ရော်ဘာ အကိုင်း၊ အဖူးကူးစိုက်ပျိုးထိန်းသိမ်းခြင်း

08/01/2021 11:45 AM တွင် Call center Call center မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

ရော်ဘာ အကိုင်း၊ အဖူးကူးစိုက်ပျိုးထိန်းသိမ်းခြင်းနည်းအား သိလိုပါသည်။   

    ရော်ဘာအဖူးကူးခြင်း (Budding) ကို မျိုးစေ့မှပျိုးထောင်ပြီး ရော်ဘာပျိုးပင်များကို အပင်သက်တမ်း (၅ - ၆) လသားအရွယ် (သို့) ခဲတံလုံးခန့်လုံးပတ်တွင် မိမိလိုအပ်သောရော်ဘာမျိုးကို ရွေးချယ်ရပါမည်။ လက်ခံပင် (stock) တွင် အဖူးထည့် အကိုင်းကူးရပါမည်။

    ထိုသို့ အဖူးထည့် ကိုင်းကူးပြီးလျှင် ပလတ်စတစ်အဖြူရောင်ဖြင့် ရေလုံအောင်စည်းထားပြီး ရေ (၃) ရက်ခန့်ဖြတ်ထားပေးရပါမည်။ (၂၁) ရက်ကြာလျှင် ပလတ်စတစ်စကို ဖြည်ကြည့်ပါက အဖူးစိမ်းတွေ့လျှင် အောင်မြင်ပြီဖြစ်ပါသည်။ ပျိုးပင်များကို ရေဝအောင်လောင်းပေး၍ ကိုင်းဖြတ်ပေးရပါမည်။ အသင့်ပြုလုပ်ထားသော Polybag ၆ x ၉ လက်မအိတ်တွင် ကိုင်းထိုး ရေပေးခြင်းများ ပြုလုပ်ရပါမည်။ ပျိုးပင် (၂) ဖုံရင့်အရွယ်တွင် စိုက်ခင်းသို့ ရွှေ့ပြောင်းစိုက်ပျိုးနိုင်ပါသည်။

စိုက်ပျိုးထိန်းသိမ်းခြင်း - စိုက်ကျင်းတွင် မြေခံ ဖော့စဖိတ် (၄) အောင်စကိုထည့်ပြီး အစိုဓာတ်ရှိချိန်တွင် မြေချစိုက်ပြီး (၁) လအကြာတွင် ဓါတ်မြေဩဇာ (ယူရီးယား) (၁) ပင် (၂) အောင်စခန့်ထည့်သွင်းပြီး အပငါအဝိုင်းရှင်းခြင်း ဆောင်ရွက်ရပါမည်။ မိုးနှောင်း (၁) ကြိမ် ဓါတ်မြေဩဇာ (ကွန်ပေါင်း) ကို (၄ အောင်စ) ထည့်သွင်းပေးပြီး တောခုတ်ခြင်း၊ အဝိုင်းရှင်းခြင်း၊ ၆ ပေလိုင်းတန်းရှင်းခြင်း၊ အပင်ခြေဖုံးအုပ်ခြင်းများ ဆောင်ရွက်ရပါမည်။

စိုက်ပျိုးရေးဦးစီးဌာန - Call Center


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်