ဆားငန်တာလား

25/05/2020 17:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြေကြီး ဆားပေါက်တဲ့အခါ နွေရာသီလိုမျိုးမှာဆို မြေအပေါ်ဖက်နားမှာ ဆားပွင့်ဖြူဖြူလေတွေတောင် တွေ့ရတတ်ပါတယ်။ ဆားပေါက်တာက သူ့ဘာသာ သဘာဝ အတိုင်း ဖြစ်ကိုဖြစ်တဲ့ နေရာမျိုးတွေအပြင်ကို လူတွေ လုပ်လိုက်လို့ ဖြစ်လာတဲ့ မြေငန်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ မြေငန်ရင် ဘာတွေဖြစ်နိုင်လဲဆိုတော့ကာ

() အပင်တွေ မှာ အစိမ်းလိုလို အပြာလိုလို နဲ့ ကြီးထွားမှုတွေ က မကောင်းတော့ပဲဖြစ်နေမှာပါ။

() ကွင်းထဲမှာလည်း မြေကြီးပေါ်မှာ အကွက်လိုက်တွေ ဖြစ်ပြီးတော့ အပင်တွေပုပြီး ဆက်မကြီးတော့တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

() မြေက သိပ်လည်း မငန်သေးတာမျိုးဆိုရင်တော့လည်း အပင်တွေက အရမ်းကြီး လက္ခဏာတွေပြမှာ မဟုတ်ပေမဲ့ ကြွတ်ဆပ်နေတဲ့ အရွက်တွေဖြစ်မယ်။ အရောင်တွေကလည်း စိမ်းပြာသလိုတွေ ပြမှာပါ။ မြေစစ်ကြည့်ပါ။

() ငန်တဲ့မြေမှာ စိုက်ပျိုးထားတဲ့ အပင်တွေမှာ ပြတဲ့ လက္ခဏာတွေက အပင်တွေ ရေငတ်လို့ ပြတဲ့ လက္ခဏာတွေနဲ့ တူပါတယ်။ အပင်တွေက ညိုးကျမှာတော့ မဟုတ်ပါဘူး။

အဲ့လို ဆားငန်နေပြီဆိုရင် ဘာလုပ်လို့ရမလဲဆိုတာကို ကြည့်ရအောင်။

(က) ခြစ်ထုတ်ခြင်း၊

 သူက ခက်လို့ လိုက်တော့ မလုပ်ကြတဲ့ နည်းလမ်းပါ။ တော်တော်ဆိုးတယ် မဖြစ်မနေသုံးကြရမယ်ဆိုမှ အပေါ်က မြေသားတွေကို ခြစ်ထုတ်လိုက်တာပါ။ ခြစ်ထုတ်လိုက်ပြီးရင်တော့ မြေကို ပြန်ပြင်ရမဲ့ အနေအထားတစ်ခုတော့ ရှိပါတယ်။

() ရေဆေးချမယ်။

ကွင်းတွေကို မြေအနေအထား အနိမ့်အမြင့်တွေ ညှိချပြီးတော့ ရေများများဖြတ်စီးအောင် လုပ်ပစ်လိုက်ရင် မြေပေါ်က ဆားတွေပါသွားစေတဲ့ နည်းလမ်းပါ။ သူက ပါသွားတာကနည်းနည်း မြေထဲကို စိမ့်ဝင်သွားစေနိုင်တဲ့ အခြေအနေမျိုးလည်း ရှိတာကြောင့် သူ့မှာလည်း အကန့်အသတ်တော့ ရှိပါတယ်။

() စိမ့်ဝင်စေခြင်း။

စိုက်ပျိုးတဲ့ အပင်အမြစ်တွေရှိတဲ့နေရာမှာ ရှိတဲ့ ဆားတွေကို အောက်ကိုကျသွားအောင်လုပ်ပစ်တဲ့ နည်းလမ်းပါ။ အဲလိုလုပ်မယ်ဆိုရင် အောက်က အချက် () ချက်ကို သိကိုသိမှ ရပါမယ်။

() မြေကြီးထဲမှာ ရှိနေတဲ့ ဆားပမာဏကို သိရမယ်။ အဲဒါမှ ဘယ်လောက် ဖယ်ပစ်ရမလဲဆိုတာကို သိမှာကိုး။

() ဆားဘယ်လောက်ကျန်ရင် အပင်စိုက်လို့ရပြီဆိုတာကိုလည်း သိရမယ်။

() မြေအနက် ဘယ်လောက်ကို ပို့မလဲဆိုတာကို တွက်ကြည့်ရမယ်။

() မြေသားရဲ့ တည်ဆောက်ပုံ၊ ဘာမြေလဲဆိုတာလည်း သိရမယ်။

() ကိုယ် ဘာသီးနှံကိုစိုက်မယ် ဘာမျိုးကိုစိုက်မယ်ဆိုတာကိုလည်း သိရမယ်။ ရေ တစ်ခွက် ဆို ဆားတစ်ခွက်ရဲ့ 80% လောက်ကို အောက်ကို ကျသွားစေပါတယ်လို့ Abrol et al., 1988 က ဆိုပါတယ်။ ဆိုလိုတာက မြေတစ်ၕက ကို ရေ ၁ လက်မ သွင်းလိုက်ရင် အဲ့မြေ တစ်လက်မ အနက်ထဲမှာရှိတဲ့ ဆား (၈၀) ရာခိုင်နှုန်းကို ဖယ်ပေးနိုင်ပါတယ်တဲ့။ ဒါပေမဲ့ ဒါဟာ ယေဘုယျဖြစ်ပြီးတော့ ကိုယ့်ရဲ့ မြေအမျိုးအစားနဲ့လည်း အများကြီး သက်ဆိုင်ပါတယ်။ Leaching ဘယ်လိုလုပ်မလဲဆိုရင် ရအေပြည့်သွင်းပစ်လိုက်တာမျိုး နည်းလမ်းလည်း သုံးလို့ရတယ်။ နောက် ရေဖျန်းတဲ့ စနစ်နဲ့ ရေ ပေးထားတာမျိုးလည်းနဲလည်း သုံးလို့ရပါတယ်။

() ရေထုတ်ခြင်း

မြေအောက်အလွှာထဲမှာ ပိုက်တွေ ထည့်ပြီး အဲ့ပိုက်လုံးတွေကနေ တစ်ဆင့် ရေကို ပြန်ထုတ်ပစ်တဲ့ နည်းလမ်းပါ။ မြေရဲ့ ဆားပေါက်မှု အခြေအနေကိုကြည့်ပြီးတော့ မြေအနက် ဘယ်လောက်ကနေ စပြီး ရေထုတ်မလဲ ဆိုတာကို တွက်ချက်ရပါတယ် ပြောပြခဲ့တဲ့ နည်းလမ်းတွေမှာ အတိအကျ သတ်မှတိချက်မရှိတာကတော့ မြေအနေအထားအရ တစ်ယောက်နဲ့တစ်ယောက်က လုံးဝ တူညီတာမျိုး မရှိလို့ပါပဲ။ ပြီးတော့ ခုလို ဆားပေါက်တဲ့ ပြဿနာက ရေကိုပဲ အဓိက အားကိုးရတယ်ဆိုတာကို တွေ့ကြရမှာပါ။ ဆားပေါက်မြေပေါ် မြောင်းလေးဖော်ပြီး ရေသွင်းစိုက်မယ် ဆိုရင် မြောင်းဖော်ထားတဲ့ ဘောင်ရဲ့ ထိပ်ဖက်နားမှာ ဆားတွေ စုလာနိုင်ပါတယ်။ အဲ့တော့ ဘေး ၂ ဖက်နားမှာ အပင်စိုက်တာမျိုး လုပ်ပေးရင်းနဲ့ ဆားပေါက်မြေကိုလည်း အကျိုးရှိရှိ သုံးနိုင်ကြပါစေလို့ ဆုတောငိးပေးလိုက်ရပါတယ်။

ထွန်းဝင်းကျော်

Reference

AGEC 311-Soil Chemistry and Soil Microbiology pdf, published by Agricultural University Alumni Association (AUAA).


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်