟာရဓာတ်များ၊ အထူးသဖြင့် နိုက်ထရိုဂျင် (N)၊ ဖော့စဖောရပ် (P) နှင့် ပိုတက်စီယမ် (K) တို့သည် ပင်ပွားဖြစ်ပေါ်မှုနှင့် ကြီးထွားမှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။

နိုက်ထရိုဂျင် (Nitrogen)

နိုက်ထရိုဂျင်သည် စပါးပင်ပွားခြင်းကို မြှင့်တင်ရာတွင် အရေးအကြီးဆုံး အာဟာရဓာတ်ဖြစ်သည်။ နိုက်ထရိုဂျင်သည် ပရိုတင်းများ၊ နျူကလစ်အက်ဆစ်များ (nucleic acids) နှင့် ကလိုရိုဖီးလ် (chlorophyll) တို့၏ အဓိကအစိတ်အပိုင်းဖြစ်သည်။လုံလောက်သော နိုက်ထရိုဂျင်ဓာတ်သည် ပင်ပွားအရေအတွက်ကို တိုးစေပြီး ပင်ပွားများ၏ အရည်အသွေးကိုလည်း ကောင်းမွန်စေသည်။ စောစီးစွာ နိုက်ထရိုဂျင် ကျွေးခြင်းသည် ပင်ပွားထွက်ခြင်းကို အားပေးသည်။ သို့သော်၊ နိုက်ထရိုဂျင် အလွန်အကျွံ ကျွေးခြင်းသည် အပင်ကို အလွန်အမင်း ကြီးထွားစေပြီး ပင်ပွားထွက်နှုန်းကို ပြောင်းလဲစေကာ အပင်လဲကျနိုင်ခြေကို တိုးမြှင့်စေနိုင်သည်။ နိုက်ထရိုဂျင် ပိုလျှံခြင်း သို့မဟုတ် လိုအပ်ခြင်းနှစ်မျိုးလုံးသည် ပင်ပွားဖြစ်ပေါ်မှုကို ထိခိုက်စေနိုင်သည်။

ဖော့စဖောရပ် (Phosphorus)

ဖော့စဖောရပ်သည် စွမ်းအင်လွှဲပြောင်းမှု (energy transfer) နှင့် အမြစ်ကြီးထွားမှုအတွက် အရေးကြီးသည်။ လုံလောက်သော ဖော့စဖောရပ်ဓာတ်သည် ပင်ပွားများ၏ အမြစ်စနစ်ကို ကောင်းမွန်စွာ ဖွံ့ဖြိုးစေပြီး အာဟာရဓာတ်နှင့် ရေကို ပိုမိုစုပ်ယူနိုင်စေကာ ပင်ပွားထွက်နှုန်းကို တိုးစေသည်။ ဖော့စဖောရပ်သည် အမြစ်ကြီးထွားမှုနှင့် အစောပိုင်း ပင်ပွားဖြစ်ပေါ်မှုအတွက် အရေးကြီးသည်။ 

ပိုတက်စီယမ် (Potassium): ပိုတက်စီယမ်သည် အပင်အတွင်း ရေနှင့် အာဟာရဓာတ်စုပ်ယူမှု ထိရောက်စေခြင်း ၊ အင်ဇိုင်းများ လှုပ်ရှားမှု (enzyme activation) နှင့် ရောဂါဒဏ်ခံနိုင်ရည်တို့တွင် အခန်းကဏ္ဍမှ ပါဝင်သည်။ ပိုတက်စီယမ် လုံလောက်စွာ ရရှိပါက ပင်ပွားများ၏ ကျန်းမာသန်စွမ်းမှုကို မြှင့်တင်ပေးပြီး အပင်အား ပတ်ဝန်းကျင် ဖိစီးမှုဒဏ်များကို ပိုမိုခံနိုင်ရည်ရှိစေကာ ပင်ပွားထွက်နှုန်းကိုလည်း တိုးတက်စေသည်။

အာဟာရဓာတ်များကို မှန်ကန်သော အချိန်တွင် မှန်ကန်သော ပမာဏဖြင့် ပေးဝေခြင်းသည် စပါးပင်ပွားထွက်နှုန်းနှင့် အထွက်နှုန်းကို အကောင်းဆုံးဖြစ်စေရန်အတွက် အရေးကြီးသည်။ ထို့ကြောင့် ဖော့စဖောရပ် (Phosphorus) ပါသောဓာတ်မြေဩဇာကို ၁ ဧကလျှင် အိတ်တစ်ဝက်နှုန်းဖြင့် မြေခံမှာကတည်းက ထည့်ပေးခဲ့လျှင် သီးနှံရာသီတလျှောက်လုံလောက်မှုရှိသည်။ ပိုတက်စီယမ် (Potassium)ပါသောဓာတ်မြေဩဇာကို မြေခံမှာ တစ်ကြိမ်၊ မှို့ကပ်ချိန်မှာ တစ်ကြိမ်အသုံးပြုပေးလျှင် လုံလောက်ပါသည်။ နိုက်ထရိုဂျင်(N)ပါသောဓာတ်မြေဩဇာကို စပါးပင်အရွက်အရောင်ကြည့်၍ အကြိမ်ကြိမ်ခွဲထည့်ပေးသောစနစ်ကို ကျင့်သုံးသင့်သည်။ ဤပတ်ဝန်းကျင်ဆိုင်ရာ လွှမ်းမိုးမှုအချက်အလက်များထဲမှ အာဟာရ၏ လွှမ်းမိုးသက်ရောက်မှုသည် ပင်ပွားထွက်နှုန်းနည်းခြင်း၊ များခြင်းအပေါ် သက်ရောက်မှုများကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် စပါးအထွက်နှုန်းကို အကောင်းဆုံးဖြစ်အောင် ပြုလုပ်ရန်အတွက် ဤအချက်အလက်များကို ထည့်သွင်းစဉ်းစားကာ စိုက်ပျိုးရေးစီမံခန့်ခွဲမှု နည်းလမ်းများကို အံဝင်ခွင်ကျ ဖြစ်အောင် ပြုလုပ်ရန် လိုအပ်ကြောင်း တိုက်တွန်းလိုက်ရပါသည် ။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်