၂၀၂၅ ခုနှစ် ဧပြီလ မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ပြည်ပသို့ ပုစွန်တင်ပို့မှု မြင့်တက်လာ

24/02/2026 18:00 PM တွင် AMIA AMIA မှ ရေးသား

ပြည်ပသို့ ရေထွက်ကုန်ပစ္စည်း တင်ပို့မှုအနေဖြင့် ယခုဘဏ္ဍာနှစ် ၁၀ လတာ ကာလအတွင်း ပုစွန်မက်ထရစ်တန် ၉,၀၀၀ နီးပါး တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်ထက် တင်ပို့မှုပမာဏ မြင့်တက်လာကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ဘဏ္ဍာနှစ် ၂၀၂၅ ခုနှစ် ဧပြီလ မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ ပြည်ပသို့ တင်ပို့မှုတွင် ပင်လယ်ရေကြောင်းမှတစ်ဆင့် တင်ပို့သည့် တန်ချိန်ပမာဏမှာ ပိုမိုများပြားကြောင်း သိရသည်။

ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ပုစွန်မက်ထရစ်တန် ၈,၁၃၅.၀၇ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၃.၃၁၅ သန်း ရရှိခဲ့သည်။ နယ်စပ်ကုန်သွယ်မှုမှ ပုစွန်မက်ထရစ်တန် ၈၁၅.၇၉ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄.၄၅၄ သန်း ရရှိခဲ့သဖြင့် ပြည်ပသို့ စုစုပေါင်း ပုစွန်မက်ထရစ်တန် ၈,၉၅၀.၈၆ တန် တင်ပို့ကာ အမေရိကန်ဒေါ်လာ ၂၇.၇၆၉ သန်း ရရှိခဲ့ခြင်း ဖြစ်သည်။

"ဒီနှစ်မှာ ပြည်ပကို ပုစွန်တင်ပို့မှု မြင့်တက်လာတယ်လို့ ပြောရမယ်။ အဓိက တင်ပို့တာကတော့ ရေကြောင်းကပါ။ အရင်နှစ် ကာလတူတုန်းကတော့ တန်ချိန် ၇,၀၀၀ ကျော်လောက်ပဲ ပို့နိုင်ခဲ့ပါတယ်" ဟု ရေထွက်ကုန်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်က ပြည်ပသို့ ပုစွန်တင်ပို့မှုမှာ မက်ထရစ်တန် ၇,၀၂၈.၄၁၈ တန်သာ ရှိခဲ့ရာ ယခုဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက ပုစွန်မက်ထရစ်တန် ၁,၉၂၂.၄၄၂ တန် ပိုမိုတင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံမှ ပုစွန်အပါအဝင် ငါးနှင့် ရေထွက်ကုန်ပစ္စည်းများကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် ဂျပန် အပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိသည်။ အဆိုပါ တင်ပို့မှုများကို ရန်ကုန်မြို့မှတစ်ဆင့် ရေကြောင်းဖြင့် တင်ပို့ပြီး နယ်စပ်ဂိတ်များမှတဆင့်လည်း  တိုက်ရိုက်တင်ပို့ကြသည်။ 

လက်ရှိ ပြည်တွင်းရေထွက်ကုန်ဈေးကွက်တွင် ပုစွန်ဈေးနှုန်းများ မြင့်တက်နေပြီး အမျိုးအစားအလိုက် တစ်ပိဿာလျှင် ကျပ် ၅၀,၀၀၀ အထက်တွင် ရှိနေကြောင်း သိရသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်