မျိုးညှောင့်ပေါက်ခြင်းအကြောင်း

01/01/2019 12:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အူးလေးကြီးတို့ မျိုးစေ့လေးတွေကနေ အပင်လေးတွေဖြစ်လာဖို့ဆို အများဆုံးလုပ်ကြတာ ပန်းအိုးလေးထဲ မျိုးစေ့လေးထည့်။ ပျိုးဘောင်လေးထဲ မျိုးစေ့လေးကြဲ အဲ့လိုလေးတွေလုပ်နေတာပါပဲ။ သူတို့ကလည်း တာဝန် ကျေရှာပါတယ်။ အပင်လေးတွေပေါက်လာကြတယ်။ ပေါက်လာတာ ဘယ်လိုပေါက်လာတာလဲဆိုတာကို အူးလေးကြီးတို့လေ့လာကြည့်ရအောင်။

မျိုးညှောင့်ပေါက်ခြင်း

မျိုးညှောင့်ပေါက်တဲ့အခါ ပုံစံ (၃) မျိုးရှိပါတယ်တဲ့။ Cotyledon လို့ခေါ်တဲ့ အစေ့ရွက်လေးတွေ ကိုကြည့်ပြီးတော့ ခွဲခြားထားတာဖြစ်ပါတယ်။  အစေ့ရွက်ဆိုတာကတော့ မျိုးစေ့ခွံလေးတွေထဲမှာ ရှိနေတဲ့ အစားအစာတွေသိုလှောင်ထားတဲ့ ထူထူအသားလေးကိုပြောတာဖြစ်ပါတယ်။ သရက်သီးဆိုရင် အစေ့ထဲက ဖြူဖြူအခြမ်းလေး (၂) ခြမ်းကို အစေ့ရွက်လို့ခေါ်ပါတယ်နော်။ သိလောက်ပြီပေါ့။ 

1. အစေ့ရွက်လေးတွေ မြေထဲမှာ ကျန်ခဲ့တဲ့ မျိုးညှောင့်ပေါက်ခြင်း (Hypogeal Germination)

2. အစေ့ရွက်လေးတွေ မြေပေါ်တက်လာတဲ့ မျိုးညှောင့်ပေါက်ခြင်း (Epigeal Germination)

3. အပင်ပေါ်မှာတင် စေ့မှ ညှောက်ပေါက်ခြင်း (Vivipary (Viviparous Germination))

စေ့ရွက်လေးတွေ မြေထဲမှာကျန်ခဲ့တဲ့ မျိုးစေ့ညှောင့်  ပေါက်ခြင်း(Hypogeal Germination)

အစေ့ကိုစိုက်ရင်တော့ အူးလေးကြီးတို့က မြေကြီးထဲမှာ စိုက်ကြတာလေ။ အစေ့ရွက်ကလေးက မြေကြီးထဲမှာကျန်ခဲ့ပြီးတော့ အမြစ်လေးတွေက မြေထဲကိုဆင်းသွားတယ်။ အညွှန့်လေးတွေက အပေါ်ဖက်ကို တက်လာတယ်။ အစေ့ရွက်ကလေးတွေက အစားအစာကို သိုလှောင်ထားတဲ့အရာ လို့ပြောထားတဲ့အတိုင်း သူက အစာတွေကို အလယ်မှာနေပြီး တစ်ဖြည်းဖြည်းချင်းထုတ်ပေးရင်းနဲ့ အပင်လေးဖြစ်လာတဲ့ ပုံစံဖြစ်ပါတယ်။ အစေ့ရွက်လေးက မြေအောက်မှာ ကျန်ခဲ့ပြီး အပင်လေးထွက်လာတာကိုဆိုလိုတာဖြစ်ပါတယ်။ စေ့ရွက်တစ်ရွက်တည်းပါတဲ့ စေ့ရွက်တည်း(ထီး)ပင်တွေ (ပြောင်း၊ ပဲ) တွေက အဲ့လိုနည်းနဲ့ အပင်ပေါက်လာလေ့ရှိပါတယ်။ သူကျတော့ အမြစ်ရော အညွှန့်ရော ညီညီညာညာ ကြီးလာတဲ့ပုံဖြစ်ပါတယ်။

စေ့ရွက်လေးတွေ မြေပေါ်တက်ပြီးမှ အပင်ထွက်လာတဲ့ မျိုးပေါက်ခြင်း(Epigeal Germination)

ဝါပင်၊ သင်္ဘောပင်၊ ကြက်သွန် စတဲ့အပင်လေးတွေမှာ တွေ့ရတဲ့ မျိုးညှောင့်ပေါက်ခြင်း အမျိုးအစားဖြစ်ပါတယ်။ ဒီအပင်ကတော့ စေ့ရွက်ကလေးကနေ အမြစ်နဲ့ အညွှန့်လေးတွေက တစ်ဆက်တည်းကြီးလာတယ် အစေ့ရွက်ကလေးတွေက အပေါ်မှာရောက်သွားတယ်။ တစ်ခါတစ်လေ အစေ့ခွံလေးတောင်ပါသေးတယ်။ ဖရဲစေ့တို့ ဘူးစေ့တို့ဆို စစချင်း အစေ့ကနေ အပင်ပေက်လာတဲ့အခါ အရွက်အစစ်မထွက်လာပဲနဲ့ အရွက် (၂)မွှာလေး ကားကားလေး ထွက်တယ်။ အစေ့လေးက အုပ်လျက်သားလေးတောင်ပါလာသေးတယ်။ အဲ့လို မျိုးညှောင့်ပေါက် တဲ့အမျိုးအစားကိုကျတော့ Epigeal Germination လို့ခေါ်ပါတယ်။  သူက အမြစ်လေးက အရင်ထွက်ပြီး အစေ့လေးပါတဲ့ ခေါင်းလေးက ထောင်လာသလို ပုံစံလေးဖြစ်ပါတယ်။ 

အပင်ပေါ်မှာတင် အစေ့မှ အညှောင့်ပေါက်ခြင်း (Vivipary (Viviparous Germination))

လူတွေလိုဆို ကလေးမွေးတာပေါ့ အကောင်လိုက်ကလေးမွေးတယ်ဆိုတဲ့သဘော။ ခုဏက ကျတော့ ဥအုတာကိုမှ အကောင်ပေါက်တဲ့ မတူတဲ့ကွဲပြားတာကိုပြောပြတာမျိူးဖြစ်ပါတယ်။ တစ်ခါတစ်လေ အပင်ပေါ်မှာတင် မျိုးပင်လေးတွေပေါက်နေတာကို မြင်ဖူးကြမှာပါ။ အဲ့လိုလေးကိုပြောတာဖြစ်ပါတယ်။ Mangrove လို့ခေါ်တဲ့ ဒီရေတောလို ပင်လယ်ကမ်းစပ်တွေလို တွေမှာ ပေါက်တဲ့ အပင်တွေက သူတို့ဒေသအရ အပင်ပေါက်ဖို့အတွက် ဆားငန်တာလိုမျိုး၊ လေလုံလုံလောက်လောက်မရတာမျိုး ဖြစ်တာကြောင့် သဘာဝအရကို အပင်ပေါ်မှာတင် အပင်လေးပေါက်ကြတာဖြစ်ပါတယ်။ 

အပင်ပေါ်မှာတင်ပဲ အစေ့လေးတွေက အပင်တွေပေါက်ပြီးတော့ အမြစ်က အောက်ထိဆင်းလာလိုက်တာ စင်တီမီတာတော်တော်ရောက်တယ် (၇၀) စင်တီမီတာကျော် လောက်အထိ ဆိုတော့ (၂)ပေကျော်ကျော်ရှိပါတယ်။ ပြီးတော့မှ သူတို့ ရွံ့တွေရှိ နူန်းတွေရှိနေတဲ့ ရေထဲကို ပြုတ်ကျ။ ပြုတ်ကျတယ်ဆိုပေမဲ့ အမြစ်က (၂) ပေလောက်အထိရှည်နေတော့ အညွှန့်အပိုင်းလေးက ရေလွတ်ပြီးတော့ အောက်စီဂျင်တွေဘာတွေရ အဲ့တော့ အဲ့အပင်လေးက ရှင်လာ။ အော် သဘာဝတရာများ…. အံသြစရာကောင်း။

ကဲ ခုတင်ပြခဲ့တာက အပင်တွေ မျိုးစေ့ကနေ မျိုးညှောင့်ပေါက်လာတဲ့ အမျိုးအစား (၃)ခုပဲဖြစ်ပါတယ်။ နောက်တစ်ခါကျတော့ ဘယ်အပင်လေးတွေက ဘယ်လိုပေါက်တတ်တယ်ဆိုတာကို ကြည့်ပြီးတော့ ခွဲကြည့်လိုက်ပါဦးနော်။ 

Htunn Win Kyaw

http://www.biologydiscussion.com/seed/germination/seed-germination-types-with-diagram/15789

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်