မြေဖုံးသီးနှံများရွေးချယ်ခြင်း

13/12/2019 10:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး PC Myanmar PC Myanmar မှ ပေးပို့ထားပါသည်။

တောင်သူလယ်သမားများသည် စိုက်ပျိုးမည့် သီးနှံမျိုးစိတ်နှင့် ပတ်သက်သော နည်းပညာပိုင်းဆိုင်ရာ အချက်အလက်အသေးစိတ်များနှင့် သိကျွမ်းနိုင်စေရန် မြေဖုံးသီးနှံပင်များအဖြစ် အသုံးပြုစိုက်ပျိုးမည့်မျိုးစိတ်များကို တောင်သူလယ်သမားများအနေဖြင့် ၎င်းတို့၏ မြေပေါ်တွင် စမ်းသပ်စိုက်ပျိုးပြီး အတည်ပြုရန် လိုအပ်ပါသည်။ 

မြေဖုံးသီးနှံပင်များကို ရွေးချယ်ခြင်းသည် အောက်ပါလက္ခဏာရပ်များပေါ်တွင် မူတည်ပါသည်။

    • လစ်နင်နှင့် ဖီနိုလစ်အက်ဆက် များစွာပါဝင်ခြင်း။ (အပင်မျိုးစိတ်များစွာတွင်တွေ့နိုင်သော အော်ဂဲနစ်ဒြပ်ပေါင်းအမျိုးအစားတစ်ခု၊ ခြောက်သွေ့သော အသီးများတွင် ပါဝင်မှုမြင့်မားသည်) ၎င်းတို့သည် အပင်ကြွင်းကျန်များကို ဆွေးမြေ့ပြိုကွဲမှုဒဏ်ခံနိုင်ပြီး ရေရှည်တွင် မြေဆီလွှာကာကွယ်ခြင်းကို ဖြစ်စေသည်။

    • စိုက်ပျိုးချိန် - သီးနှံမျိုးစိတ်များစွာတွင် အစေ့ငုတ်ချိန် (အစေ့ငုတ်ချိန် ဆိုသည်မှာ သက်ရှိတစ်ခု၏ ဘဝစက်ဝန်းတစ်ခုတွင် ကြီးထွားမှုနှင့် ဖွံံ့ဖြိုးမှုတို့ ယာယီအားဖြင့် ရပ်တန့်နေသောအချိန်ကို ခေါ်ပါသည်) သို့မဟုတ် နေ့တာတုံ့ပြန်မှု (အပင်၏ အလင်းရောင်နှင့် အမှောင်အချိန်ကာလ အတိုအရှည်ကိုလိုက်ပြီး ဖွံ့ဖြိုးမှုဆိုင်ရာတုန့်ပြန်မှု) တို့ကို ဖော်ပြပါသည်။ ဆိုလိုသည်မှာ အပင်၏ ဇီဝထုထည်ထုတ်လုပ်မှုသည် ၎င်းစိုက်ပျိုးသည့် နှစ်တစ်နှစ်၏အချိန်ကာလပေါ်တွင် မူတည်ပါသည်။ မျိုးစေ့ချစိုက်ခြင်းကို သင့်တော်သောရာသီတွင် ဆောင်ရွက်ရမည်။ နောက်စိုက်မည့်သီးနှံပင်ကို ထိခိုက်မှုမရှိစေရန် မြေဖုံးသီးနှံစိုက်ပျိုးဖို့ ကောင်းသော အခြေအနေ မဖြစ်မနေလိုအပ်ပါသည်။

    • မြေဖုံးသီးနှံပင်များ၏ သင့်တော်သော ပင်ကြားတန်းကြားအကွာအဝေးနှင့် အပင်သိပ်သည်းမှုသည် မိုးရေနှင့် နေရောင်ခြည်တို့မှ မြေဆီလွှာကို ကာကွယ်ရန်နှင့် ပေါင်းနှိမ်နှင်းရန်အတွက် မြေဆီလွှာမျက်နှာပြင်ကို လျှင်မြန်စွာဖုံးအုပ်နိုင်စေရန် အရေးကြီးသော အချက် ဖြစ်သည်။

    • မြေဆီလွှာ စီမံခန့်ခွဲမှု - မြေဖုံးသီးနှံပင်မျိုးစေ့ချခြင်းအတွက် မြေပြုပြင်ခြင်း မလိုအပ်ပါ။

    • မြေဖုံးသီးနှံပင်ကို နောက်ဆုံးသီးနှံပင်၏ ရိုးပြတ်များပေါ်တွင် တိုက်ရိုက်မျိုးစေ့ချခြင်း သို့မဟုတ် ကြဲပက်ခြင်းဖြင့် စိုက်ပျိုးနိုင်ပါသည်။ သစ်လုံးပုံ လှိမ့်တုံး (tree trunk), ဓားသွားပါဒလိမ့်တုံး(knife-roller), သံဝိုင်းပြားပါ ထွန် (disc harrow) တို့ကို ဒလိမ့်တုံးအဖြစ်အသုံးပြုပြီး မျိုးစေ့များနှင့် မြေဆီလွှာထိတွေ့နိုင်စေရန် သံဝိုင်းပြားများကို ထောင့်အားဖြင့် သုညဒီဂရီ သို့မဟုတ် သံကွင်းများနှင့် အနီးစပ်ဆုံးရောက်အောင် တပ်ဆင်ထားရမည်။ အမွှေးပါသော ပဲရိုင်းပင်ကဲ့သို့ အချို့မျိုးစိတ်များသည် သူတို့ကိုယ်တိုင် ပြန်လည်မျိုးစေ့ချနိုင်သော စွမ်းရည်များရှိသည်။

    • မျိုးစေ့အရည်အသွေး - စီးပွားဖြစ်စိုက်ပျိုးသော သီးနှံများကဲ့သို့ မြေဖုံးသီးနှံပင်များ၏မျိုးစေ့များသည်  အရည်အသွေးမြင့်မားရန် လိုအပ်ပါသည်။ မျိုးစေ့အရည်အသွေးနိမ့်သဖြင့် အညှာင့်မပေါက်ခြင်းများကို မဖြစ်ပေါ်စေဖို့ရန်အတွက် မျိုးစေ့များသည် ပက်သိုဂျင်များ (မျိုးစေ့ဆောင်ရောဂါများ)မှ ကင်းဝေးရပါမည်။

Source _ PC-Myanmar


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်