သာကူစေ့ ဘယ်ကရသလဲ

04/05/2020 12:30 PM တွင် ဖြိုးသဥ္ဇာကျော် ဖြိုးသဥ္ဇာကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အချိုပွဲတိုင်းမှာပါဝင်လေ့ရှိတဲ့ သာကူစေ့တွေ ဘယ်ကနေရသလဲဆိုတာ သိချင်ကြမယ်ထင်ပါတယ်။ မြန်မာနိုင်ငံတွင် သာကူစေ့ကို သာကူကြို၊ သာကူမုန့်ဖတ်ထုပ်၊ သာကူလုံး၊ အုန်းနို့သာကူပြင်၊ ရွှေရင်အေး အစရှိသောအချိုပွဲများပြုလုပ်၍ စားသုံးလေ့ရှိကြပါသည်။ သာကူတွင် ကစီဓာတ်ပါဝင်ပြီး အချို့သောအာဖရိကနိုင်ငံများနှင့် အရှေ့တောင်အာရှနိုင်ငံများတွင် အဓိက အစားအစာအဖြစ်စားသုံးလေ့ရှိကြပါသည်။ ထုတ်လုပ်မှုအများဆုံးနိုင်ငံမှာ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံဖြစ်ပါသည်။

သာကူစေ့ကို ဆာဂိုပင်(Sago)၏ ပင်စည်မှ ထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။ ဆာကူပင်သည် ဆီအုန်းပင်နှင့်ပုံသဏ္ဌာန်တူပြီး အတွင်းသားပျော့သောကြောင့် ပင်စည်ကို ကြိတ်ချေပြီး သာကူစေ့ထုတ်လုပ်ပါသည်။ ဆာဂိုပင်(Sago)ကို အိမ်တွင်းအလှဆင်ပင်အဖြစ်လည်း အသုံးပြုကြပါသည်။ ဆာဂိုပင်ကို အပူပိုင်းဒေသရှိသစ်တောများတွင် တွေ့ရလေ့ရှိပါသည်။ ဆာဂိုပင်သည် အဆိပ်ရှိသောကြောင့် သာကူစေ့ထုတ်လုပ်ရာတွင် စနစ်တကျပြုလုပ်၍ ထုတ်လုပ်ရပါသည်။

သာကူစေ့ကို ဆာဂိုပင်အပြင် ပိလောပီနံဥမှလည်း ထုတ်လုပ်လေ့ရှိပါသည်။ လက်ရှိဈေးကွက်တွင်ရှိသော သာကူစေ့အများစုကို ပိလောပီနံဥမှ ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။ ပိလောပီနံဥတွင်လည်း ကစီဓာတ်မြင့်မားစွာပါဝင်ပါတယ်။ ဆာဂိုပင်မှထုတ်သော သာကူစေ့နှင့် ပိလောပီနံဥမှထုတ်သော သာကူစေ့သည် ကွာခြားမှုမရှိပေ။ သာကူစေ့နှင့်တူသော Bubble Tea တွင် အသုံးပြုသော ပုလဲ(Bubble) ကိုပိလောပီနံဥမှ ပြုလုပ်ထားခြင်းဖြစ်ပါသည်။

ဖြိုးသဥ္ဇာကျော်

ကိုးကား

https://en.wikipedia.org/wiki/Sago


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်