မျိုးစေ့တွေအပိုမဝယ်မိအောင် တွက်ချက်ပြီးဝယ်ကြမယ်

23/09/2020 17:30 PM တွင် မဆုမြတ်ခင် မဆုမြတ်ခင် မှ ရေးသား

    တစ်ခါတစ်လေ မျိုးစေ့တွေကို မှန်းပြီးဝယ်ရတာဖြစ်တာကြောင့် ပိုတာလေးတွေ လိုတာလေးတွေ ရှိတတ်ကြမှာပါ။ ဦးကြီးတို့အနေနဲ့ အဲ့လိုမျိုးမကြုံရအောင် အတိအကျ တွက်ချက်ပြီး ဝယ်ယူနိုင်တဲ့ နည်းလမ်းလေးတစ်ခုရှိပါတယ်ရှင့်။ နည်းလမ်းလေးက လွယ်ကူရိုးရှင်းတာမလို့ တစ်ဆင့်ချင်းစီ သေချာလိုက်တွက်ကြည့်ကြပါနော်။

    ဦးကြီးတို့ စတင်တွက်ချက်တော့မယ်ဆိုရင် မတွက်ခင် အရင်ဦးဆုံးသိထားရမှာက ကိုယ့်မှာရှိတဲ့ မြေဧရိယာပေါ်မှာ ဝင်ဆံ့မယ့် အပင်အရေအတွက်ပဲဖြစ်ပါတယ်။ အပင်အရေအတွက်ကို တွက်ချက်ဖို့ကတော့ အရမ်းကိုရိုးရှင်းပါတယ်နော်။ ဦးကြီးတို့မှာရှိတဲ့ မြေဧရိယာစုစုပေါင်းကို (အလျားနဲ့အနံမြှောက်ပါ) တည်ပြီး ကိုယ်စိုက်မယ့် ပင်ကြားတန်းကြားအချင်းချင်း မြှောက်လို့ရတဲ့အဖြေနဲ့ စားလိုက်ပါ။ နည်းနည်း မျက်စိလည်သွားမှာစိုးလို့ အောက်မှာ တွက်ပြပေးထားတာကို ကြည့်လိုက်ကြရအောင် ဦးကြီးတို့ရေ…။

    ဥပမာ: ဦးကြီးမှာ အလျား ပေ ၆၀၊ အနံ ပေ ၆၀ ရှိတဲ့ မြေကွက်တစ်ကွက်ရှိတယ် ဆိုပါစို့။ ဦးကြီးက ခရမ်းချဉ်ပင်ကို အဲ့မြေမှာစိုက်ချင်တယ်။ ပင်ကြားတန်းကြားအနေနဲ့ကလည်း ၂ ပေ ပတ်လည်လောက် ထားစိုက်ချင်တယ်ဆိုရင် ဦးကြီးရဲ့ မြေကွက်မှာ ခရမ်းချဉ်ပင် ဘယ်နှစ်ပင် ဝင်ဆံ့မလဲပေါ့။ ဘယ်လိုတွက်ရမလဲဆိုတာကို အောက်မှာ တွက်ပြထားပါတယ်။

ဝင်ဆံ့မယ့်အပင်အရေအတွက် = [မြေဧရိယာစုစုပေါင်း(အလျား×အနံ)]÷(ပင်ကြား×တန်းကြား)

                                          = (၆၀×၆၀)÷(၂×၂)

                                           = ၉၀၀ ပင်

     အပေါ်က မေးခွန်းအရ ဆိုရင်တော့ ဦးကြီးရဲ့မြေမှာ ခရမ်းချဉ် အပင် ၉၀၀ ဝင်ဆံ့မှာ ဖြစ်ပါတယ်။ ဦးကြီးတို့ရဲ့မြေဟာ ဧကအနေနဲ့ပဲ သိတယ်ဆိုရင်တော့ တစ်ဧကကို ၄၃၅၆၀ စတုရန်းပေနဲ့ တွက်ပေးနိုင်ပါတယ်။ ဒီနေရာမှာ တစ်ခုသတိပြုရမှာက ဦးကြီးရဲ့ ပင်ကြား တန်းကြားဟာ “ပေ” နဲ့ မဟုတ်ဘဲ “လက်မ” နဲ့ ဖြစ်နေရင်တော့ လက်မကို ပေအဖြစ် ပြန်ပြောင်းတွက်ပေးရမှာ ဖြစ်ပါတယ်။ ဥပမာ ပင်ကြား တန်းကြားဟာ ၈ လက်မ ပတ်လည် ဆိုပါစို့။ အဲ့ဒါဆိုရင် ၈ လက်မတွေကို ပေအဖြစ် ပြန်တွက်ပေးရမှာပါ။

၁၂ လက်မ = ၁ပေ ဖြစ်တာကြောင့် ၈ လက်မမှာ ပေဘယ်လောက်ဆိုတာ သိချင်ရင် “အနည်းလို အများစားခြေ” ထားပြီး တွက်ပေးရပါမယ်။

၁၂လက်မ = ၁ပေ

၈လက်မ = ၈/၁၂ × ၁

= ၀.၆၇ ပေ

    ဒါ့ကြောင့် ဦးကြီးရဲ့ ပင်ကြားတန်းကြားဟာ ၈ လက်မ ပတ်လည် ဖြစ်ခဲ့မယ် ဆိုရင် (၂×၂) နေရာမှာ (၀.၆၇×၀.၆၇) ဖြစ်သွားမှာ ဖြစ်ပါတယ်။ ပြန်ပြောင်းတွက်ကြည့်မယ် ဆိုရင် အောက်ပါအတိုင်း အဖြေရမှာပါရှင့်။

ဝင်ဆံ့မည့်အပင်အရေအတွက် = (၆၀×၆၀)÷(၀.၆၇×၀.၆၇)

      = ၈၀၁၉.၆ (၈၀၁၉.၆ လို့ အဖြေရတာကြောင့် တစ်ခုတိုးပြီး ၈၀၂၀ပင်လို့ ယူပါမယ်)

    အပင်အရေအတွက်ကို သိပြီဆိုရင်တော့ နောက်တစ်ဆင့် ဆက်တွက်ရမှာက ဝယ်ရမယ့် အစေ့ပမာဏပဲ ဖြစ်ပါတယ်။ တွက်ဖို့ဆိုရင်တော့ မျိုးအောင်တဲ့ အစေ့ရာခိုင်နှုန်း (germination %) သိဖို့ လိုအပ်ပါမယ်။ (မျိုးစေ့ထုပ်တွေမှာ ပါနိုင်ပါတယ်)။ နောက်တစ်ခုက မျိုးသန့်စင်မှုရာခိုင်နှုန်း (Purity %) ကိုလည်း သိဖို့လိုအပ်ပါတယ်။ (ဒါလည်းမျိုးစေ့ထုပ်တွေမှာ ပါနိုင်ပါတယ်)။ ပြီးသွားရင်တော့ ၁ ဂရမ် မှာ ပါဝင်တဲ့ မျိုးစေ့အရေအတွက်ကို သိရမှာ ဖြစ်ပါတယ်။ ဘယ်လိုတွက်ရမယ်ဆိုတာကိုတော့ အောက်မှာ ဆက်ကြည့်ပေးပါရှင့်။ အပေါ်က မေးခွန်းအတိုင်း ဆက်တွက်သွားပေးမှာဖြစ်လို့ မေးခွန်းကို အနည်းငယ်ထပ်ဖြည့် ပါရစေရှင့်။ ဦးကြီးစိုက်မယ့် ခရမ်းချဉ်မျိုးက မျိုးသန့်စင်မှု ၈၀ ရာခိုင်နှုန်း နဲ့ အပင်ပေါက်ရာခိုင်နှုန်း ၇၅ ရာခိုင်နှုန်း ရှိကာ တစ်ဂရမ်မှာပါဝင်တဲ့ မျိုးစေ့အရေအတွက်ကတော့ ၅၀၀ စေ့ ပါဝင်ခဲ့တယ်ဆိုရင် တွက်ရမယ့်ပုံသေနည်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

လိုအပ်တဲ့မျိုးစေ့အလေးချိန် = ဝင်ဆံ့မည့်အပင်အရေအတွက် ÷ (Germination% × Purity% × တစ်ဂရမ်မှာပါတဲ့မျိုးစေ့အရေအတွက်)

   = ၉၀၀ ပင် ÷ (၇၅% × ၈၀% × ၅၀၀ စေ့)

   = ၉၀၀ ÷ ( ×  × ၅၀၀)

   = ၉၀၀ ÷ (၀.၇၅ × ၀.၈ × ၅၀၀)

   = ၉၀၀ ÷ ၃၀၀

   = ၃ ဂရမ်

    အခု အဖြေရတဲ့ ၃ ဂရမ်ဆိုတာက အပေါ်ကမေးခွန်းအရ ဦးကြီးတို့ တစ်ကျင်းမှာ တစ်စေ့နှုန်းနဲ့ထားစိုက်ရင် ကုန်ကျမယ့် မျိုးစေ့ပမာဏပဲ ဖြစ်ပါတယ်။ တကယ်လို့သာ တစ်ကျင်းမှာ ၃ စေ့နှုန်းလောက် ထားစိုက်မယ်ဆိုရင်တော့ ရလာတဲ့အဖြေ ၃ ဂရမ်ကို ၃ နဲ့ ထပ်မြှောက်ပေးရမှာဖြစ်ပြီး ၄ စေ့နှုန်းနဲ့ ထားစိုက်ခဲ့ရင်တော့ ၄ နဲ့ ထပ်မြှောက်ပေးရမှာ ဖြစ်ပါတယ်ရှင့်။ တစ်ကျင်း ၃ စေ့ဆိုရင် ၉ ဂရမ် ဝယ်ရမှာ ဖြစ်ပြီး တစ်ကျင်း ၄ စေ့ဆိုရင်တော့ ၁၂ ဂရမ် ဝယ်ရမှာ ဖြစ်ပါတယ်။

    ကဲ နောက်ဆုံးအဖြေကတော့ ရလာပါပြီ ဦးကြီးတို့ရေ…။ တစ်ဆင့်ချင်းစီ လိုက်တွက်ကြည့်ရင်း အဆင်မပြေတာလေးများ ပေါ်လာတဲ့အခါ ဆောင်းပါးရဲ့ အောက်မှာရှိတဲ့ “ပါဝင်ဆွေးနွေးမည်”ကနေ မေးမြန်းနိုင်ပါတယ်ရှင့်။ အားလုံးပဲ အထွက်နှုန်းတွေတိုးပြီး စျေးကောင်းတွေရကြပါစေလို့ ဆုတောင်းပေးရင်း ဆောင်းပါးလေးကို နိဂုံးချုပ်ပါရစေရှင့်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်