မျိုးစေ့များ သိမ်းဆည်းခြင်း

16/01/2018 13:05 PM တွင် Khant Zaw Htet Khant Zaw Htet မှ ရေးသား

အိန္ဒိယနိုင်ငံမှာ အထွက်တိုးစေတဲ့ ဒေသမျိုးစေ့တွေ မျိုးဆန်တွေကို ထိန်းသိမ်းတဲ့ ရှေးရိုးရာနည်းစနစ်လေးတွေ ဗဟုသုတအဖြစ် ဖော်ပြချင်ပါတယ်။ ပိုးကျရောက်မှု ရောဂါကျရောက်မှုမရှိအောင် မြန်မာမှာ စပါးကျီ ကဲ့သို့ သိမ်းဆည်းသလို အိန္ဒိယနိုင်ငံမှာတော့ ပဲမျိုးစေ့တွေကို သဲနဲ့ ရောစပ်သိမ်းဆည်းကြပါတယ်။ စပါးနဲ့ အချို့ပဲမျိုးတွေကို သစ်ရွက်စိမ်းတွေထည့် သိမ်းဆည်းကြပါသေးတယ်။

ကြက်ဆူမှုန့် ငရုတ်သီးမှုန့် ဆားတို့နဲ့ ရောနယ်ခြင်း သဲရောခြင်း မြက်ပင်ရှည်များဖြင့် ချည်နှောင်ခြင်းစနစ် မြေကျင်းများတွင် ထည့်သွင်းခြင်း စတာတွေ ပြုလုပ်ကြပါတယ်။ မြေကို အသုံးပြုခြင်း မြေနီ သို့မဟုတ် အနီညိုရောင်မြေကို ရေနဲ့ ပျစ်ပျစ်ဖျော်ပြီး တောင်း ထည့်စရာခွက်တွေကို သုတ်လိမ်းပြီး မျိုးစေ့များကို ထည့်သွင်း ကာလရှည်ကြာစွာ သိမ်းဆည်းပါတယ်။ တမာကဲ့သို့ အနံပြင်းအစိမ်းရောင်ရှိတဲ့ အရွက်တွေနဲ့ စပါး နှံစားအုပ်စုတွေ ပဲမျိုးအမျို့ကို အတူရောထည့်ပြီး အိတ်များနဲ့ အရိပ်အောက်မှာ ချည်နှောင်သိမ်းဆည်းကြပါသေးတယ်။ မြေအိုးအတွင်း အမှုန့်ကြိတ်ထားတဲ့ ကြက်ဆူအမှုန့်နှင့် ပဲမျိုး ၀.၂၅း၁ အချိုးနှုန်းနဲ့ ရောစပ်ပြီး သိမ်းဆည်းကြသလို အိုးအဖုံးကို နွားချေးနဲ့ ရွှံ့လိုပိတ်လိမ်းပြီး ကာလကြာမြင့်စွာ သိမ်းဆည်းထားကြပါတယ်။ ပလတ်စတစ် ၃၀ ကီလို အိတ်မှာ ဆား ၃၀ သား ဟင်းခတ်ငရုတ်သီးမှုန့် ၁၅ ကျပ်သား ပြောင်း ဂျုံလို မျိုးစေ့ ၂၅ ကီလို ရောနယ်ပြီး ပိုးများ ပိုးဥများမဝင်အောင် ချည်နှောင်သိမ်းဆည်းကြပါတယ်။ ကာလအားဖြင့် တစ်နှစ်လောက် အထားခံပါတယ်။

၅ ကီလို ဒါမှမဟုတ် ၃ပိသာဝင်ဆန့် မြေအိုးထဲမှာ အစိုဓာတ် ရေမပါဝင်တဲ့ သဲကို မျိုးစေ့ တစ်လွှာ သဲတစ်လွှာထပ်ပြီး အဆင့်လိုက်ထည့်ပါ အပေါ်မှ သဲထူထူဖုံး သိမ်းဆည်းမယ်ဆိုရင် ကာလအတန်ကြာထိ အရည်အသွေးကောင်းတဲ့ အစေ့အဆန်များ ပျက်စီးလေလွင့်မှု နည်းပါးတာပေါ့ဗျာ။

မြက်ပင်ရှည်များချည်နှောင်ခြင်းစနစ်ကတော့ စပါးကျီလုပ်သလို မြက်ပင်တွေ ဝါးတွေ သစ်ကိုင်းတွေနဲ့ အကာအရံနဲ့ သိမ်းဆည်းတဲ့စနစ်ပါ။ သိသူများတဲ့အတွက် မဖော်ပြတော့ပါ။ တစ်ခုတော့ ပြောစရာ ရှိပါတယ်။ မိမိသိမ်းဆည့်မယ့် မျိုးစေ့ဟာ အစိုဓာတ် လုံးဝမရှိအောင် ခြောက်နေဖို့လိုပြီး ပိုးရောဂါကင်းစင်တဲ့ မျိုးစေ့ ဖြစ်ဖို့တော့လိုပါလိမ့်မယ်။

Substainable Agriculture in India

Khant Zaw Htet


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်